Snapdragon 870 Chipset ၊ 108 megapixel ကင်မရာနှင့်အရည်အသွေးမြင့်စပီကာများပါတဲ့ Xiaomi မှ Mi 10S

Xiaomi အနေနဲ့ ဒီနေ့မှာ Mi 10 series ရဲ့နောက်ဆုံး တစ်လုံးအဖြစ် Mi 10S ကို မိတ်ဆက် ပြသခဲ့ပါတယ် ။ ထူးခြားချက်ကတော့ သူ့မှာ Snapdragon 870 ကို သုံးပေးထားတာ ဖြစ်ပြီး ပြောရရင် Mi 11 လောက်လည်း ဈေးမသုံးချင်ဘူး 2021 Flagship Device လည်း ကိုင်ချင်တယ်ဆိုတဲ့ သူတွေအတွက် ရည်ရွယ် ထားတာ ဖြစ်နိုင်ပါတယ်။

Design ပိုင်းကတော့ အရင် Mi 10 Ultra နဲ့ အတော်လေး ဆင်တူတာကို တွေ့ရပြီး အရောင်အနေနဲ့ သုံးရောင်ရှိမှာ ဖြစ်ပါတယ် ။ 8.9mm အထူ နဲ့ 208g လေးတာကြောင့် အရမ်းပေါ့ပါး လှတဲ့ဖုန်း တစ်လုံးတော့ မဟုတ်ပါဘူး ။အသံပိုင်းကတော့ Mi 10 Ultra ထက် ပိုကောင်းပြီး 1.2cc sound cavity အပြင် 0.5mm amplitude sound wave ကြောင့် Distortion မရှိသလို Harmon Kardon အသံ စနစ်ကြောင့် အသံထွက်ကတော့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ် ။ ဒါ့အပြင် DXO Audio Score မှာ 80မှတ်နဲ့ ထိပ်ဆုံး ရထားသေးတယ် ဆိုတော့ ကျေနပ်စရာပါ။

Camera အတွက် 108MP Main + 13MP Ultra Wide ,+2MP depth ,+ 2MP macro Lens တို့ ပေါင်းစပ်ထားတဲ့ Quad Camera Setup ကို သုံးပေးထားပြီး ရှေ့ဖက်မှာတော့ 20MP selfie camera ကို သုံးပေးထား ပါတယ် ။

X -axis linear motor ကြောင့် Vibration Feedback ပိုကောင်းလာမှာ ဖြစ်သလို securityအတွက် Indisplay Fingerprint scanner ပါ၀င်ပါတယ် ။ Batteryအတွက်
4780 Mah နဲ့ 30W + 30W Wireless +10W reverse charging စနစ်တို့ ပါဝင်‌တာကြောင့် ပိုပြီး မြန်ဆန် စေပါတယ်။ ဈေးနှုန်းအနေနဲ့ Ram Rom ပေါ်လိုက်ပြီး 720000 လောက်ကနေ 820000လောက်ထိ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Mi 10S ၏သတ်မှတ်ချက်များ

• ၆.၆၇ လက်မ AMOLED မျက်နှာပြင်၊ Full HD + resolution၊ ၉၀ Hz ပြန်လည်နှုန်း၊ HDR10 + အထောက်အပံ့၊ Gorilla Glass 5
• ဖန်သားပြင်ပေါ်တွင် လက်ဗွေစကင်ဖတ်စစ်ဆေးသည့် အာရုံခံကိရိယာ
• Qualcomm Snapdragon 870 chipset၊ အမြင့်ဆုံးအမြန်နှုန်း 3.2 GHz
• 8/12 GB LPDDR5 RAM
• UFS3.0 သိုလှောင်မှု 128/256 GB
• 20 megapixel ရှေ့ကင်မရာ
• နောက်ကင်မရာ 108M pixels (အဓိက) + 8M pixels (Ultrawide) + 2M pixels (Macro) +2M pixels (အကွာအဝေးအာရုံခံစနစ်)
• 33W ဖြင့်အားသွင်းနိုင်သည့်ဘက်ထရီ 4,780 mAh

reference : gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။