LG သည် Apple အတွက်ခေါက်နိုင်သော display တစ်ခုတီထွင်

LG ရဲ့ စမတ်ဖုန်းဖွံ့ဖြိုးမှုဌာန  စီးပွားရေး အနာဂတ်အပိုင်းမှာ တိုးတက်ပြောင်းလဲမှုတွေ တည်မြဲမှုတွေ  သိပ်ပြီးတော့ မတွေ့ရပေမယ့် LG ၏အခြားဌာနခွဲများမှထုတ်ကုန်အသစ် များကိုတီထွင်ရာတွင် စီးပွားရေးလုပ်ငန်းတွေများစွာရှိနေပြီး အလွန်ထိရောက်မှု ရှိနေ ပါတယ်။ ထိုင်ဝမ်၏ DigiTimes ဝက်ဘ်ဆိုက်က Apple သည် LG Display ကို ဦး ဆောင်သူအဖြစ် Foldable မျက်နှာပြင်ဖန်တီးတီထွင်နေတယ်လို့ ပြောပါတယ်။ အဲဒီ အတွက် အနာဂတ်မှာ Foldable iPhone တွေမြင်ရတော့မှာဖြစ်ပါတယ်။

DigiTimes က insider မှသတင်းအချက်အလက်များအရ LG က Apple အတွက် ရှေ့ပြေးပုံစံခေါက်ထားနိုင်သည့် မျက်နှာပြင် နာမှုနာကိုသာတီထွင် ပေးထားတယ်လို့ သိရပါတယ်။ အနာဂတ် iPhone တွေမှာ LG ရဲ့ Foldable OLEDs မျက်နှာပြင်တွေ ပါလာမလား ၊ Apple ဟာ တခြား ကုမ္ပဏီတွေရဲ့ Foldable မျက်နှာပြင်တွေကို အသုံးပြုမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိုင်ဝမ်၏ DigiTimes ဝက်ဘ်ဆိုက်က Apple သည် LG Display ကို ဦး ဆောင်သူအဖြစ် Foldable မျက်နှာပြင်ဖန်တီးတီထွင်နေတယ်လို့ ပြောပါတယ်။ အဲဒီအတွက်အနာဂတ်မှာ Foldable iPhone တွေမြင်ရတော့မှာဖြစ်ပါတယ်။

ဒီ ၁ ပတ်အစောပိုင်းက ထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ ၂၀၂၃ ခုနှစ်မှာ Foldable iPhone တွေ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Apple Pencil Support လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Huawei , Samsung နဲ့ Motorola တို့ဟာ Foldable Android စမတ်ဖုန်းတွေကို စတင် ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်တဲ့ အတွက် Apple ဟာ နောက်ကောက်ကျနေပါတယ်။ ဒါပေမယ့် Apple ဟာ အဲဒီ နည်းပညာ တိုးတက်ဖွံ့ဖြိုးလာတဲ့ အချိန်ကောင်းကို စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။