OnePlus 9 နဲ့ 9 Pro တို့ရဲ့ အချက်အလက်တချို့ ထွက်ရှိ

မတ်လထဲမှာ မိတ်ဆက်သွားမယ်လို့ သတင်းပြေးနေတဲ့ OnePlus 9 နဲ့ OnePlus 9 Pro တို့ရဲ့ ဒီဇိုင်းနဲ့ အရေးကြီးတဲ့ Key Specs တချို့ ကြားသိရပြီ ဖြစ်ပါတယ်။နာမည်ကြီး စမတ်ဖုန်း သတင်းသမား Digital Chat Station ဆီက လာတဲ့ သတင်းအချက်အလက် တွေအရ ဖုန်းသစ်နှစ်မျိုးစလုံးဟာ punch-hole display သုံးလာပြီး punch holes တစ်ခုချင်းစီးဟာ 3.8mm ခန့်စီ ရှိမယ်လို့ ဆိုပါတယ်။ Screen Size အနေနဲ့ Pro မော်ဒယ်ဟာ ၆.၇၈ လက်မ QHD+ display နဲ့လာပြီး ဘေးဘောင်ကွေးညွှတ်ထားတဲ့ Curved Screen ဒီဇိုင်း သုံးသွားဖို့ ရှိနေပါတယ်။

ရိုးရိုး OnePlus 9 မော်ဒယ်ဟာ ၆.၅၅ လက်မ FHD+ screen နဲ့လာပြီး Flat Displayသုံးသွား မယ်လို့ ဆိုပါတယ်။ဖုန်းနှစ်မျိုးစလုံးဟာ 120Hz refresh rate သုံးလာမယ် လို့လည်း Digital Chat Station က ပြောထားပါတယ်။ သတင်းအရင်းအမြစ်တွေအရ OnePlus 9 နဲ့ OnePlus 9 Pro တို့ဟာ 8mm နဲ့ 8.5mm စီ ထူပြီး အလေးချိန်အားဖြင့် 200 grams ကျော် ဝိတ်စီးမယ်လို့ ဆိုပါတယ်။ သေချာတဲ့အချက်က Flagship အန်းဒရိုက်ဖုန်းသစ်တွေရဲ့ ထုံးစံ နောက်ဆုံးထွက် Snapdragon 888 SoC နဲ့ လာမှာပါ။

မတ်လထဲမှာ မိတ်ဆက်သွားမယ်လို့ သတင်းပြေးနေတဲ့ OnePlus 9 နဲ့ OnePlus 9 Pro တို့ရဲ့ ဒီဇိုင်းနဲ့ အရေးကြီးတဲ့ Key Specs တချို့ ကြားသိရပြီ ဖြစ်ပါတယ်။

ကင်မရာအနေနဲ့ သုံးလုံးတွဲကင်မရာစနစ်ကို ရိုးရိုးမော်ဒယ်မှာ တွေ့ရဖို့ ခန့်မှန်းနေကြပါတယ်။ OnePlus 9 ရဲ့ကျောဘက်ကင်မရာစနစ်ထဲမှာ 50MP primary lens ၊ 20MP ultrawide ကင်မရာနဲ့ OIS support ပါ 12MP telephotoကင်မရာတို့ သုံးလာဖို့ ရှိပါတယ်။ Pro မော်ဒယ်ကတော့ နာမည်အတိုင်း ပိုပြီး Pro ကျတဲ့ ကင်မရာစနစ်တွေနဲ့ ပွဲထွက်လာမှာပါ။ အခုလောလောဆယ် သတင်းတွေကတော့ အတည်ပြုလို့ မရသေးပါဘူး။

ဘက်ထရီပါဝါဟာ 4500 mAh ဖြစ်ဖို့ ရှိပြီး 65W wired charging ပံ့ပိုးသွားဖို့ ရှိပါတယ်။ Pro မော်ဒယ်မှာ 45W Wireless charging ပါ မြင်တွေ့ရမယ်လို့လည်း သတင်းပြေးနေပါတယ်။ ဒီနှစ်ထဲမှာ OnePlus flagship မော်ဒယ်သစ်တွေနဲ့အတူ တန်ဖိုးသင့် Lite ဗားရှင်းလည်း ကြေညာသွားမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ တကယ်လို့ Lite မော်ဒယ် ထွက်လာမယ်ဆိုရင်တော့ Snapdragon 870 SoC နဲ့ လာဖို့လည်း ရှိပါတယ်။

Photo : Giztop

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။