Huawei Mate 40 Pro + ကိုကမ္ဘာ့အကောင်းဆုံးကင်မရာစမတ်ဖုန်းအဖြစ်သတ်မှတ်

DxOMark က Huawei Mate 40 Pro + ၏ကင်မရာအမှတ်များကိုဖော်ထုတ်ခဲ့ပါတယ်။Huawei flagship ဖုန်းတွေဟာ ကင်မရာအ‌ကောင်းဆုံးဖုန်းတွေအဖြစ် နာမည်ကျော်ပါတယ်။

Huawei ရဲ့ နောက်ဆုံးထွက် အဆင့်မြင့်ဆုံးစမတ်ဖုန်းမော်ဒယ်တစ်ခုဖြစ်တဲ့ Huawei Mate 40 Pro+ ဟာ DxOMark ကင်မရာရမှတ်အနေနဲ့ ၁၃၉ မှတ်ရထားပါတယ်။ ဒါဟာ DxO Camera ဌာနအတွက် စံချိန်သစ်တစ်ခု ဖြစ်တယ်လို့ Gizmochina က ဆိုပါတယ်။

၎င်းရမှတ်သည် Huawei Mate 30 Pro 5G ထက် ၁၆ မှတ်ပိုမြင့်ပြီး Huawei P40 Pro ထက် ၇ မှတ်ပိုမြင့်ပါတယ်။ DxOMark ရဲ့ Photo ပိုင်းစမ်းသပ်ချက်မှာ Huawei Mate 40 Pro + ကို ၁၄၄ မှတ်အထိ ပေးထားပါတယ်။

ဒါဟာ Still ရုပ်ငြိမ်ဓါတ်ပုံရိုက်ချက်တွေမှာ အမြင့်ဆုံးအမှတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ယခုလက်ရှိတွင်  Huawei Mate 40 Pro + သည်ကမ္ဘာပေါ်တွင် အကောင်းဆုံးကင်မရာ စမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။  Huawei Mate 40 Pro သည် အမှတ် ၃မှာတည်ရှိနေပါတယ်။

Huawei ရဲ့ နောက်ဆုံးထွက် အဆင့်မြင့်ဆုံးစမတ်ဖုန်းမော်ဒယ်တစ်ခုဖြစ်တဲ့ Huawei Mate 40 Pro+ ဟာ DxOMark ကင်မရာရမှတ်အနေနဲ့ ၁၃၉ မှတ်ရထားပါတယ်။ ဒါဟာ DxO Camera ဌာနအတွက် စံချိန်သစ်တစ်ခု ဖြစ်တယ်လို့ Gizmochina က ဆိုပါတယ်။

ကင်မရာအသေးစိတ်အချက်အလက်များ Huawei Mate 40 Pro +

– အဓိကကင်မရာ၊ ၅၀ MP resolution၊ ၁ / ၁.၂၈″ အာရုံခံကိရိယာ (12 MP output)၊ 23mm f / 1.9-aperture မှန်ဘီလူး, full-pixel Octa-PD, OIS

– Ultra-wide: 20 MP 1 / 1.54″ အာရုံခံကိရိယာ, 14 mm နှင့်ညီမျှသော f / 2.4-aperture မှန်ဘီလူး, PDAF

-Tele 1: 12 MP၊ 70mm နှင့်ညီသော f / 2.4-aperture မှန်ဘီလူး၊ PDAF, OIS

– Tele 2: 8 MP, 240 mm နှင့်ညီမျှသော f / 4.4-aperture မှန်ဘီလူး၊ PDAF, OIS

– LED flash

– 4K, 2160p / 60 fps ဗီဒီယိုရိုက်ကူးခြင်းများကိုထောက်ပံ့ပေးခြင်း

– Multispectral အရောင်အပူချိန်အာရုံခံကိရိယာ

-ToF 3D အာရုံခံကိရိယာ

DxOMark ၏ထုတ်ပြချက်များအရ  Huawei Mate 40 Pro + ၏ကင်မရာသည် အားနည်းချက်အလွန်နည်းပြီး တိကျသောပုံရိပ်ကိုဖမ်းနိုင်ပါတယ်။ Wide dynamic အလွန်နိမ့်သောဆူညံသံနှင့်အလင်းနည်းသောနေရာတွေမှာဓါတ်ပုံများကိုရိုက်ကူးနိုင်ပါတယ်။ ကင်မရာအားနည်းချက်အနေနဲ့ Depth of Field မျိုးမှာ သိပ်မထိရောက်သလို close-range ရိုက်ချက်တွေမှာ focus မပြတ်တာမျိုးလေးတွေလည်း ရံဖန်ရံခါတွေ့ရတယ်လို့ ဆိုပါတယ်။

အလင်းအားနည်းချိန် low-light မှာ video frames တွေအကြား ပုံရိပ်ပြတ်သားမှုမတူတာမျိုးလည်း ဖြစ်တယ်လို့ DxOMark က မှတ်ချက်ပေးထားပါတယ်။  Zoom ချဲ့တဲ့အပိုင်းမှာတော့  Xiaomi Mi 10 Ultra ကပိုပြီးသာလွန်ကောင်းမွန်နေပါတယ်။ Huawei Mate 40 Pro + ရဲ့ Zoom စွမ်းဆောင်ရည်မှာတော့ Xiaomi Mi 10 Ultra ထက် ၃ မှတ်လျော့ပြီး ၉၈ မှတ်ပေးထားပါတယ်။ 

Huawei Mate 40 Pro + သည် Huawei Mate 40 Pro ထက် zoom ချဲ့တဲ့ အပိုင်းမှာသာလွန်နေပါတယ်။ သို့သော်ဗီဒီယိုရိုက်ကူးခြင်းတွင် Huawei Mate 40 Pro ထက်ရမှတ်တွေနိမ့်နေပါတယ်။ ပျမ်းမျှရမှတ်နိမ့်ကျစေသောအချက်တွေကတော့ ဘေးနားက ဆူညံသံတွေထိန်းချုပ်နိုင်ခြင်းစနစ်နှင့် အလင်းအမှောင်တို့ကြောင့်ဖြစ်ပါတယ်။ဗီဒီယိုပိုင်းမှာ Huawei Mate 40 Pro + ဟာ ၁၁၆ မှတ်ရ Huawei Mate 40 Pro ထက် ၁ မှတ်လျော့ပါတယ်။

DxO Mark ရဲ့ ကင်မရာအကောင်းဆုံးဖုန်း ၅ လုံးမှာ Huawei ဖုန်း ၃ လုံး ပါရှိပါတယ်။ Huawei Mate 40 Pro + ဟာ ရုပ်ငြိမ်ဓါတ်ပုံနဲ့ဗီဒီယိုတွေကို တိကျတဲ့ Exposure အလင်းအမှောင်နဲ့ Wide dynamic Range နဲ့ ဖမ်းယူနိုင်ပါတယ်။ Telephoto နဲ့ 14mm FOV ultrawide lens တွေအပြင် ပုံတွေကို တုန်ခြင်း ၊ ဝါးခြင်းမရှိအောင် ကူညီပေးမယ့် OIS ရုပ်ငြိမ်စနစ်တွေလည်း ထည့်ထားတာပါ။ 

Photo:NextPit,PhoneArena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။