48MP ကင်မရာ ပါတဲ့ Nokia 5.4 ကို အိန္ဒိယမှာမိတ်ဆက်

HMD Global က စွမ်းရည်သင့် Nokia 5.4 ကို ဥရောပအတွက် ဒီဇင်ဘာလမှာ ကြေညာ ခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ချပြလိုက်ပါပြီ။ သူ့ရဲ့ Specs တွေကို ပြန်လည် လေ့လာ ကြည့်ရအောင်။ သူ့မှာ ၆.၃၉ လက်မ HD+ မျက်နှာပြင် ပါလာပြီး Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

Snapdragon 662 Chipset မောင်းနှင်ထားကာ Android 10 ထောက်ပံ့ထားပြီး Android 11 နဲ့ 12 တိုကိုပါ အဆင့်မြှင့်တင်နိုင်မှာပါ။အနောက်ဘက်မှာ 48MP Main , 5MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

OZO Spatial Audio နဲ့ ဗီဒီယိုအတွက် Wind Noise Cancellation ပါလာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာကိရိယာ မြှပ်နှံထားပြီး 4,000mAh ဘက်ထရီက ၂ ရက် အသုံးခံပါတယ်။

HMD Global က စွမ်းရည်သင့် Nokia 5.4 ကို ဥရောပအတွက် ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ချပြလိုက်ပါပြီ။

Nokia 5.4 ၏အသေးစိတ်အချက်အလက်များ

 

  • ၆.၃၉ လက်မ (၇၂၀ x ၁၅၂၀ ပစ်ဇယ်) HD + 2.5D ဖန်သားမျက်နှာပြင်အရောင်တောက်ပမှု ၄၀၀ ရှိ nits ပုံမှန်တောက်ပမှု

 

  • Octa Core Snapdragon 662 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) နှင့် Adreno 610 GPU နှင့်အတူ

 

  • 4GB / 6GB RAM၊ 64GB သိုလှောင်မှု၊ တိုးချဲ့ Memory ၂၅၆GB အထိရနိုင်ပါတယ်။

 

  • Dual SIM (nano + nano + microSD)

 

  • Android 10 မှ Android 11 သို့အဆင့်မြှင့်တင်ထားပါတယ်။

 

  • LED Flash ပါသည့် 48MP နောက်ဘက်ကင်မရာ၊ wide-angle 5MP ကင်မရာ၊ 2MP Depth Sensor နှင့် macro အတွက် 2MP

                                         

  • 16MP ရှေ့မျက်နှာပြင်ကင်မရာ

 

  • နောက်ဘက်တပ်ဆင်ထားသောလက်ဗွေအာရုံခံကိရိယာစနစ်

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။