Marvel Studio ရဲ့ဥက္ကဌက Tony Stark (Iron Man) ဟာလုံးဝပြန်လာမည်မဟုတ်ကြောင်းကြော်ငြာလိုက်ပြီ..

Tony Stark (Iron Man) လို့အားလုံးသိကြတဲ့ Avengers အဖွဲ့ဝင်တစ်‌ယောက်ဖြစ်တဲ့ တိုနီဟာကမ္ဘာပေါ်ရှိ ပရိတ်သတ်များရဲ့ ချစ်မြတ်နိုးခြင်းနဲ့အတူ အံ့သြဖွယ်အကောင်းဆုံး Marvel superhero များထဲမှတစ် ဦးဖြစ်သည်။

တိုနီဟာ  ၂၀၁၉ ခုနှစ် Avengers: Endgame မှာသူဟာ ကမ္ဘာကြီးကိုကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဟုတ်ပါတယ်ဒီမြင်ကွင်းက ရုပ်ရှင်ပြီးဆုံးသွားတဲ့နောက်မှာတောင်ကမ္ဘာအနှံ့ကကြည့်ရှုသူတွေကိုမျက်ရည်ကျစေခဲ့ပါတယ်။

Robert Downey အနေနဲ့သူကိုယ်တိုင် ကလည်း Marvel နှင့်အလုပ်လုပ်ရန်လုံလောက်ပြီးဖြစ်ကြောင်းနဲ့ ခုချိန်ကစပြီး သူဟာအခြားဇာတ်ကောင်အနေနဲ့ ဆက်လက်သရုပ်ဆောင်ပြီးရှေ့ဆက်အုန်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်အားလုံးက သူတို့ချစ်မြတ်နိုးရသောဒီဇာတ်ကောင်ဟာ Marvel superhero ကနေအပြီးထွက်ခွာသွားတာကိုတော့လက်မခံနိုင်ကြပဲဖြစ်နေပါတယ်။ဒါပေမယ့်လည်းဒီနှစ်မှာတော့တိုနီ ကိုချစ်တဲ့ပရိသတ်တွေက Tony Stark သို့မဟုတ် Ironman ဟာ ပရိတ်သတ်တို့အတွက် Black Widow မှာပေါ်လာလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

Ironman လို့အားလုံးသိကြတဲ့ Avengers အဖွဲ့ဝင်တစ်‌ယောက်ဖြစ်တဲ့ တိုနီဟာကမ္ဘာပေါ်ရှိ ပရိတ်သတ်များရဲ့ ချစ်မြတ်နိုးခြင်းနဲ့အတူ အံ့သြဖွယ်အကောင်းဆုံး Marvel superhero များထဲမှတစ် ဦးဖြစ်သည်။ တိုနီဟာ  ၂၀၁၉ ခုနှစ် Avengers: Endgame မှာသူဟာ ကမ္ဘာကြီးကိုကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဟုတ်ပါတယ်ဒီမြင်ကွင်းက ရုပ်ရှင်ပြီးဆုံးသွားတဲ့နောက်မှာတောင်ကမ္ဘာအနှံ့ကကြည့်ရှုသူတွေကိုမျက်ရည်ကျစေခဲ့ပါတယ်။

Black Widow က Captain America: Civil War နဲ့ Avengers: Infinity War ကြားက အဖြစ်အပျက်တွေရိုက်ကူးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Disney + နဲ့ပူးပေါင်းရိုက်ကူးမယ့် Marvel series မှာပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မကြာသေးမီက Marvel စတူဒီယိုရဲ့အမှုဆောင်ဒုဥက္ကဌဖြစ်သူ Victoria က Tony Stark ကိုဖန်သားပြင်ပေါ်တွင်ထပ်မံမြင်ရမယ့်ဖြစ်နိုင်ချေနှင့် ပတ်သက်ပြီး စပိန်ဘာသာဖြင့် ထုတ်ဝေသူတစ်ဦး နှင့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်..

‘တိုနီ Stark ဟာကျွန်မတို့တင်ပြတဲ့ ဇာတ်လမ်းထဲမှာသေသွားပြီးဖြစ်ပါတယ် ပြန်လည်ရှင်သန်ထမြောက်ခြင်းအကြောင်းကိုတော့ ကျွန်မမသိပါဘူး Tony Stark အကြောင်းရိုက်ကူးရာမှာလဲ အကုန်ပြီးပြည့်စုံအောင် ရိုက်ကူးနိုင်ခဲ့ပါပြီ…

နောက်ထပ်ဘယ်လိုဇာတ်ညွန်းရေးပြီး ရိုက်ကူးရမလဲဆိုတာတောင်စိတ်ကူးမရနိုင်တော့ပါဘူး။ ကျွန်မအမြင်မှာတော့ Tony Stark ရဲ့အဖြစ်အပျက်ဟာအားလုံးရိုက်ကူးပြပြီးပါပြီ ယခုအချိန်မှာတိုနီ ဟာအခြားဇာတ်ကောင်များအနေနဲ့ကူးပြောင်းဖို့လူတွေမြင်တွေ့ရအုန်းမှာပါပဲ…

Spider-Man ထဲကလိုမျိုးပဲ Tony Stark အတွက် Peter Parker ဟာသူ့သားလိုပဲ Peter Park ရဲ့ဇာတ်လမ်းကနေ Tony Stark ရဲ့အဖြစ်အပျက်ကိုသင်မြင်တွေ့နိုင်မှာပါ။ ကျွန်မအတွက်တော့လူတစ် ဦး ဟာအခြားတစ်ယောက်အပေါ် ဘယ်လောက်သြဇာလွှမ်းမိုးနိုင်ကြောင်းကိုခံစားမိပါတယ်။ Tony Stark ပြန်လာခြင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့မှာ အစီအစဉ်မရှိသေးပါဘူး..ဗစ်တိုးရီးယားရဲ့အခိုင်အမာပြောဆိုချက်အရဆိုရင်ပရိသတ်များအတွက်ယခုအချိန်မှာ IronMan ပုံစံအတွက် Tony Stark ပြန်လာနိုင်ရေးအတွက်မျှော်လင့်ချက်ကိုစွန့်လွှတ်နိုင်ပါပြီ။ တခြားဇာတ်ကောင်အနေနဲ့ပြန်လာမှာကတော့ဖြစ်နိုင်ချေရှိပါသေးတယ်။

ဥပမာ – Multiverse of Madness မှ Doctor Strange က  Marvel multiverse ကိုဖွင့်ပေးတာဟာ Marvel အတွက် သီအိုရီအသစ်များစတင်ခြင်းအတွက် အများကြီးအထောက်အကူပြုနေပါတယ်။ ကျွန်တော်တို့သရုပ်ဆောင် Tony Stark ကိုနောက်ဇာတ်ကောင်တစ်မျိုး ဒါမှမဟုတ် IronHeart ဇာတ်ကားမှ Tony Stark  IronMan ရဲ့အမွေဆက်ခံခဲ့တဲ့ Riri Williams အမည်ရှိလူမည်းမိန်းကလေးရဲ့ စူပါသူရဲကောင်းအခန်းမှာ ပြန်လည်တွေိ့နိုင်ပါတယ်။

Robert Downey Jr. ကိုသတိရနေတဲ့သူများအတွက် ထုတ်လုပ်မှုအဆင့်မှာရှိနေသေးတဲ့ Sherlock Holmes 3 မှာသူ့ကိုစောင့်ကြည့်နိုင်ပါတယ်။ Sherlock Holmes 3  ကိုတော့ 2021ခုနှစ်တွင်ဖြန့်ချီရန် စီစဉ်ထားပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။