Periscope ကင်မရာနဲ့အတူထွက်ရှိလာမယ့် Sony Xperia 1 III

Sony Xperia 1 III သည် zoom lens ကင်မရာပါ ၀င်သည့်မူလဒီဇိုင်းပုံစံတူပြီး သေးငယ်တဲ့bezel များတပ်ဆင်ထားပါတယ်။ဖေဖော်ဝါရီလတွင် Sony Xperia အသစ်ကိုစတင်မိတ်ဆက်ကြော်ငြာထားတဲ့အတိုင်းနောက်ဆုံးပေါ် Sony Xperia 1 III (Superior-One-Mark-Three) စမတ်ဖုန်းကိုယခုနှစ်၏ပထမသုံးလပတ်တွင် ဖြန့်ချီသွားမှာဖြစ်ပါတယ်။ဒီဇိုင်းက Mark II နဲ့ တော်တော်တူပါတယ်။စိတ်ဝင်စားစရာ အကောင်းဆုံးက အနောက်ဘက်ဖြစ်ပြီး Periscope ကင်မရာ ၁ လုံး ထည့်သွင်း ထားပါတယ်။

စုစုပေါင်း အနောက်ကင်မရာ ၃ လုံး ပါလာပြီး Mid-range Zoom ထောက်ပံ့ဖို့အတွက် ပင်မကင်မရာဟာ 12MP အထက်မှာ ရှိနိုင်ပါတယ်။၎င်းပုံတွေဟာယခင်က Xperia 10 III ရဲ့အချက်အလက်တွေကိုဖော်ထုတ်ခဲ့တဲ့နာမည်ကြီး @Onleaks ကထုတ်ဖော်ပြသခဲ့ပြီး   အရင်ပုံစံနှင့်အလွန်ဆင်တူသောဒီဇိုင်းများနဲ့ထွက်လာမှဖြစ်ပြီး ZEISS ဖန်သားပြင်မှန်      (T * Coating) လည်းပါဝင်လာမှာဖြစ်ပါတယ်။

Sony Xperia 1 III သည် zoom lens ကင်မရာပါ ၀င်သည့်မူလဒီဇိုင်းပုံစံတူပြီး သေးငယ်တဲ့bezel များတပ်ဆင်ထားပါတယ်။

ကင်မရာ Layout လည်းတူညီပါတယ်။သို့သော် ကင်မရာအဟောင်းနေရာမှာ zoom lens ကိုအစားထိုးအသုံးပြုတပ်ဆင်ထားပါတယ်။မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေ မှာ စပီကာတွေ တပ်ဆင်ထားပြီး 3.5mm Headphone Jack နဲ့ microSD Slot ထည့်သွင်း ထားမှာပါ။ Sony က မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာကို သိပ်စိတ်ဝင်မစားသေးတဲ့ပုံပါပဲ။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားမှာပါ။

ဒီဇိုင်းအတွက်မူကားဖုန်းမျက်နှာပြင်ဟာမူလနှင့်ဆင်တူနေပါတယ်။  သို့သော် ဖုန်းမျက်နှာပြင်၏ဘေးတောင့်တွင်အသေးစိတ်ဖော်ပြချက်များအရ Xperia 1 II ထက်သေး ငယ်ပြီး ၎င်းတွင် Qualcomm Snapdragon 888 ချစ်ပ်၊ 4K OLED HDR မျက်နှာပြင် အသုံးပြုထားပါတယ်။ ၃.၅ မီလီမီတာနားကြပ် headphone port တို့ပါဝင် လာတာဖြစ်ပါတယ်။မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေမှာ စပီကာတွေ တပ်ဆင်ထားပြီး 3.5mm Headphone Jack နဲ့ microSD Slot ထည့်သွင်းထားမှာပါ။

Sony က မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာကို သိပ်စိတ်ဝင်မစားသေးတဲ့ပုံပါပဲ။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားမှာပါ။ဒီတစ်ခါမှာတော့ Sony က Adaptive Framerate (resolution 1080p သို့လျှော့ချပြီး Xperia 5 II ကဲ့သို့ frameHz 120Hz ) ထည့်သွင်းဖြန့်ချီမည်လို့မျှော်လင့်ရပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။