Huawei Mate 40 Mate 40 Pro Mate 40 Pro Plus နဲ့ Mate 40 RS Porsche Design တို့ကို မိတ်ဆက်

Mate 40Proဟာ ဘေးဘောင်မှာ ပါဝါနဲ့ အသံတိုး/လျှော့ ခလုတ်တွေ တပ်ဆင်ထားတာ တွေ့ရပါတယ်။ အရင်နှစ်Huawei Mate 30 စီးရီးမှာ virtual buttons တွေ သုံးခဲ့တာ ဖြစ်ပါတယ်။ display ဘေးဘောင်တွေကို ၈၈ ဒီဂရီ တောင့်ချိုးအထိ သိသိသာသာကွေးညွှတ်ထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၇၈ လက်မ OLED display ဟာ 1344 x 2772px ရုပ်ထွက်ပါရှိပါတယ်။ display အပေါ်ဘယ်ထောင့်မှာ dual punch-hole ကင်မရာပေါက် သုံးထားပါတယ်။ ရှေ့ကင်မရာဟာ 3D ToF depth sensor တစ်ခုနဲ့ 13MP ကင်မရာတို့ ဖြစ်ပြီး မျက်နှာပြင်နဲ့ လက်အမူအယာတွေကိုလည်း ဖမ်းယူသိရှိနိုင်မှာ ဖြစ်ပါတယ်။ Pro မော်ဒယ်ဟာ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာဒီဇိုင်း သုံးထားပြီး ရုတ်တရက်ကြည့်မယ်ဆိုရင် iPod click wheel နဲ့ ဆင်နေပါတယ်။ ကင်မရာအနေနဲ့ OIS ရုပ်ငြိမ်စနစ်ပါ 50MP main sensor နဲ့ လာမှာ ဖြစ်ပြီး ဒီကင်မရာဟာ 8K video ရိုက်ကူးနိုင်တဲ့အပြင် ကာလာထွက်ပိုကောင်းစေဖို့ dual tone LED flash နဲ့ သဘာဝအလင်း ကာလာ sensor တို့ ပါရှိပါတယ်။

Huawei Mate40ဖုန်းတွေမှာ ဖုန်း Gallery ထဲက ပုံတွေကို ကြည့်ဖို့အတွက် လက်ကို ဘယ်/ညာရွှေ့ခြင်း ၊ eBook စာမျက်နှာတွေကို လှန်ဖို့ လက်ကို အပေါ်အောက် လှုပ်ဖယ်ခြင်း ၊ ဖုန်းအဝင်ကောလက်ခံမှုကို လက်နဲ့ အမိန့်ပေးခြင်းများ လုပ်နိုင်မှာပါ။ screen refresh rate အနေနဲ့ 90Hz ပါရှိပြီး မှန်ပြင်အောက်မှာ လက်ဗွေဖတ် sensor ထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါ 4400 mAh ဟာ66W wired နဲ့ 50W wireless charging တို့ support ပေးထားပါတယ်။ 

Huawei Mate40Pro ဖုန်းသစ်တွေဟာ Mali-G78 GPU ပါဝင်တဲ့ Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် 5nm Kirin 9000 processor နဲ့ လာပါတယ်။ Huawei ကတော့ ဒီ chipset သစ်ရဲ့ CPU နဲ့ GPU စွမ်းဆောင်ရည်ဟာ Snapdragon 865 Plus SoC ထက် ၁၀% နဲ့ ၅၂% စီ ပိုမြန်တယ်လို့ ဆိုပါတယ်။ RAM/storage အနေနဲ့ 8GB/256GB အပြင် Nano Memory card နဲ့လည်း storage ကို ထပ်မြှင့်နိုင်မှာ ဖြစ်ပါတယ်။ Huawei Mate စီးရီး ဖုန်းတွေဟာ Huawei M Pen 2 Stylus သစ်လည်း support ပေးထားပါတယ်။ 

Huawei ရဲ့ ပရီမီယံဖုန်းသစ်တွေ ဖြစ်တဲ့ Huawei Mate 40 Mate 40 Pro Mate 40 Pro Plus နဲ့ Mate 40 RS Porsche Design တို့ကို မိတ်ဆက်ပေးလိုက်ပါပြီ။

Huawei Mate 40 Pro

ကင်မရာဟာ Mate series တွေရဲ့ ဆွဲဆောင်မှုအကောင်းဆုံး feature တစ်ခု ဖြစ်ပြီးHuawei Mate 40Proဟာ ကျောဘက်မှာ iPod click-wheel စတိုင် စက်ဝိုင်းပုံကင်မရာအိမ်နဲ့ လာပါတယ်။ main camera ဟာ P40 Pro စတိုင် 50MP RYYB sensor ဖြစ်ပြီး ဒီကင်မရာနဲ့အတူ 5x periscope 12MP ကင်မရာ နဲ့ ၁၂၀ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 20MP ultra-wide ကင်မရာတို့ တွဲသုံးထားပါတယ်။ ကင်မရာ cutout ထဲမှာ 5x optical zoom ပါ 12MP tele ကင်မရာ ၊ 20MP ultrawide sensor တို့အပြင် Laser Autofocus ၊ color temperature sensor နဲ့ LED flash တစ်ခုလည်း ပါရှိမှာ ဖြစ်ပါတယ်။ processor အနေနဲ့ Huaweiရဲ့ အဆင့်မြင့်ဆုံး 5nm Kirin chip ဖြစ်တဲ့ Kirin 9000 chipset နဲ့လာပြီး RAM 12GB အထိ  ရှိပါတယ်။

Mate 40Proကို Mystic Silver ၊ White ၊ Black ၊ Green နဲ့ Yellow ကာလာတွေနဲ့ ထွက်ထားပါတယ်။ အစိမ်းနဲ့ အဝါကာလာနှစ်ရောင်ဟာ လယ်သာသားရေတုနဲ့ ထွက်ထားပါတယ်။ ဥရောပဈေးကွက်မှာ Huawei ဟာ RAM 8GB/256GB UFS 3.1 storage နဲ့ ဖြန့်ချီသွားဖို့ စီစဉ်ထားပြီး storage ကို Nano Memory cards ကနေ တစ်ဆင့် ထပ်တိုးနိုင်မှာပါ။

Huawei Mate 40Pro သစ်ဟာ 65W wired charging ပံ့ပိုးမှုပါတဲ့ 4400mAh နဲ့ လာဖို့ ရှိပြီး wireless charging နဲ့ reverse charging စနစ်တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဥရောပဈေးကွက်မှာ ယူရို ၁၂၀၀ (မြန်မာငွေ ၁၈ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။