Meizu 18 နှင့် Meizu 18 Pro စမတ်ဖုန်း

Meizu ဟာ မတ်လမှာ ၁၈ နှစ်မြောက်မွေးနေ့ကို ကျင်းပမှာ ဖြစ်ပြီး ထုတ်ကုန် အသစ်များစွာကို ချပြတော့မှာပါ။ အဲဒီအထဲမှာ Meizu 18 Series ဖုန်းတွေ ပါဝင်လာမှာ ဖြစ်ပြီး Meizu 18 နဲ့ Meizu 18 Pro တို့ ဖြစ်ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက သူတို့ရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Meizu 18 မှာ ၆.၂ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး အရင်သတင်းတွေအရ ဘေးဘက် ကွေးညွှတ် ဒီဇိုင်းနဲ့ Punch Hole ထည့်သွင်းထားမှာပါ။ Meizu 18 Pro မှာတော့ QHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး ဘေးဘက် ကွေးညွှတ် ဒီဇိုင်းနဲ့ Punch Hole ထည့်သွင်းထားမှာပါ။

အဲဒီ ဖုန်း ၂ လုံးမှာ ကွဲပြားချက်တွေ ရှိနိုင်ပါတယ်။ Meizu 18 မှာ Snapdragon 870 Chipset နဲ့ Pro မှာ ပိုကောင်းတဲ့ Snapdragon 888 Chipset ပါလာမှာပါ။ ဘက်ထရီ ပမာဏနဲ့ အားသွင်းနှုန်းဟာ အရင်မျိုးဆက်ထက် ပိုများလာမှာပါ။

Meizu ဟာ မတ်လမှာ ၁၈ နှစ်မြောက်မွေးနေ့ကို ကျင်းပမှာ ဖြစ်ပြီး ထုတ်ကုန် အသစ်များစွာကို ချပြတော့မှာပါ။ အဲဒီအထဲမှာ Meizu 18 Series ဖုန်းတွေ ပါဝင်လာမှာ ဖြစ်ပြီး Meizu 18 နဲ့ Meizu 18 Pro တို့ ဖြစ်ပါတယ်။

အရင်သတင်းအရ Meizu 18 နဲ့ 18 Pro ထဲက ၁ လုံးမှာ 40W Wired Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ နောက် ၁ လုံးမှာတော့ 4,000mAh ဘက်ထရီနဲ့ 30W Charging ပဲ ပါလာမှာပါ။ Meizu 17 နဲ့ 17 Pro တို့နဲ့ နှိုင်းယှဉ်ရရင် သူတို့မှာ 4,500mAh ဘက်ထရီနဲ့ 30W Charging ထည့်သွင်းထားတာပါ။ Meizu ဟာ 18 Series မှာ Charger မပါဘဲ ရောင်းချမယ်လို့ မကြာခင်က သတင်းထွက်လာပါသေးတယ်။

Photo : Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။