Redmi K40 , K40 Pro နဲ့ K40 Pro+ ကိုမိတ်ဆက်

Redmi က တရုတ်မှာ K40 , K40 Pro နဲ့ K40 Pro+ ကို ကြေညာလိုက်ပြီ ဖြစ်ပြီး သူတို့မှာ ၆.၆၇ လက်မ E4 AMOLED မျက်နှာပြင် ပါလာသလို MEMC ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate နဲ့ 360Hz Touch Sampling Rate တွေ ထည့်သွင်းထားပြီး 20MP Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ K40 မှာ Snapdragon 870 SoC ၊ Pro မော်ဒယ် ၂ လုံးမှာ Snapdragon 888 SoC မောင်းနှင်ထားပြီး 12GB RAM အထိ ရွေးချယ်နိုင်ပါတယ်။

K40 မှာ 48MP ၊ K40 Pro မှာ 64MP IMX686 နဲ့ Pro+ မှာ 108MP Samsung ISOCELL HM2 Sensor တွေကို ပင်မ ကင်မရာအဖြစ် သုံးထားပါတယ်။ တခြား အနောက်ကင်မရာ တွေက တူညီကြပြီး 8MP Ultrawide , 5MP Telephoto Macro Lens တွေ ဖြစ်ပါ တယ်။ ဖုန်း အားလုံးမှာ 4,520mAh ဘက်ထရီ ပါလာပြီး ၅၂ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 33W Wired Charging ထောက်ပံ့ထားပါတယ်။

Redmi က တရုတ်မှာ K40 , K40 Pro နဲ့ K40 Pro+ ကို ကြေညာလိုက်ပြီ ဖြစ်ပြီး သူတို့မှာ ၆.၆၇ လက်မ E4 AMOLED မျက်နှာပြင် ပါလာသလို MEMC ထောက်ပံ့ထားပါတယ်။

Redmi K40 / K40 Pro / K40 Pro + သတ်မှတ်ချက်များ

  • ၆.၆၇ လက်မ (2400 x 1080 pixels) Full HD + AMOLED 20: 9 HDR10 + မျက်နှာပြင်ကို MEMC ဖြင့်ပြသခြင်း၊ 120Hz Refresh Rate၊ 1300nit (HBM) / 900nit (Typ) တောက်ပမှု၊ ၅၀၀၀,၀၀၀: ၁ (Min) ဆန့်ကျင်ဘက်အချိုး၊ Corning Gorilla Glass 5 ကာကွယ်မှု
  • K40 – Octa Core (1 x 3.2GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 870 7nm Mobile Platform with Adreno 650 GPU
  • K40 Pro & Pro+ – Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
  • 6GB / 8GB LPPDDR5 RAM with 128GB UFS 3.1 storage, 8GB / 12GB LPPDDR5 RAM with 256GB UFS 3.1 storage
  • Dual SIM (nano + nano)
  • MIUI 12 based on Android 11, MIUI 12.5 coming soon
  • K40 – 48MP rear camera with 1/ 1.2″ Sony IMX582 sensor, f/1.79 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.4 aperture, 5MP telemacro camera with f/2.4 aperture
  • K40 Pro – 64MP rear camera with 1/1.7″ Sony IMX686 sensor, f/1.89 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.2 aperture, 5MP telemacro camera with f/2.4 aperture
  • K40 Pro+ – 108MP rear camera with 1/1.52″ Samsung ISOCELL HM2 sensor, f/1.75 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.2 aperture, 5MP telemacro camera with f/2.4 aperture
  • 20MP front-facing camera with 0.8μm pixel size, f/2.4 aperture
  • ဘေးတွင်တပ်ဆင်ထားသည့်လက်ဗွေ Sensor ၊ Infrared sensor
  • USB Type-C audio, Hi-Res audio, Dual speakers, Dolby Atmos
  • Dimensions: 163.7x 76.4 x 7.8mm; Weight: 196g
  • 5G SA/NSA (Dual SIM in Pro),Dual 4G VoLTE, Wi-Fi 6 802.11 ax (Wi-Fi 6E in pro), Bluetooth 5.1 (Bluetooth 5.2 in Pro), GPS (L1 + L5), NavIC, NFC, USB Type-C
  • 4520mAh ဘက်ထရီ 33W ကြိုး QC3 + / PD3.0 အမြန်အားသွင်းစနစ်

 

Redmi K40 Series အတွက် Glossy Black, Icy White နဲ့ Dreamland အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ K40 6/128GB ကို ၁,၉၉၉ ယွမ် ၊ K40 Pro 6/128GB ကို ၂,၇၉၉ ယွမ်နဲ့ K40 Pro+ 12/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၄ သိန်း ၃ သောင်း၊ ၆ သိန်း ၁ သောင်းနဲ့ ၈ သိန်းလောက် အသီးသီး ကျသင့်မှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။