realme GT 5G ကို Geekbench မှာ မှတ်ပုံတင်ထားပြီ

realme ဟာ မတ်လ ၄ ရက်နေ့မှာ GT ဖုန်းကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Geekbench မှာ မှတ်ပုံတင်ထားတာတွေ့လာရပါတယ်။ အဲဒီမှာ Android 11 နဲ့ 12GB RAM ပါလာမယ်လို့ ဖော်ပြထားပြီး မော်ဒယ်နံပါတ်က RMX2202 ဖြစ်ကာ Motherboard မှာ “Lahaina” လို့ ဖော်ပြထားတာက Snapdragon 888 Chipset နဲ့အထောက်အပံ့ပေးထားတာဖြစ်ပါတယ်။

Geekbench က ဒေတာဘေ့စ်မှာ အဲဒီ စမတ်ဖုန်းရဲ့ တခြား Specifications တွေကို မဖော်ပြထားသေးဘဲ realme က သူ့မှာ Snapdragon 888 , LPDDR5 RAM , UFS 3.1 Storage နဲ့ 64MP အပါအဝင် အနောက်ကင်မရာ ၃ လုံး ပါလာမယ်လို့ အရင်က အတည်ပြုထားပါတယ်။

Samsung ထုတ်တဲ့ 120Hz AMOLED မျက်နှာပြင်နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမယ်လို့ realme က အတည်ပြုထားပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ Punch Hole တပ်ဆင်ထားမှာပါ။ ဒုတိယ ဥက္ကဌ Xu Qi Chase က Dolby Atmos နဲ့ စတီရီယို စပီကာတွေ ထည့်သွင်းထားမယ်လို့ ပြောထားပါတယ်။

realme ဟာ မတ်လ ၄ ရက်နေ့မှာ GT ဖုန်းကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Geekbench မှာ မှတ်ပုံတင်ထားတာတွေ့လာရပါတယ်။

မကြာခင်က ဝီဘိုမှာ တရားဝင် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ သူ့အတွက် အဝါရောင် သားရေ မော်ဒယ် အပြင် အပြာရောင်ကိုပါ ထုတ်လုပ်ပေးထားမှာပါ။ အခုလည်း သူ့ရဲ့ ဘူးခွံဓါတ်ပုံ ဝီဘိုမှာ ထွက်ပေါ်လာပြီး realme X7 Pro ဘူးခွံနဲ့ တော်တော်တူပါတယ်။

ဒုတိယ ဥက္ကဌ Xu Qi Chase က သူ့ကို ၄၆၅ ဒေါ်လာအောက်နဲ့ ရောင်းမယ်လို့ ဝီဘိုမှာ မကြာခင်က သတင်းပေးလိုက်တဲ့အတွက် မြန်မာငွေ ၆ သိန်းခွဲအောက် ကျသင့်နိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။