Xiaomi 11 ၏ပါးလွှာသော ဖုန်းဗူးပုံရိပ်များထွက်ပေါ်လာ

လာမည့်ရက်အနည်းငယ်အတွင်းမှာ Xiaomi ကုမ္ပဏီဟာ ၂၀၂၀  ပြည့်နှစ် အကုန်တွင် Mi 11 ကိုစတင်မိတ်ဆက်မည်ဟုကြေငြာထားသော်လည်းမကြာသေးမီက  Mi 11 ၏ပါးလွှာသော ဖုန်းဗူးပုံရိပ်များထွက်ပေါ်လာခဲ့ပါတယ်။ Mi 11  ဟာ charger မပါ၀င်တဲ့ Apple ရဲ့ခြေရာအတိုင်းလိုက်နေတယ်လို့မျှော်လင့် ရပါတယ်။

Mi 11 ဖုန်းဗူးရုပ်ပုံကိုတရုတ်လူမှုမီဒီယာ Weibo တွင် iPhone 12 ဗူး နှင့်အလားတူအရွယ်အစားကိုနှိုင်းယှဉ်ထားပါတယ်။ Mi 11 အသစ်ကိုအရင်  Apple ထုတ်ထားတဲ့ iPhone ပုံစံအတိုင်း charger မပါပဲထွက်လာမလားဆိုတာကို ငြင်းခုန်စရာဖြစ်နေပါတယ်။

သို့သော်ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် Xiaomi တည်ထောင်သူ Lei Jun မှ Weibo မှဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး Mi 11 ၏အားသွင်းခေါင်း နှင့်ပတ်သက်သောအရေးကြီးတဲ့ ကြော်ငြာချက်တစ်ခုရှိတယ်လို့ဆိုပါတယ်။Apple က စတင်လိုက်တဲ့ ဂေဟစနစ် ထိန်းသိမ်းရေးဟာ အစောပိုင်းက ပွက်ပွက်ညံအောင် ဝေဖန်ခဲ့ကြပေမယ့် အခုတော့ iPhone 12 စီးရီးရဲ့ ခြေရာအတိုင်း အန်းဒရိုက် OEMs တွေလည်း လိုက်ဖို့ ပြင်နေပါတယ်။

လာမည့်ရက်အနည်းငယ်အတွင်းမှာ Xiaomi ကုမ္ပဏီဟာ ၂၀၂၀  ပြည့်နှစ် အကုန်တွင် Mi 11 ကိုစတင်မိတ်ဆက်မည်ဟုကြေငြာထားသော်လည်းမကြာသေးမီက  Mi 11 ၏ပါးလွှာသော ဖုန်းဗူးပုံရိပ်များထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ အသစ်ထွက်လာမယ့် Mi 11 ဖုန်းဗူးတွေမှာ Charger ထည့်သွင်းတော့မှာ မဟုတ်ဘူးလို့ Reddit ပေါ်မှာ ကြေညာခဲ့ပါတယ်။အကြောင်းပြချက်က Apple စကားအတိုင်းပါပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီပြီး စွန့်ပစ်မှု နည်းတဲ့ ထုတ်ကုန်တစ်ခုဖြစ်ဖို့နဲ့ Packaging သေးသွားစေဖို့ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ကွန်ဖရင့်တစ်ခုမှာ ဆွေးနွေးမှုလည်း လုပ်သွားဖို့ ရှိပါတယ်။ Xiaomi ရဲ့ ဒီဆုံးဖြတ်ချက်က ဖုန်းဝယ်ဖို့ ဟန်ပြင်နေသူတချို့အတွက် သဘောကျစရာဖြစ်မှာ မဟုတ်ပါဘူး။

Charger မပါတဲ့ ဖုန်းဗူးတွေ ထုတ်လုပ်ပြီး သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တယ်ဆိုပေမယ့် ဒါဟာ အကုန်အကျနည်းအောင် ထုတ်တာလို့လည်း ဝေဖန်နေကြပါတယ်။ Charger ထည့်မပေးတာကြောင့် တရားဝင် ကုမ္ပဏီထုတ် Charger ဝယ်စေပြီး အမြတ်ထုတ်လို့လည်း ရနိုင်တဲ့ အကွက်ဖြစ်ပါတယ်။

ဖုန်းသစ်မှာပေးတဲ့ Fast Charging support အပြည့်အဝရနိုင်ဖို့ဆို သူနဲ့ အံဝင်ခွင်ကျထုတ်ထားတဲ့ Charger မသုံးလို့ မရပါဘူး။ ဒီနည်းနဲ့လည်း Charger ရှိထားတဲ့သူတွေပါ သီးသန့် ထပ်ဝယ်ရအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ မြောက်အမေရိကနဲ့ တခြားဈေးကွက်တွေလိုမျိုး Xiaomi ထုတ်ကုန်သုံးစွဲသူ နည်းတဲ့နေရာတွေမှာ ပြဿနာ မရှိပေမယ့် အိန္ဒိယနဲ့ အာရှလို ဈေးကွက်က သုံးစွဲသူတွေအတွက် စဉ်းစားစာ ဖြစ်လာပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။