LG မှ ၂၀၂၁ ခုနှစ်တွင်စမတ်ဖုန်းများကိုစတင်ရောင်းချမည်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိအွန်လိုင်းမှာကျင်းပသည့် CES 2021 ပွဲတွင် LG မှ LG Rollable ဟုအမည်ရသည့် ဖုန်းမျက်နှာပြင် ဆွဲထုတ်ပြီးလှိမ့်နိုင်သည့်စမတ်ဖုန်း၏တီထွင်မှုကို မိတ်ဆက်ပေးခဲ့ပါတယ်။မကြာသေးမီက Twitter အသုံးပြုသူ @FrontCrypt သည် LG Rollable ကို ၂၀၂၁ ခုနှစ်စက်တင်ဘာလ (သို့မဟုတ်)နောက်ပိုင်းတွင် ရရှိနိုင်ကြောင်း ကိုရီးယားသတင်းအချက်အလက် များမှသိရကြောင်း ရေးသားခဲ့ပါတယ်။ ကြာရှည်ခံမှုပြသနာတွေဖြေရှင်းနေခြင်းကြောင့်ဖြစ်ပါတယ်။

LG Rollable ဟာ အရင်ကလည်း Slide-Out Display သုံး မျိုးဆက်သစ်ဖုန်းနမူနာတွေကို အမြည်းမိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ LG ရဲ့ Explorer Project ရဲ့ စမ်းသပ်ထုတ်ကုန်တစ်ခုဖြစ်ပြီး အနာဂါတ်မှာ LG ဟာ display ဆိုဒ် ဆွဲထုတ်နိုင်မယ့်နည်းပညာကို ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုသွားမှာပါ။ သတင်းတွေအရ ဒီနှစ် စက်တင်ဘာအကုန်မှာ LG Rollable ဖုန်းကို ဈေးကွက်မှာ ဖြန့်ချီဖို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိအွန်လိုင်းမှာကျင်းပသည့် CES 2021 ပွဲတွင် LG မှ LG Rollable ဟုအမည်ရသည့် ဖုန်းမျက်နှာပြင် ဆွဲထုတ်ပြီးလှိမ့်နိုင်သည့်စမတ်ဖုန်း၏တီထွင်မှုကို မိတ်ဆက်ပေးခဲ့ပါတယ်။

“အခု CES 2021 မှာ ထုတ်ပြသွားပြီ ဖြစ်လို့ ဒီနှစ်ထဲမှာ ဖြန့်ချီဖြစ်ဖို့ ရှိတယ်လို့တော့ ပြောနိုင်ပါတယ်” လို့ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူက Nikkei ကို ပြောပါတယ်။ LG Rollable ဟာ တရုတ် display နည်းပညာကုမ္ပဏီ BOE ထုတ် flexible OLED display ကို သုံးသွားဖို့ ရှိပါတယ်။ ဒီ OLED display စနစ်ဟာ ဖုန်းကိုယ်ထည်ကနေ Screen ကို ဘေးဘက် ဆွဲဆန့်ထုတ်နိုင်စေမှာပါ။ LG ကတော့ ဒီထုတ်ကုန်မှာ သုံးတဲ့ display နည်းပညာနဲ့ screen size အပါအဝင် တခြားအချက်အလက်အသေးစိတ်တွေ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

Screen ဟာ ပုံမှန် ဖုန်းတစ်လုံးဆိုဒ်ကနေ တက်ဘလက်တစ်လုံးလို အပြန်အလှန် ပြောင်းလဲနိုင်မှာ ဖြစ်ပြီး LG ကတော့ ဒီနည်းပညာကို Resizable Screen လို့ နာမည်ပေးထားပါတယ်။ LG Rollable ဖုန်း အပေါ်နဲ့ အောက်ဘောင်တွေမှာ ပုံမှန် ဖုန်းတစ်လုံးအရွယ်အစားကနေ တက်ဘလက်ဆိုဒ်ပြောင်းဖို့ Roller Motor Mechanism သုံးထားဖို့ ရှိပါတယ်။ ဒီနည်းပညာဟာ မြင်တွေ့ခဲ့ရတဲ့ OPPO X 2021 Concept ဖုန်းနဲ့ ဆင်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးဟာ ညာဘက်အခြမ်းကနေ Screen ကို ဆွဲထုတ်တာ ဖြစ်ပါတယ်။ လောလောဆယ် Tip ပေးထားတဲ့ ဈေးနှုန်းအရ LG Rollable ဟာ အမေရိကန်ဈေးကွက်ထဲ ဒေါ်လာ ၂၅၆၀ (မြန်မာငွေ ၃၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းတွေ ပြေးနေပါတယ်။ ဒီအကြောင်းကို ၂၀၂၁ နှစ်မကုန်ခင် တရားဝင် ကြားသိရဖို့ ရှိပါတယ်။ 

Photo :SlashGear

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။