Ne Zha Movie

ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့Ne Zha ဆိုတဲ့ မီးခြေနင်း စီးပြီး မီးလှံ ကိုင်တဲ့ကြာဖူးနတ်သား ကို မှတ်မိကြသေးလား?၂၀၁၉ ခုနှစ်မှာပဲNe Zha ဆိုတဲ့ Animation ရုပ်ရှင်ကားကိုတရုတ်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ် ။ တရုတ်နိုင်ငံရဲ့ Animation ရုပ်ရှင်တစ်ကားအတွက် Box Office မှာဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ် ။ ငယ်ငယ်က ကြည့်ဖူးတဲ့Ne Zha နဲ့ ဇာတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့ ထင်ရပေမယ့် ငယ်ဘ၀ အငွှေ့အသက်လဲ မပျောက်သလို ဒီဇာတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ် ။

ဇာတ်လမ်းအကျဉ်း

Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ် Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက် လှပသေသပ်လွန်းပါတယ် ။ ဒီဇာတ်လမ်းမှာတော့Ne Zha ရဲ့  ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ် ။ နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ်ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ် ။ ပုလဲလုံးလေး ကသူလိုအပ်တဲ့ စွမ်းအင်တွေကို အလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး ပင်ကိုယ်စိတ်ရင်းကောင်းပေမယ့် မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီး မိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီးဂါထာအုပ်ကာ တပည့်ဖြစ်သူ နှစ်ယောက်ထဲက ဆရာတော် တစ်ပါးကို ထိန်းသိမ်းစေခဲ့တယ် ။

သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမကိုယ်ဝန်မှာ ဝင်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင်အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ် ။ ဒါပေမယ့် အလွဲလွဲ အမှားမှားတွေ လုပ်တတ်တဲ့ ဆရာတော်ကြောင့် သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ် ။ သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ ကစစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ် ။ မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္ဆာ “Ne Zha” ဖြစ်ပါတယ် ။

Ne Zhaမွေးဖွားလာတဲ့ နေ့မှာပဲ သူဟာမိစ္ဆာ ဖြစ်တဲ့အတွက် ပြည်သူတွေက ကြောက်လန့်နေကြပါတယ်။ ထိုချိန် ဆရာတော်က မိစ္ဆာဖြစ်တော့မယ့်Ne Zha ကို ယင်းယန်ကွင်းကို သုံးပြီးထိန်းချုပ်လိုက်တယ်။ ဒါပေမယ့် သူလုံးဝမိစ္ဆာဖြစ်သွားလျှင်  ပိုပြီးသတ်ချင်ဖြတ်ချင်စိတ်တွေ ရှိလာနိုင်တယ်ဆိုပြီး ဆရာတော်က Ne Zhaလေးကို သတ်ဖို့လုပ်နေပါတယ်။  

၂၀၁၉ ခုနှစ်မှာပဲ Ne Zhaဆိုတဲ့ Animation ရုပ်ရှင်ကားကိုတရုတ်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ် ။ တရုတ်နိုင်ငံရဲ့ Animation ရုပ်ရှင်တစ်ကားအတွက် Box Office မှာဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ် ။ ငယ်ငယ်က ကြည့်ဖူးတဲ့ Ne Zha နဲ့ ဇာတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့ ထင်ရပေမယ့် ငယ်ဘ၀ အငွှေ့အသက်လဲ မပျောက်သလို ဒီဇာတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ် ။ Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ် Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက် လှပသေသပ်လွန်းပါတယ် ။ ဒီဇာတ်လမ်းမှာတော့Ne Zha ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ် ။

ပြည်သူတွေကလည်း လူနဲ့မကောင်းဆိုးဝါး အတူနေလို့မရပါဘူး ဆိုပြီး စစ်သူကြီးကို တောင်းဆိုကြတယ်။ စစ်သူကြီးက သူ့အိမ်တော်က ကံမကောင်း၍ ဒီလိုသားမျိုးရခဲ့တာလို့ဆိုတယ်။ ဒါပေမယ့် သားလေးမှာ အပြစ်မရှိပါဘူး ဆိုပြီး Ne Zhaကို ကောင်းကောင်းစောင့်ကြပ်ပါ့မယ် အိမ်အပြင် တစ်လှမ်းတောင် မထွက်စေရပါဘူးဆိုပြီး ကတိပေးခဲ့ပါတယ်။ တကယ်လို့ သူထွက်လာပြီး ပြသနာရှာခဲ့ရင်တောင် သူ့အသက်နဲ့လဲပြီး သူ့အတွက် မျှတအောင် ပြန်လုပ်ပေးပါ့မယ်ဆိုပြီး ထပ် ကတိပေးခဲ့တယ်။

