SD888 ပါတဲ့ OPPO Find X3 Pro ကိုမိတ်ဆက်ပေးမယ့်ရက်ကြောညာ

OPPO က Find X3 Series ကို ဒီလ ၁၁ ရက်နေ့ ကြေညာမယ်လို့ အတည်ပြု လိုက်ပါတယ်။ Find X3 , Find X3 Pro နဲ့ Find X3 Lite တို့ကို ချပြမယ်လို့ ထင်ရပြီး Find X3 Pro ရဲ့ ဓါတ်ပုံတွေ ဇန်နဝါရီလက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ဖုံးအုပ်ထားပြီး အနောက်ကင်မရာ ဒီဇိုင်းက ဆန်းသစ်ပါတယ်။

အထူက ၈ မီလီမီတာရှိမှာ ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ်လောက် ရှိမှာပါ။ 65W SuperVOOC 2.0 နဲ့ 30W VOOC Air Wireless Charging ပါတဲ့ 4500mAh ဘက်ထရီ ထည့်ထားမှာပါ။OPPO Find X3 Pro အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အဖြူရောင် ထွက်လာနိုင်ပါတယ်။

  • ၆.၇ လက်မ (1440 x 3216 pixels) Quad HD + OLED ၂၀.၁: ၉ မျက်နှာပြင် HDR10 +၊ 10Hz-120Hz လိုက်လျောညီထွေသည့် Refresh Rate, 525PPI, end-to-end 10-bit color support
  • 2.84GHz Octa-Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU

OPPO က Find X3 Series ကို ဒီလ ၁၁ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Find X3 , Find X3 Pro နဲ့ Find X3 Lite တို့ကို ချပြမယ်လို့ ထင်ရပြီး Find X3 Pro ရဲ့ ဓါတ်ပုံတွေ ဇန်နဝါရီလက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

  • Android 11 with ColorOS 11
  • Dual SIM (nano + nano)
  • 50MP 120 ° Ultra-wide Sony IMX766 အာရုံခံကိရိယာ၊ 13MP Telephotoကင်မရာ၊ OIS, 3MP macro ကင်မရာ၊
  • In-display fingerprint sensor
  • 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.2, GPS/GLONASS, dual-antenna NFC, USB Type-C
  • 4500mAh (ပုံမှန်) ဘက်ထရီ 65W SuperVOOC 2.0 flash charging၊ 30W VOOC လေထဲကြိုးမဲ့အားသွင်းစနစ်

သူ့မှာ 65W Fast Charging ပါလာနိုင်ပြီး အားသွင်းနှုန်းဟာ အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ သိရပါတယ်။ OPPO က နောက်ထုတ်မယ့် Find X ဖုန်း အသစ်မှာ Snapdragon 888 Chipset ပါမယ်လို့ သတင်းပေးထားပြီး အဲဒီဖုန်းဟာ OPPO Find X3 Pro ဆိုတာ သေချာပါတယ်။

မကြာခင်က သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၇ လက်မ Quad HD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 50MP Sony IMX766 Sensor , 13MP Telephoto နဲ့ 3MP Macro ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 25x Zoom ထောက်ပံ့ထားမှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။