AMOLED ၊ Exynos 9825 ချစ်ပ် နဲ့Galaxy M62 ကိုမိတ်ဆက်
Samsung သည် Galaxy A နှင့် Galaxy M စီးရီးဖြစ်တဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းများထုတ်လုပ်မှုကို ဆက်လက် ကြိုးပမ်းအာရုံစိုက်နေလျက်ရှိပါတယ်။ မကြာသေးမီကကမ္ဘာ့အကောင်းဆုံး Preminum အဆင့် Galaxy M62 (ယခင် အိန္ဒိယနိုင်ငံတွင် Galaxy F62 နာမည်နဲ့မိတ်ဆက်) ကိုဖြန့်ချီခဲ့ပါတယ်။ ၎င်းစမတ်ဖုန်းကို ၂၀၂၁ ခုနှစ်မတ်လ ၃ ရက်နေ့တွင်ထိုင်းနှင့်မလေးရှားနိုင်ငံတွင် ဖြန့်ချီရောင်းချမှာ ဖြစ်ပါတယ်။
Samsung Galaxy M62 သတ်မှတ်ချက်များ
Super AMOLED မျက်နှာပြင်အရွယ်အစား ၆.၇ လက်မ၊ resolution 1080p
8-core Exynos 9825 chipset, အမြင့်ဆုံးအမြန်နှုန်း 2.73 GHz
8 GB RAM
Samsung သည် Galaxy A နှင့် Galaxy M စီးရီးဖြစ်တဲ့ အလယ်အလတ်တန်းစားစမတ်ဖုန်းများထုတ်လုပ်မှုကို ဆက်လက် ကြိုးပမ်းအာရုံစိုက်နေလျက်ရှိပါတယ်။
256 GB စွမ်းရည် Menory
ရှေ့ကင်မရာ – 32 Mega pixels
နောက်ကင်မရာ – 64 Mega pixels (အဓိက ကင်မရာ) + 12 Mega pixels (Ultrawide) + 5 million pixels (Macro) + 5 Mega pixels (အကွာအဝေးအာရုံခံ စနစ်)
ဘက်ထရီ 7,000 mAh, 25 W မှာအားသွင်းနိုင်ပြီးအခြားစမတ်ဖုန်းတွေနဲ့ အားဖြည့်ဖို့အတွက်စွမ်းဆောင်ချက် ပါရှိပါတယ်။
ရရှိနိုင်သောအရောင် အပြာရောင်၊ အနက်ရောင်နှင့်အစိမ်းရောင်
အထက်တွင်ဖော်ပြခဲ့သောအသေးစိတ်အချက်အလက်များအရ Galaxy M62 သည်မြင့်မားသော လုပ်ဆောင်ချက်များကိုသက်တောင့်သက်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်း များနှင့် update သတင်းအချက်အလက်များကိုဆက်လက် စောင့်မျှော်ရအုန်းမှာဖြစ်ပါတယ်။
Samsung မှ ယခင်က အိန္ဒိယတွင် Galaxy F62 ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး စျေးနှုန်း အနေဖြင့် 6 GB / 128 GB အိန္ဒိယရူပီး ၂၃,၉၉၉ (သို့မဟုတ်) မြန်မာကျပ် 4 သိန်း 6 သောင်းခန့် 8 GB / 128 GB အိန္ဒိယရူပီး ၂၅,၉၉၉(သို့မဟုတ်) 5 သိန်းခန့် အသီးသီးရောင်းချပေးခဲ့ပါတယ်။
Photo : 91Mobiles
သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။