iPhone 13 တွင် 120Hz display နဲ့ notch သေးငယ်သွားပြီးဘက်ထရီ ပိုများလာနိုင်

လေ့လာသုံးသပ်သူ Ming-Chi Kuo ရဲ့ပြောကြားချက်အရ iPhone 13 တွင် သေးငယ်တဲ့ notch ကိုမြင်ရမှာဖြစ်ပြီး Pro ဗားရှင်းတွင် 120Hz soft screen LTPO နည်းပညာ ပါလာဖို့မျှော်လင့်ရပါတယ်။

မကြာသေးမီက Ross Yong၊ Jon Prosser၊ Max Weinbach နှင့်အခြားသတင်း အရင်းအမြစ်များမှ iPhone 13 သည် Pro Model တွင် 120Hz မြင့်သော Refresh Rate ပါလာမှာဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်က ProMotion နာမည်နဲ့ထွက်ထားတဲ့ iPad Pro တွင်ထောက်ပံ့ထားပြီးဖြစ်ပါတယ်။

ထွက်လာတဲ့ကြော်ညာချက်တွေအရ iPhone 12  တွင်ဖြန့်ချီထားတဲ့အတိုင်း iPhone 13 စီးရီးများကိုမော်ဒယ်လေးခုနှင့်ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီးမော်ဒယ်လေးခုစလုံးသည် Lightning port ကိုဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်။ 5G စွမ်းဆောင်ရည်ကို အထောက်အကူပြုရန် Snapdragon X60 modem ကိုအသုံးပြုမယ်လို့ မျှော်လင့် ရပါတယ်။

လေ့လာသုံးသပ်သူ Ming-Chi Kuo ရဲ့ပြောကြားချက်အရ iPhone 13 တွင် သေးငယ်တဲ့ notch ကိုမြင်ရမှာဖြစ်ပြီး Pro ဗားရှင်းတွင် 120Hz soft screen LTPO နည်းပညာပါလာဖို့မျှော်လင့်ရပါတယ်။

Kuo က iPhone 13 စီးရီးရှိမော်ဒယ်အားလုံးအတွက် iPhone 12 Pro Max တွင်အသုံးပြုခဲ့တဲ့ Sensor-Shift Image Stabilization နည်းပညာကိုထည့်သွင်း အသုံးပြုသွားမည်ဟုယခင်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထို့အပြင် iPhone 13 မော်ဒယ်တွင်ပိုမိုကျယ်ပြန့်တဲ့အလင်းတွေကိုလက်ခံနိုင်ဖို့အတွက် Ultra Wide မှန်ဘီလူး f / 1.8 aperture နှင့် Auto Focus တို့ကို အရည်အသွေး အဆင့်မြင့်သွားမှာဖြစ်ပြီးနှင့်  LiDAR အာရုံခံစနစ်ကို Pro မော်ဒယ်များအတွက်သာ အသုံးပြုသွားမယ်လို့မျှော်လင့်ရပါတယ်။

သို့သော်ယခင်ကထွက်လာတဲ့ သတင်းတွေအရ charging port ကိုဖြတ်တောက်ခြင်း ကိစ္စနှင့်ပတ်သတ်ပြီး ဒီတစ်ကြိမ်မှာတော့ ဒီနှစ်ထဲမှာထွက်လာမည့် iPhone မော်ဒယ် များကို port တွေပါလာမှာဖြစ်ပြီး Lightning Port ကိုပဲဆက်လက် အသုံးပြု သွားမှာ ဖြစ်ပါတယ်။  ကြိုးမဲ့အားသွင်းခြင်း (သို့မဟုတ်) MagSafe သည်ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာကြောင့် charging port ကိုဖြတ်တောက်ခြင်းသည် အလွန်စောနေသေးတယ်လို့ ဖော်ပြထားပါတယ်။

iPhone 13 မော်ဒယ်လေးခုစလုံးတွင်အရွယ်အစားလျှော့ချခြင်းကြောင့် iPhone 12 နှင့်နှိုင်းယှဉ်လျှင်ဘက်ထရီစွမ်းဆောင်နိုင်မှုပိုများလာမှာဖြစ်ပါတယ်။  ဘက်ထရီစွမ်းဆောင်နိုင်မှု ပိုများလာသည်နှင့်အမျှ အလေးချိန်ပိုတိုးလာမှာပါ။ထို့အပြင် iPhone SE အတွက် Kuo က ၂၀၂၂ ခုနှစ်ပထမနှစ်ဝက်တွင်စတင်မိတ်ဆက်သွားမယ်လို့ ကြော်ညာချက်ထုတ်ထားပါတယ်။ မော်ဒယ်သစ်တွင် ၄.၇ လက်မမျက်နှာပြင်မော်ဒယ်ဟောင်းနှင့် ဆင်တူသည့်ဒီဇိုင်းရှိသော်လည်း 5G အထောက်အပံ့နှင့်အသုံးပြုမှုပိုမိုမြန်ဆန်သောချစ်ပ်များထည့်သွင်းပေးသွား မှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။