SD690 ပါလာနိုင်တဲ့ Sony Xperia 10 III       

Sony ဟာ စွမ်းရည်မြင့် 5G ဖုန်း ၂ လုံးကို ကြေညာထားပြီးပြီဖြစ်ပါတယ်။ အခုတော့ Sony က စွမ်းရည်သင့် 5G ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 690 Chipset ပါလာနိုင်ပြီး Sony Xperia 10 III နာမည်နဲ့ ကြေညာ နိုင်ပါတယ်။ Geekbench က စာရင်းအရ 6GB RAM နဲ့ Android 11 OS ပါလာနိုင်ပါတယ်။

ဇန်နဝါရီလက Sony Xperia 10 III ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး ဒီဇိုင်းက အရင်မျိုးဆက် Xperia 10 II နဲ့ တူညီပါတယ်။ ၂၀၂၁ မှာ မျက်နှာပြင် ပတ်လည်က ဘောင်တွေ ပါလာတာကတော့ အရမ်း အောက်ပါတယ်။

အရွယ်အစား အပြည့်အစုံဟာ 154.4 x 68.4 x 8.3 mm ဖြစ်ပြီး ကင်မရာ Bump ပါ ထည့်တွက်ရင် 9.1mm ထူပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆ လက်မ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။

Sony ဟာ စွမ်းရည်မြင့် 5G ဖုန်း ၂ လုံးကို ကြေညာထားပြီးပြီဖြစ်ပါတယ်။ အခုတော့ Sony က စွမ်းရည်သင့် 5G ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 690 Chipset ပါလာနိုင်ပြီး Sony Xperia 10 III နာမည်နဲ့ ကြေညာနိုင်ပါတယ်။

Sony Xperia 10 III ရဲ့ အနောက်ဘက်မှာ 12MP Main , 8MP Telephoto နဲ့ 8MP Superwide ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။ ဒီလထဲမှာ သူနဲ့အတူ SD888 ပါတဲ့ စွမ်းရည်မြင့် Xperia 1 III နဲ့ Helio P35v Chipset ပါတဲ့ စွမ်းရည်သင့် Xperia L5 တို့ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။