Samsung Galaxy S21 Series ကို ဒီလ ၁၄ ရက်နေ့ ကြော်ငြာမည်

Samsung Galaxy S21 Series ကို ဒီလထဲ ကြေညာမယ်လို့ သတင်းထွက်နေတာ ကြာပါပြီ။ အခုတော့ ဒီလ ၁၄ ရက်နေ့မှာ Galaxy Unpacked 2021 ကို ကျင်းပမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပြီ ဖြစ်ပြီး ကုမ္ပဏီက သူတို့ရဲ့ Specs တွေကို ဘာမှမပြောသေးပါဘူး။

Samsung Galaxy S21 Series မှာ Galaxy S21, Galaxy S21+ နဲ့ Galaxy S21 Ultra ဆိုပြီး ၃ လုံး ထွက်လာနိုင်ပြီး အရောင် ၆ မျိုးပါလာနိုင်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။

S21 နဲ့ S21 Ultra ရဲ့ ဓါတ်ပုံတွေ မကြာခင်က ပေါက်ကြားထွက်ပေါ်လာပြီး ၂ လုံးစလုံးမှာ Infinity-O မျက်နှာပြင်တွေ ထည့်ထားပါတယ်။ S21 Ultra ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ S21 မှာ ၃ လုံး ပါလာပြီး ၂ လုံးစလုံးမှာ နိုင်ငံအပေါ်မူတည်ကာ Exynos 1000 or Snapdragon 875 SoC တွေ ထည့်ထားမှာပါ။

Samsung Galaxy S21 Series ကို ဒီလထဲ ကြေညာမယ်လို့ သတင်းထွက်နေတာ ကြာပါပြီ။ အခုတော့ ဒီလ ၁၄ ရက်နေ့မှာ Galaxy Unpacked 2021 ကို ကျင်းပမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပြီ ဖြစ်ပြီး ကုမ္ပဏီက သူတို့ရဲ့ Specs တွေကို ဘာမှမပြောသေးပါဘူး။

အရင်က Samsung Galaxy S21 မော်ဒယ်လ်သုံးခုစလုံးမှာ renderings အပါအ၀င် commercial ဗီဒီယိုအတိုတွေအများကြီးတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ထွက်လာတဲ့ teaser ကိုမြင်ရတဲ့အခါမှာမှုန်ဝါးနေတဲ့စတုဂံ box အတွင်းရှိအရာသည် Galaxy S21 ရှိကင်မရာအပိုင်းဖြစ်ကြောင်းကိုခန့်မှန်းနိုင်ပါတယ်။

 

S21 မှာ ၆.၂ လက်မ မျက်နှာပြင်ပြားပါလာနိုင်ပြီး အရွယ်အစား အပြည့်အစုံက 151.7 x 71.2 x 7.9~9.0mm ဖြစ်နိုင်ပါတယ်။ S21 Ultra မှာ ၆.၇ လက်မ သို့မဟုတ် ၆.၉ လက်မ မျက်နှာပြင် ပါလာနိုင်ပြီး အရွယ်အစား အပြည့်အစုံက 165.1 x 75.6 x 8.9~10.8mm ဖြစ်ပါတယ်။ ကင်မရာတွေက တော်တော် ငေါ့ထွက်နေတာ မြင်ရပါတယ်။ ကင်မရာ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် 108MP Main နဲ့ 12MP Ultrawide တွေ အပြင် Telephoto နဲ့ Periscope ကင်မရာတွေ ပါလာနိုင်ပါတယ်။

မကြာခင်ကပဲ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung ဟာ Apple ရဲ့ လမ်းစဉ်ကို လိုက်တော့မယ်လို့ သိရပါတယ်။ Galaxy S21 Series မှာ Charger/ Earphones တွေ မပါဘဲ ရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ဘူးထဲမှာ USB-C ကြိုးပဲ ထည့်သွင်းထားနိုင်ပါတယ်။

Samsung ဟာ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ Samsung ဟာ ပထမမျိုးဆက် Galaxy S ကစပြီး Galaxy S20 Series အထိ ဘူးထဲမှာ Wired Earbuds , USB Cable နဲ့ Charger တွေကို ထည့်သွင်းပေးခဲ့တာပါ။ သူတို့အားလုံးမှာ microSD Card Slot မပါလာနိုင်ဘူးလို့ သတင်းထွက်နေပါတယ်။သတင်းများအရ ထပ်မံ၍ Galaxy S21 အပြင်  Samsung သည်ခြေရာခံကိရိယာတစ်ခုနှင့် Galaxy Buds Pro နားကြပ်များထုတ်လုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

Photo:xiaomist

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။