Samsung စမတ်ဖုန်းရောင်းအားကျဆင်း

Samsung စမတ်ဖုန်း ဌာနခွဲ၏ နောက်ဆုံးဝင်ငွေရရှိမှုအစီရင်ခံစာအရ ကုမ္ပဏီက မျှော်လင့် ထားသည့် အတိုင်း ၀င်ငွေ၏ကိန်းဂဏန်းများကိုမကျေနပ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ၏စတုတ္ထသုံးလပတ်တွင် Samsung ၏စမတ်ဖုန်းရောင်းအားသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အထူးသဖြင့်စတုတ္ထသုံးလပတ်တွင် Apple က iPhone 12 ကိုဖြန့်ချီခဲ့ပြီး ရောင်းအား အားလုံးဟာ Apple ဘက်ကအားသာနေတာ တွေ့ရပါတယ်။

မော်ဒယ်များအားလုံးတစ်ပြိုင်နက်တည်းမဖြန့်ချီခဲ့ပေမယ့် ၀ယ်ဖို့စောင့်နေတဲ့သုံးစွဲသူတွေ ရှိနေတုန်းပဲဖြစ်ပါတယ်။Apple ဘက်မှပြောကြားချက်အရ iPhone 12  ဝယ်လိုအား အလွန်မြင့်မားကြောင်း iPhone ရောင်းအားသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီသည် ၀င်ငွေဒေါ်လာဘီလီယံ ၁၀၀ ကျော်ရရှိခဲ့ပါတယ်။ နှစ်အကုန်တွင် စတင်မိတ်ဆက် ခဲ့သော Samsung Galaxy စမတ်ဖုန်းအသစ်များထွက်ရှိလာခြင်းသည် လည်းအဓိကအတားအဆီးတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

 

Samsung စမတ်ဖုန်း ဌာနခွဲ၏ နောက်ဆုံးဝင်ငွေရရှိမှုအစီရင်ခံစာအရကုမ္ပဏီကမျှော်လင့်ထားသည့်အတိုင်း ၀င်ငွေ၏ကိန်းဂဏန်းများကိုမကျေနပ်ဖြစ်ခဲ့ပါတယ်။

Samsung အနေနဲ့စမတ်ဖုန်းဌာနအနေဖြင့်ရောင်းအားကောင်းစွာမလုပ်ဆောင် နိုင်သော်လည်း Samsung Display လိုမျက်နှာပြင်ဌာနက တော်တော်လေးကို အထင်ကြီးလေးစားစရာကောင်းတဲ့ရောင်းအားတွေကိုဖန်တီးနိုင် ခဲ့ပါတယ်။

ကြီးမားတဲ့ OLED မျက်နှာပြင်တွေကို Apple အတွက်ပါထုတ်လ သို့သော် chipနှင့် memory ရောင်းချမှုမှာအနည်းငယ်ကျဆင်းသွားပြီ $ 6 ဘီလီယံအသားတင်အမြတ်သာ ရရှိခဲ့ပါတယ်။

၂၀၂၀ ၏နောက်ဆုံးသုံးလပတ်တွင်ရောင်းအားအလွန်နည်းသော်လည်း Samsung သည် S21 အသစ်ကို မကြာသေးမီကဖြန့်ချီခဲ့ပြီး ၂၀၂၁ ပထမလအနည်းငယ်အတွက်ရည်ရွယ်ပြီး ဖြန့်ချီရောင်းချ ခဲ့တာဖြစ်ပါတယ်။

Samsung က Galaxy S21 ရောင်းအားကိုတိုးမြှင့်ခြင်းနှင့်ခေါက်သိမ်းနိုင်သော စမတ်ဖုန်းကို တိုးမြှင့်ခြင်းအားဖြင့် ယခင်ကထက် 5G ကိုထောက်ပံ့သောစမတ်ဖုန်းများ စတင် အာရုံစိုက်လာခြင်းအပါအဝင်ထိပ်တန်း စမတ်ဖုန်း ဈေးကွက်တွင် ဦးဆောင်လာနိုင် လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။