OnePlus 9 Pro ရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာ

OnePlus ဟာ 9 Series ကို အရင်မျိုးဆက်ထက် စောစွာ ၂၀၂၁ မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အခုတော့ OnePlus 9 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

ဒါဟာ နမူနာမော်ဒယ်ရဲ့ ဓါတ်ပုံ ဖြစ်နိုင်ပြီး အနောက်ကင်မရာ ၄ လုံးမှာ Hasselblad Branding ကို ပထမဆုံး အကြိမ် သုံးထားပါတယ်။ အရင်တုန်းကတော့ OnePlus ဟာ Zeiss နဲ့ ဆွေးနွေးနေတယ်လို့ သတင်းထွက်ခဲ့တာပါ။

အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး OnePlus Branding ကို အလယ်မှာ တွေ့ရပါတယ်။ ကင်မရာ UI မှာ 3.3x Zoom ကို ပြသထားပြီး အရင်မျိုးဆက်ရဲ့ 3x Zoom ထက် ပိုကောင်းလာပါတယ်။ ဒါ့အပြင် မြင်ကွင်းကျယ် ကင်မရာအတွက် 0.6x ကို မြင်ရပါတယ်။

OnePlus ဟာ 9 Series ကို အရင်မျိုးဆက်ထက် စောစွာ ၂၀၂၁ မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အခုတော့ OnePlus 9 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

အရင်သတင်းတွေအရ OnePlus 9 Pro မှာ ၆.၇ လက်မ Curved မျက်နှာပြင်နဲ့ ဘယ်ဘက်ထိပ်မှာ Punch Hole ၁ လုံး ပါလာနိုင်ပါတယ်။ Quad HD+ AMOLED ဖြစ်နိုင်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ 120Hz ကနေ 144Hz Refresh Rate ကို အဆင့်မြှင့်ထားမလား ဆိုတာ မသိရသေးပါဘူး။

သူ့မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset ထည့်သွင်းထားနိုင်ပြီး အများဆုံး 12GB RAM ပါလာနိုင်ပါတယ်။ Android 11 အခြေပြု OxygenOS 11 မောင်းနှင်ထားနိုင်ပြီး အရင်သတင်းအရ အဲဒီဖုန်းမှာ အရင်မျိုးဆက်ရဲ့ 4510mAh ထက် ပိုကြီးတဲ့ ဘက်ထရီနဲ့ 65W Fast Charging ပါမယ်လို့ သိရပါတယ်။

သူ့မှာ 45W Wireless Charging ပါလာမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ ဒါတင်မကသေးဘဲ Reverse Wireless Charging ပါ ထည့်သွင်းထားမယ့်အတွက် တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်မှာပါ။

OnePlus 9 Pro မှာ IP68 စံနှုန်းပါလာနိုင်ပြီး 9 နဲ့ 9E မပါလာဘူးလို့ သတင်းထွက်လာပါတယ်။ ဟုတ်ပါတယ်။ ကုမ္ပဏီက 9E ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သိရပြီး သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်လာခြင်း မရှိသေးပါဘူး။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။