iPhone 12 ရောင်းအားအကောင်းဆုံး 5G စမတ်ဖုန်းဖြစ်လာ

Couterpoint မှဖော်ပြချက်များအရ iPhone 12 သည်ဒီနှစ်အတွင်း ပြီးခဲ့တဲ့အောက်တိုဘာလတွင် ရက်သတ္တပတ်အနည်းငယ်သာဖြန့်ချီခဲ့ပေမယ့် အောက်တိုဘာလအတွင်းအရောင်းရဆုံး 5G စမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။

iPhone 12 ကိုအောက်တိုဘာလ၏ ဒုတိယရက်သတ္တပတ်တွင် အခြား iPhone 12 မော်ဒယ်သုံးမျိုးနှင့်အတူမိတ်ဆက်ပေးခဲ့ပြီး တစ်ပတ်အကြာမှာ iPhone 12 ကိုတရားဝင် ဖြန့်ချီရောင်းချခဲ့ပါတယ်။ ရက်အနည်းငယ်သာရောင်းချခဲ့ရသော်လည်း iPhone 12  သည်အောက်တိုဘာလတွင်အရောင်းရဆုံး 5G စမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။

iPhone 12 Pro အနေနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ အရင်ဦးဆုံးထွက်ထားတဲ့  Galaxy Note 20 Ultra 5G, Huawei Nova 7 5G, Oppo S72 5G စသည့် 5G စမတ်ဖုန်းများရှေ့တွင်ဦးဆောင်နေတာဖြစ်ပါတယ်။ Counterpoint က iPhone 12 နှင့် iPhone 12 Pro တို့ကိုစတင်မိတ်ဆက်ပြီးနောက်မကြာမီရောင်းအားကောင်း ရခြင်းအကြောင်းရင်းကိုရှင်းပြခဲ့ပါတယ်။

Couterpoint မှဖော်ပြချက်များအရ iPhone 12 သည်ဒီနှစ်အတွင်း ပြီးခဲ့တဲ့အောက်တိုဘာလတွင် ရက်သတ္တပတ်အနည်းငယ်သာဖြန့်ချီခဲ့ပေမယ့် အောက်တိုဘာလအတွင်းအရောင်းရဆုံး 5G စမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။

iPhone အသုံးပြုသူများစွာသည် 5G သို့ပြောင်းသုံးကြပြီး အမေရိကန်ပြည်ထောင်စု၌ စမတ်ဖုန်းသုံးစွဲသူတွေကို 5G ပြောင်းသုံးလာအောင် ပရိုမိုးရှင်းများအမြောက်အမြားပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် iPhone ၏စမတ်ဖုန်းစျေးကွက်သည်တခြားနိုင်ငံပေါင်း ၁၄၀ ကျော်ရှိ 5Gစမတ်ဖုန်းများထက်ပိုမို ကျယ်ပြန့်နေသောကြောင့်ဖြစ်ပါတယ်။

Photo:MacRumors

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။