DxOMark မှ iPhone 12 mini ကင်မရာရမှတ်များကိုဖော်ထုတ

၂၀၂၀ အောက်တိုဘာလမှာ Apple သည် iPhone 12 mini နှင့်အတူအခြား iPhone 12 မော်ဒယ်များကို ဖြန့်ချီခဲ့ပါတယ်။  iPhone 12 mini ၏ကင်မရာကိုယ်ထည်တွင် iPhone 12 Pro နှင့်ဆင်တူပြီး zoom နှင့် LiDAR ကင်မရာများကိုဖြတ်တောက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ DxOMark က iPhone 12 mini ကင်မရာရဲ့ စွမ်းဆောင်ရည် ရမှတ် ကိုဖော်ထုတ်ခဲ့ပါတယ်။DxOMark မှ iPhone 12 mini ကင်မရာရမှတ်များကို ဖော်ထုတ်ခဲ့ပြီး စုစုပေါင်းရမှတ် ၁၂၂ မှတ်ရရှိခဲ့ပါတယ်။သို့သော်လည်း DxOMark ရဲ့Top 10 ထဲမပါခဲ့ပါဘူး။

iPhone 12 Pro နှင့် iPhone 12 Pro Max တို့ကလည်း ၁၂၈မှတ် နှင့် ၁၃၀ မှတ်အသီးသီး ရရှိခဲ့ကြပါတယ်။ စမတ်ဖုန်းများအတွက်နံပါတ်တစ် အကောင်းဆုံး ကင်မရာမှာ Huawei Mate 40 Pro + ဖြစ်ပြီး ၁၃၉ မှတ်ရရှိထားတာဖြစ်ပါတယ်။

iPhone 12 mini ၏ရမှတ်များအနက် ဓာတ်ပုံရိုက်ကူးမှုရမှတ် ၁၃၂ မှတ်၊ zoom အတွက်ရမှတ် ၄၁ မှတ် နှင့်ဗီဒီယိုရိုက်ကူးမှုရမှတ် ၁၂၂ မှတ် အသီးသီးရရှိထားပါတယ်။

iPhone 12 mini ၏ကင်မရာကိုယ်ထည်တွင် iPhone 12 Pro နှင့်ဆင်တူပြီး zoom နှင့် LiDAR ကင်မရာများကိုဖြတ်တောက်ထားခဲ့ပါတယ်။ဒီနေ့မှာတော့ DxOMark က iPhone 12 mini ကင်မရာရဲ့ စွမ်းဆောင်ရည် ရမှတ်ကိုဖော်ထုတ်ခဲ့ပါတယ်။

iPhone 12 mini ၏ကင်မရာအရည်အသွေးမှာ DxOMark ကခြုံငုံသုံးသပ်ချက်အရ iPhone 12 Pro နှင့်ဆင်တူပြီး အကယ်၍ zoom ကင်မရာနှင့် LiDAR တို့ကို ထည့်မတွက် ပါက ကင်မရာအရည်အသွေးသည် iPhone 12 Pro နှင့်အတူတူပင်ဖြစ်ပါတယ်။ သို့သော် လည်း စျေးနှုန်းပိုချိုသာသည့်အပြင် ဗီဒီယိုစွမ်းဆောင်ရည်အလွန်မြင့်ပြီး အခြေအနေ အမျိုးမျိုးတွင်အသုံးပြုနိုင်ပါတယ်။

Photo : Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။