အလယ်အလတ်တန်းစားမော်ဒယ် Vivo S7t ကိုမိတ်ဆက်

Vivo မှနောက်ဆုံးပေါ် mid-range စမတ်ဖုန်းဖြစ်သော Vivo S7t ကိုထုတ်ဖော် မိတ်ဆက်ပေးခဲ့ပါတယ်။ Vivo S7t ၏စွမ်းဆောင်ရည် လုပ်ဆောင်ချက်များအားလုံးဟာ Vivo S7 နှင့်အလွန်ဆင်တူပြီး Qualcomm Snapdragon 765G အစား MediaTek Dimensity 820 chipset ပြောင်းလဲတပ်ဆင်ထားပါတယ်။

Vivo S7t ၏အသေးစိတ်အချက်အလက်များ

၆.၄၄ လက်မ AMOLED မျက်နှာပြင်၊ resolution 1080 x 2400 pixels

MediaTek Dimensity 820 chipset, 2.6 GHz max speed

Vivo မှနောက်ဆုံးပေါ် mid-range စမတ်ဖုန်းဖြစ်သော Vivo S7t ကိုထုတ်ဖော် မိတ်ဆက်ပေးခဲ့ပါတယ်။

8 GB RAM

128 GB စွမ်းဆောင်ရည်

ရှေ့ကင်မရာ ၄၄ Megapixels + ၈ Megapixels (Ultrawide)

နောက်ကင်မရာ ၆၄ Megapixels (အဓိက) + ၈ Megapixels (Ultrawide) + 2 Megapixels (အကွာအဝေးအာရုံခံစနစ်)

4,000 mAh ဘက်ထရီသည်အမြန်အားသွင်းရန် 33 W ကိုထောက်ပံ့ပေးထားပါတယ်။

Android 11 ကိုအခြေခံထားတဲ့ OriginOS operating system

Dimivo 820 chipset ကိုအသုံးပြုထားသည့် Vivo S7t သည် Vivo S7 ထက်ကျော်လွန်တဲ့ စွမ်းဆောင်ချက်တွေရှိနေသော်လည်း Vivo S7t  ကို ၂,၅၉၈ ယွမ် (ခန့်မှန်းခြေအားဖြင့် မြန်မာကျပ် ၅ သိန်း ၆ သောင်းခန့်) Vivo S7 ဈေးနှုန်းနှင့် အတူတူရောင်းချပေးလျက်ရှိပါတယ်။ အရောင်များအနေနဲ့ အနက်ရောင်နှင့် Blue gradient အရောင်နှစ်ရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။