ဆရာတော်က သူ့ကိုအသက်ရှင်အောင်ထားပေးလိုက်လည်း သုံးနှစ်ထက်ပို မရှင်နိုင်ကြောင်းပြောတယ်။ စစ်သူကြီးက လုံးဝလက်မလျှော့ပဲ ခွန်လွန်းတောင် သူတော်စင်ကို ရှာပီး ကျိမ်စာဖြေခိုင်းမယ်ဟု ပြောပြီး သူ့ဇနီးကို သူရှိနေသရွေ့ သားလေး ဘာမှမဖြစ်စေရဘူးဆိုပြီး ‌ဖြေသိမ့်ခဲ့တယ်။ ထို့နောက် သူတော်စင်ပုလဲ ခိုးသွားသူမှာ အခြားသူမဟုတ်ပဲ ဒေါသကြီးလွန်းတဲ့ ဆရာတော်၏ညီတော်ပဲ ဖြစ်ပါတယ်။ ဆရာတော်၏ညီတော်သည် ထိုပုလဲကို အင်အားကြီးမာတဲ့ နဂါးကို ပေးလိုက်ပြီး မွေးဖွားလာတဲ့သားကို သူ၏တပည့်အဖြစ်ထားလိုက်ပါတယ်။ 

စစ်သူကြီးကလည်း ကျိမ်စာဖြေရန် သူတော်စင်ကို သွားရှာသော်လည်း  ကောင်းကင်ကျိမ်စာက ဘယ်သူမှမဖြေပေးနိုင်ကြောင်း  တံခါးစောင့်က ရှင်းပြလိုက်ပါတယ်။ Ne Zhaလေးမှာ အိမ်မှာတစ်ယောက်တည်း အပြင်လည်းထွက်မရ သူ၏မိခင်မှာလည်း ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရင်း သူ့ကို အဖော်ပြုမပေးနိုင်ပါဘူး။တစ်ခါတစ်လေ မြှားပစ်တမ်းကစားပေးတဲ့အချိန်Ne Zha မှာ အလွန်ပျော်နေရှာပါတယ်။

Ne Zhaတစ်ယောက် တစ်ရက် အိမ်ပြင်ခိုးထွက်ခဲ့ပါတယ် သူကပြသနာမရှာပေမယ့် ပြည်သူတွေက သူ့ကို မကောင်းဆိုးဝါးဟုပြောကာ အိမ်ပြင်တစ်ယောက်မှ မထွက်ရဲပဲ ပုန်းနေကြပါတယ်။ထိုအဖြစ်အပျက်ကို သူ့မိခင်က သိပြီး သူကြိုးစားခဲ့ပေမယ့် ပြည်သူတွေက သူ့သားအပေါ် အမြင်ဆိုးနေတာတွေကို ဝမ်းနည်းနေပါတယ်။

Ne Zhaက ခုချိန်ထိ သူသုံးနှစ်နေပြီးလျှင် အလိုလိုပေျာက်ကွယ်သွားမှာကို မသိသေးပါဘူး။ ဆရာတော်ကလည်း မိစ္ဆာဘဝမှ လွတ်မြှောက်ပြီး သင်ကြားပေးခဲ့ပေမယ့်Ne Zha အလွန်ညဏ်များတဲ့ အတွက်ကြောင့် အသုံးမဝင်ခဲ့ပါဘူး။ တစ်ရက်မှာ ရွာထဲကို ရေမကောင်းဆိုးဝါးတစ်ကောင် ဝင်လာပြီး ကလေးမလေး တစ်ယောက်ကို ဖမ်းသွားခဲ့တယ်။ ထိုအဖြစ်အပျက်ကို မြင်၍ Ne Zhaက သွားကယ်ခဲ့ပေမယ့် ပြည်သူတွေက သူ့ကို ထုံးစံအတိုင်း မကောင်းဆိုးဝါဟုပြောကာအပြစ်တင်နေဆဲ။ Ne Zhaအလွန်ဒေါသထွက်၍ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

မသိစိတ်က အဖော်မက်လွန်းတဲ့Ne Zhaတစ်ယောက် မကောင်းဆိုးဝါးကို တိုက်ခိုက်နေစဉ် သူငယ်ချင်း တစ်ယောက်ရခဲ့ပါတယ်။ထိုသူမှာ အခြားမဟုတ်ပဲ သူတော်စင်ပုလဲက ပေါက်ဖွားလာတဲ့သား‌လေး ပဲ ဖြစ်ပါတယ်။သူက နဂါးက မွေးဖွားတယ်ဆိုပေမယ့် သူတော်စင် ဖြစ်တဲ့အတွက်ကြောင့် မကောင်းတဲ့စိတ်ထားမရှိဘူးလို့ ပြောလို့ရပါတယ်။ထို့နောက်Ne Zha က သူ့မွေးနေ့မှာသူတော်စင်ပုလဲကို မွေးနေ့ကို လာဖို့နှင့် “မင်းမလာရင် မဖြစ်ဘူး မင်းက ငါရဲ့တစ်ဦးတည်းသော သူငယ်ချင်း” ဖြစ်ကြောင်း ပြောပြခဲ့တယ်။ထို့နောက်Ne Zha က သူ့ရဲ့အဖြစ်မှန်ကို သိသွားပြီး ကျိမ်စာကို ဖြေနိုင်ဖို့ ကောင်ကင်ပေါ်ကို တက်သွားခဲ့ပါတယ်။ကျိမ်စာမိုးကြိုး တိုက်ခိုက်နေစဉ် သူ၏ သူငယ်ချင်း ရောက်ရှိလာပြီး ရောင်စုံပုလဲအဖြစ် ပေါင်းစီးပြီး ဘယ်လိုတိုက်ခိုက်ခဲ့လဲ ဆိုတာ ဇာတ်လမ်းလေး ကြည့်ရင် ပိုပြည့်စုံပါတယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။