Samsung Galaxy S20  နှင့် Galaxy Z Flip  စမတ်ဖုန်းအသစ်များ

Samsung Electronics Co.,ltd  သည်ခေတ်မီ ဆန်းသစ်မှု အရှိဆုံးနည်းပညာများနှင့် လုပ်ဆောင်ချက်များအား ထည့်သွင်းတည်ဆောက်ထားသည့် ၎င်း​၏အရည်အသွေးမြင့် စမတ်ဖုန်းများအား အထင်ကြီးစရာဒီဇိုင်းပိုင်းနှင့် သူမတူသောလုပ်ဆောင်နိုင်စွမ်းများဖြင့်တည်ဆောက်ထားပါတယ်။

Galaxy S20 စီးရီးစမတ်ဖုန်းများတွင်ပိုမိုကောင်းမွန်သောရုပ်ထွက် အရည်အသွေးနှင့်လုပ်ဆောင်ချက်များအား ရရှိခံစားသွားနိုင်စေရန်ရည်ရွယ်ပြီးကြီးမားသောပုံရိပ်sensor အားအသုံးပြုထားသည့် မျိုးဆက်သစ်ကင်မရာကိုလည်း samsung မှထည့်သွင်းပေးထားပါတယ်။

စွဲမက်ဖွယ်ဒီဇိုင်းဖြင့် ဖက်ရှင်ကျနလှပသော Galalxy Z Flip စမတ်ဖုန်းသည်လည်း အနာဂတ် စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံအား အသုံးပြုသူများထံ ပေးအပ်သွားနိုင်မည်ဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့်လွယ်ကူ ကျနစွာ ကိုင်တွယ်အသုံးပြုသွားနိုင်မည်ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းအမျိုးစား နှစ်မျိုးစလုံးသည် ခမ်းနားထည်ဝါသောအသွင်ပြင်ကို ပေးစွမ်းသွားနိုင်မည် ဖြစ်ပြီး အခြားသော စမတ်ဖုန်းများထက် ပိုမိုကောင်းမွန်သာလွန်သော အသုံးပြုမှု အတွေ့အကြုံများ လုပ်ဆောင်ချက်များအား အသုံးပြုသူများထံ ဘယ်ဆောင်လာပေးနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ဆယ်စုနှစ် အသစ်တစ်ခုကို ရောက်ရှိလာတဲ့ ဒီနှစ်မှာ တော့ အခြားဘယ်မှာမှ ရှာလို့မရနိုင်တဲ့ ပရော်ဖက်ရှင်နယ် အဆင့်ကင်မရာတွေ ဆန်းသစ်ခေတ်မီတဲ့လုပ်ဆောင် ချက်တွေနဲ့အတူ အသုံးပြုသူတွေကို အနာဂတ်ဆီသို့ ခေါ်ဆောင်ပေးသွားနိုင်မယ်ဖြစ်ပါတယ်။ ကမ္ဘာတဝန်း ဖြစ်ပျက်နေတဲ့ အခိုက်အတန့်တွေအားလုံးကို မလွတ်တမ်းရိုက်ကူးသိမ်းဆည်းလိုတဲ့ အသုံးပြုသူများအတွက် ဒီဖုန်းတွေကို ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ် ။

Samsung Electronics Co.,ltd  သည်ခေတ်မီ ဆန်းသစ်မှု အရှိဆုံးနည်းပညာများနှင့် လုပ်ဆောင်ချက်များအား ထည့်သွင်းတည်ဆောက်ထားသည့် ၎င်း​၏အရည်အသွေးမြင့် စမတ်ဖုန်းများအား အထင်ကြီးစရာဒီဇိုင်းပိုင်းနှင့် သူမတူသောလုပ်ဆောင်နိုင်စွမ်းများဖြင့်တည်ဆောက်ထားပါတယ်။Galaxy S20 စီးရီးစမတ်ဖုန်းများတွင်ပိုမိုကောင်းမွန်သောရုပ်ထွက် အရည်အသွေးနှင့်လုပ်ဆောင်ချက်များအား ရရှိခံစားသွားနိုင်စေရန်ရည်ရွယ်ပြီးကြီးမားသောပုံရိပ်sensor အားအသုံးပြုထားသည့် မျိုးဆက်သစ်ကင်မရာကိုလည်း samsung မှထည့်သွင်းပေးထားပါတယ်။

အသုံးပြုသူတွေရဲ့ လိုလားချက်တွေကို ဖြည်းဆည်းပေးနိုင်ဖို့ လုပ်ဆောင်ချက်တွေပိုပိုပြီးကောင်းကောင်းမွန်မွန် မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ပြီး ဒီစမတ်ဖုန်းတွေမှာ ပါရှိတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကိုထည့်သွင်းတည်ဆောက်ထားပါတယ်” ဟု Samsung myanmar ​၏ head of business groupဖြစ်သူမှ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ Samsung အသုံးပြုသူအနေနဲ့ Samsung Galaxy S20  နှင့် Galaxy Z Flip စမတ်ဖုန်းများအား မြန်မာနိုင်ငံစျေးကွက်တွင်၂၀၂၀ခုနှစ်မတ်လ တွင်စတင်ရောင်းချခဲ့ပါတယ်။

Galaxy S20 အား Gray နှင့် Pink အရောင်နှစ်မျိုး Galaxy S20+ အား Black ,Gray နှင့် light blue အရောင်သုံးမျိုး / Galaxy S20 Ultra အား Black နှင့် Gray အရောင်နှစ်မျိုး ဖြင့် ဝယ်ယူနိုင်ပါတယ်။ Galalxy Z Flip စမတ်ဖုန်းအား Black  နှင့် Purple အရောင်နှစ်မျိုးဖြင့် အသီးသီးဝယ်ယူနိုင်ပါတယ် ။

မြန်မာနိုင်ငံတွက် Galalxy S20နှင့် Galalxy S20+ စမတ်ဖုန်းအား RAM 8GB + , 128 GB Internal Storage ဗားရှင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ Galaxy S20 Ultra စမတ်ဖုန်းအား RAM 12GB + , 128GB Internal Storage ဗားရှင်းဖြင့် ဝယ်ယူရှိနိုင်ပါတယ်။ Galaxy Z Flip စမတ်ဖုန်းအား RAM 8GB + , 256 GB Internal Storage ဗားရှင်းဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းများအနေဖြင့် Gallxy S20 အားမြန်မာငွေ ကျပ် 1,449,000 ကျပ် ,  Galaxy S20+  အား မြန်မာ ငွေကျပ် ၁,၅၄၉,၀၀၀ ကျပ် Galalxy S20 Ultra  အား မြန်မာငွေ ကျပ် ၁,၉၅၉,၀၀၀ကျပ် နှင့် 8GB RAM  နှင့် Internal Storage 256GB ပါရှိသော Galaxy Z Flip အားမြန်မာငွေ ကျပ် ၂,၂၀၀,၀၀၀ ကျပ်ခန့်ဖြင့် အသီးသီးဝယ်ယူရရှိနိုင်ပါတယ် ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။