၂၃ ရက်နေ့တွင် မိတ်ဆက်မယ့် OnePlus 9 Pro နမူနာပုံများပြသ

ဒီမတိုင်ခင်က စမတ်ဖုန်း စွမ်းရည်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စမတ်ဖုန်းတီထွင်ထုတ်လုပ်သော OnePlus ကုမ္ပဏီ သည်၂၀၂၁ ခုနှစ်မတ်လ ၂၃ ရက်နေ့တွင် OnePlus 9 Pro ကိုမိတ်ဆက်ပေးမည်ဟုကြော်ညာထားပါတယ်။

စိတ်ဝင်စားဖွယ်အကောင်းဆုံးအနေဖြင့် OnePlus 9 Pro တွင် အနောက် ကင်မရာ၏ အရည်အသွေး ကိုတိုးမြင် ထုတ်လုပ်ထားပြီး Hasselblad နဲ့လက်တွဲထားတာဖြစ်ပါတယ်။ Hasselblad ကုမ္ပဏီ သည် ကင်မရာထုတ်လုပ်ခြင်းနှင့်ဆွီဒင်မှ ဓာတ်ပုံပစ္စည်းကိရိယာများထုတ်လုပ်ဖြန့်ချီတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

မကြာသေးမီက OnePlus ၏အမှုဆောင်အရာရှိချုပ် CEO တစ်ဉီးဖြစ်တဲ့ Pete Lau သည် OnePlus 9 Pro ၏အဓိကကင်မရာ , ultrawide ကင်မရာတို့နှင့်ရိုက်ကူးထားတဲ့ ပထမဆုံးပုံရိပ် ၂  ပုံကိုဖော်ပြထားပါတယ်။ ၎င်းဓာတ်ပုံတွင် ကင်မရာ၏ စွမ်းရည်မြင့်အရည်အသွေးကိုကောင်းစွာမြင်တွေ့နိုင်ပါတယ်။

ဒီမတိုင်ခင်က စမတ်ဖုန်း စွမ်းရည်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စမတ်ဖုန်းတီထွင်ထုတ်လုပ်သော OnePlus ကုမ္ပဏီ သည်၂၀၂၁ ခုနှစ်မတ်လ ၂၃ ရက်နေ့တွင် OnePlus 9 Pro ကိုမိတ်ဆက်ပေးမည်ဟုကြော်ညာထားပါတယ်။

Pete Lau က  OnePlus 9 Pro စမတ်ဖုန်းတွင် Sony IMX789 (အဓိကကင်မရာ) image sensor နှင့် Sony IMX766 (ultrawide ကင်မရာ) ကို OnePlus 9 Pro အတွက်အဓိကအရည်အသွေးတိုးမြင့်ထုတ်လုပ် ထားကြောင်း ဖော်ပြထားပါတယ်။

အဓိကကင်မရာ၏ sensor ကိရိယာဖြစ်တဲ့ Sony IMX789 ဟာ အလင်းနည်းသောနေရာတွင် ကောင်းမွန်စွာရိုက်ကူးနိုင်ခြင်း၊ တစ်စက္ကန့်လျှင် 120 frames ဖြင့် 4K ဗီဒီယိုရိုက်ကူးနိုင်ခြင်း နှင့် dual-native ISO function ကိုထောက်ပံ့ပေးတာပါ။

ပိုမိုကောင်းမွန်သော Real-time HDR ဗွီဒီယို ရိုက်ကူးခြင်း , Digital Overlap HDR feature (Sony DOL-HDR) ဖြင့် HDR ဗီဒီယိုပြုပြင်ခြင်းအတွက်အထောက်အပံ့ပေးခြင်းစသော စွမ်းဆောင်ချက်တွေထောက်ပံ့ပေးထားပါတယ်။

Ultrawide ကင်မရာ၏ Sony IMX766 sensor ကိရိယာအနေဖြင့် ရုပ်ပုံ၏အစွန်းရှိ ရွဲ့စောင်းသောပုံရိပ်များကို ၂၀% မှ ၁% ခန့်အထိလျှော့ချနိုင်မှာဖြစ်ပါတယ်။ဖော်ပြပါအချက်များအရ OnePlus 9 Pro သည်အလွန်ကောင်းမွန်သောပုံရိပ်ရိုက်ကူးမှုစွမ်းဆောင်ရည်ရှိသောတန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးဖြစ်နိုင်ကြောင်းဖော်ပြနေတာပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။