Samsung  မှ 50MP ISOCELL GN2 sensor ကိုမိတ်ဆက်

Samsung သည်လည်းစမတ်ဖုန်းများအတွက်ကင်မရာအာရုံခံကိရိယာ Sensor ကိုထုတ်လုပ်ဖြန့်ချီနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ခုချိန်မှာ မကြာသေးမီက နောက်ဆုံးပေါ် 50MP resolution ISOCELL GN2 အာရုံခံကိရိယာကို ထုတ်လုပ် ဖြန့်ချီပေးခဲ့တဲ့ Sony ကုမ္ပဏီနဲ့ ထိပ်တိုက်ပြိုင်ဆိုင်နေရပါတယ်။  ၎င်း Sensor ဟာပိုမို မြန်ဆန်တဲ့  Auto Focus စနစ်နှင့်အလင်းနည်းသောနေရာတွေမှာ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားပြီး ပုံးတွေရိုက်ကူးနိုင်တာဖြစ်ပါတယ်။

ISOCELL GN2 သည် ISOCELL GN1 မှစွမ်းရည်တိုးမြင့်ထားတာဖြစ်ပြီး ၎င်းသည် pixel size၊ ပိုမြန်ပြီးပိုကောင်းသော Auto Focus  ပါဝင်လာပါတယ်။ HDR အပိုင်းမှာတော့ ISOCELL GN1  နဲ့တူညီတဲ့ resolution 50MP ရှိသော်လည်းတိုးတက်မှုအတော်များများ ရှိတဲ့ sensor အရွယ်အစားတို့ပါဝင်သည်။ ၎င်း Sensor မှာ 1 / 1.2 အထိကြီးမားပြီး pixel size 1.4.4 micron ပါရှိပါတယ်။

ISOCELL GN2 သည် ISOCELL GN1 မှစွမ်းရည်တိုးမြင့်ထားတာဖြစ်ပြီး ၎င်းသည် pixel size၊ ပိုမြန်ပြီးပိုကောင်းသော Auto Focus  ပါဝင်လာပါတယ်။

၎င်း Sensor မှာ 4 pixel မှ 1 pixel fusion နည်းပညာဖြင့် ထုတ်လုပ်ထားပြီး အလင်း နည်းသောနေရာတွင်ရိုက်ကူးမှုအတွက်အကျိုးရှိစေမှာဖြစ်ပါတယ်။  50MP sensor ကို(4 ပိုင်း ပိုင်းပြီး 12.5MP နဲ့ခွဲလိုက်တဲ့အခါ လူကြိုက်များတဲ့ resolution နဲ့ မိုဘိုင်းဖုန်းတစ်ခု ဖြစ်ပါတယ်။

ထို့အပြင်100MP Hybrid Imaging နည်းပညာလည်းပါရှိပြီး အစိမ်း၊ အနီ နှင့်အပြာ ဖြင့်ပုံရိပ်သုံးခုကိုရိုက်ကူးနိုင်ပြီး ပုံရိပ်တစ်ခုစီကို 50MP နှင့်အတူတကွခွဲခြားထားပြီး အယ်လ်ဂို ရီသမ် မှတဆင့် 100MP resolution ကိုရရှိနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေဖြင့် Dual Pixel Pro ကိုပိုမိုမြန်ဆန်သော focusing system အတွက် PDAF သို့မဟုတ် Phase Detection Auto Focus ကိုအဆင့်မြှင့်တင် ထားတာတွေ့ရ ပါတယ်။ ၎င်းသည်အာရုံစနစ် ကို ဝင်ရိုးနှစ်ခုဒေါင်လိုက်နှင့်ထောင့်ဖြတ်အဖြစ် ခွဲခြားထား စေပြီး အလင်းရောင်နည်းသောနေရာ နှင့်ရွေ့လျားနေသောအရာဝတ္ထုအပါအဝင် ကောင်းမွန် စွာရိုက်နိုင်ရန်ထောက်ပံ့ပေးထားပါတယ်။

50MP ISOCELL GN2 sensor ဟာ 8K, 1080p / 480fps နှင့် 4K / 120p ဗွီဒီယိုများကိုဖမ်းယူနိုင်မှာဖြစ်ပြီး Samsung အနေဖြင့်ဒီ Sensor ကိုမည်သည့်စမတ်ဖုန်းများမြင်တွေ့ရမယ်လို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ သို့သော် 50MP အာရုံခံကိရိယာကိုအသုံးပြုလိမ့်မယ်လို့သတင်းတွေထွက်နေတဲ့ Xiaomi Mi 11 Ultra မှာပထမဆုံးမြင်တွေ့ရမယ်လို့မျှော်လင့်ရပါတယ်။

Photo : GSMArena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။