ရောင်းအားအကောင်းဆုံးဖုန်းမော်ဒယ်ဖြစ်နေတဲ့ iPhone 12 

iPhone 12 ဟာအရောင်းရဆုံးဖုန်းမော်ဒယ်ဖြစ်ပေမယ့် iPhone 12 mini ကတော့သုံးစွဲသူတွေကြားသိပ်မပေါက်ခဲ့ပါဘူး။Consumer Intelligence Research Partners (CIRP) မှအစီရင်ခံစာသစ်တစ်ခုအရ Apple သည် iPhone 12 စီးရီးနှင့်အောင်မြင်မှုဆက်လက်ရရှိနေပါတယ်။အောက်တိုဘာလတွင်ရောင်းခဲ့သော iPhone 12 ရောင်းအား သည် ၇၆% အထိ ကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် iPhone 12 စီးရီးများဖြစ်သောပုံမှန် မျက်နှာပြင် ၆.၁ လက်မရှိ iPhone 12 စီးရီး၏ရောင်းအားသည်အောက်တိုဘာလ မှ နိုဝင်ဘာလအတွင်းဖြန့်ချီရောင်းချပေးခဲ့သော

 ကျန် iPhone 12 Series များအားလုံးထက် ပိုရောင်းအားကောင်းနေပါတယ်။ ၎င်း iPhone  ရောင်းအားမှာ၂၇ ရာခိုင်နှုန်းနှင့်အထက်မှာရှိနေပြီး iPhone 12 Pro နှင့် iPhone 12 Pro Max နှစ်ခုပေါင်းရောင်းအားသည်  20% သာရှိနေပါတယ်။

Consumer Intelligence Research Partners (CIRP) မှအစီရင်ခံစာသစ်တစ်ခုအရ Apple သည် iPhone 12 စီးရီးနှင့်အောင်မြင်မှုဆက်လက်ရရှိနေပါတယ်။

iPhone 11 (သို့မဟုတ်) ပြီးခဲ့သည့်နှစ်က iPhone ရောင်းအား၏ ၆၉ ရာခိုင်နှုန်းဖြင့်ရောင်းအားကိုလွှမ်းမိုးခဲ့သော်လည်း ရောင်းအား ၇၆ ရာခိုင်နှုန်းဖြင့်ရောင်းချရတဲ့  iPhone 12 ထက် လျော့နည်းနေတာကိုတွေ့ရပါတယ်။

သို့သော်လည်း iPhone 12 Series ထဲကမှ မျက်နှာပြင်သေးငယ်တဲ့  iPhone 12 mini ကဲ့သို့သော အရွယ်အစားသည်ရောင်းအားသိပ်မများခဲ့ပါဘူး။ ဒါမှမဟုတ်မျက်နှာပြင်သေးသေးလေးကိုသုံးချင်တဲ့သူတွေကအရမ်းကိုနည်းပါးနေတာကြောင့်လို့ သုံးသပ်မိပါတယ်။

Photo:MacRumors

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…..