Snapdragon 870 SoC ၊ 64 Mega Pixel Camera နဲ့ 5G Motorola Edge S စမတ်ဖုန်း

Budget ဈေးနဲ့လာတဲ့ Flagship 5G ဖုန်းဖြစ်ပြီး မြန်မာငွေ ၄ သိန်းကျော်တန် တန်ဖိုးသင့် Motorola 5G ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ Motorola Edge S ဟာ Qualcomm Snapdragon 870 SoC သစ်ကို ပထမဆုံးသုံးလာတဲ့ ဖုန်းဖြစ်ပါတယ်။

ဒီ Processor ဟာ 7nm process နဲ့ ထုတ်ထားတဲ့ octa-core processor ဖြစ်ပြီး စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံးလို့ ဆိုရမယ့် 3.2GHz အထိ run နိုင်တဲ့ Cortex-A78 core တစ်ခုလည်း ပါရှိပါတယ်။ ဒီဖုန်းဟာ 5G ကွန်ရက်ချိတ်ဆက်မှု တစ်ခါတည်း ပါလာတဲ့ ဖုန်းဖြစ်ပြီး RAM 6GB ၊ 8GB ဆိုပြီး နှစ်မျိုး လာပါတယ်။

UFS3.1 storage အမျိုးအစား 128GB နဲ့ 256GB ဆိုပြီး ပါရှိပါတယ်။ 256GB storage ကတော့ RAM 8GB နဲ့ လာတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မ IPS LCD display ဟာ 90Hz refresh rate ပါရှိပြီး HDR10 support ပေးထားပါတယ်။

Budget ဈေးနဲ့လာတဲ့ Flagship 5G ဖုန်းဖြစ်ပြီး မြန်မာငွေ ၄ သိန်းကျော်တန် တန်ဖိုးသင့် Motorola 5G ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ 

ရှေ့ screen ဘယ်အပေါ်ထောင့်မှာ 16MP main sensor နဲ့ 8MP ultrawide punch-hole နှစ်လုံးတွဲကင်မရာ ပါရှိပါတယ်။ လက်ဗွေစနစ်ကို ဖုန်းဘောင်ထဲမှာ ထည့်သွင်းထားပါတယ်။ကျောဘက်မှာ စတုရန်းပုံ ကင်မရာ Module ပါရှိပြီး အတွင်းမှာ sensor အနေနဲ့ စုစုပေါင်း ၄ ခု ပါရှိပါတယ်။

main camera ဟာ 64MP ဖြစ်ပြီး 6K videos တွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်အောင် Support ပေးထားပါတယ်။ ဒီကင်မရာနဲ့အတူ phase-detection autofocus ပါ 16MP ultrawide ၊ 2MP depth sensor နဲ့ ToF sensor တစ်ခုလည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။

mid-ranger တစ်လုံးအတွက် စိတ်ဝင်စားစရာကင်မရာ အတွဲအစပ်လည်း ဖြစ်ပါတယ်Motorola Edge S ဟာ IP52 splash ရေစင်ဒဏ်ခံနိုင်ရည်ရှိပြီး 3.5mm headphone jack လည်း ပါရှိပါတယ်။

ဖုန်းဗူးထဲမှာ Screen protector တစ်ခု ၊ အားသွင်း charger နဲ့ cable အပြင် case တစ်ခုပါ ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 5000mAh အကြီးစား သုံးထားပြီး 20W charging အားသွင်းစနစ် ပံ့ပိုးထားပါတယ်။ ဖုန်းဘူးထဲမှာလည်း 20W adapter တစ်ခု ထည့်ပေးထားပါတယ်။

Motorola Edge S ကို ကျောက်စိမ်းအလင်းအပြာပြေး ကာလာတစ်ရောင်တည်းနဲ့ ထွက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ် RAM 6GB/128GB storage ဗားရှင်းကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။