How to become healthy

ကျန်းမာရေးသည်လူတိုင်းအတွက် အရေးကြီးဆုံးအခန်းကဏ္ဍ မှပါဝင်သည် ။ ကျန်းမာမှသာလျှင် မိမိ၏ ၁နေ့တာလုပ်ငန်းဆောင်တာများကိုပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်နိုင်ပါလိမ့်မည် ။ သို့သော်လည်း လူအများစုသည် သက်ဆိုင်ရာ ဘဝတွက်တာ ကိစ္စ အဝဝ များဖြင့်သာအချိန်ကုန်နေသဖြင့် ကျန်းမာရေးရာများကို မေ့လျှော့နေလေ့ရှိသည် ။ ထို့ကြောင့် လူတိုင်းအတွက်လိုအပ်သော ကျန်းမာရေးအတွက် ပြုမူဆောင်ရွက်သင့်သော အလေ့အကျင့်ကောင်းများကို ရေးသား ဖော်ပြလိုက်ရပါသည် ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း သို့မဟုတ် နေ့၁နေ့တာကို ဖျက်လက်တက်ကြွစွာ ဖြတ်သန်းခြင်းသည်ကျန်းမာရေးအတွက် လွန်စွာမှ အကျိုးဖြစ်ထွန်းစေသည် ။ ထို့ကြောင့်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာသော ကိုယ်ခန္ဓာနှင့်စိတ်ကို ပိုင်ဆိုင်စေနိုင်သော အရေးကြီးဆုံးနှင့်အခြေခံ အကျဆုံး အချက်၁ချက်ဖြစ်သည် ။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် အယ်လ်ဇိုင်းမားရောဂါ ၊ ဆီးချိုရောဂါ အမျိုးအစား ၂ ၊ အချို့သော ကင်ဆာရောဂါများ ကိုပင် ကာကွယ်ပေးနိုင်သည် ။ လေ့ကျင့်ခန်းလုပ်ပါဟု ဆိုရာတွင် ၁ပါတ်၇ရက်လုံး gym သွားကာ ပြုလုပ်ရမည် ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ ။ ၁နေ့တာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေစဥ်အတွင်းမှာပင် လွယ်ကူစွာ လုပ်ဆောင်နိုင်တာတွေရှိပါသည် ။ ဥပမာ အားဖြင့် မနက်ခင်းစောစော မနက်အဝယ်ထွက်ရင်း လမ်းလျှောက်တာ စက်ဘီးစီးတာမျိုး ၊ အထပ်မြင့်ရုံးတွင်အလုပ်လုပ်ပါက ဓါတ်လှေအစား ရိုးရိုးလှေကားအသုံးပြုတာမျိုး တွေကပင်လျှင် ရိုးရှင်းလွယ်ကူသောလေ့ကျင့်ခန်းများဖြစ်သည် ။ ၁ရက်လျှင် မိနစ်၂၀ သို့မဟုတ် မိနစ် ၃၀ ခန့်လေ့ကျင့်ခန်း လုပ်ပေးသင့်သည် ။ ထို့ကြောင့် မိမိနှစ်သက်ရာ လေ့ကျင့်ခန်း အမျိုးအစား ကိုရွေးချယ်ကာ အချိန်ပေးလုပ်ဆောင်သင့်သည် ။

ကျန်းမာရေးအတွက်သင့်တော်သောအစားအစာများကိုစားပါ

ပိုမိုကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ယခုလက်ရှိစားသောက်မှု ပုံစံကိုပြန်လည် စဥ်းစားသုံးသပ်ရန် လိုအပ်သည် ။ အကယ်၍ ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အကျင့် တစ်ခုခု ကိုသတိပြုမိပင်လျှင် ချက်ခြင်းပြောင်းလဲ ပြင်ဆင်သင့်သည် ။ ထို့ကြောင့် မိမိစားခဲ့သည့် ၁ပါတ်စာကိုစာရင်းလုပ်ထားပါ ။

ကျန်းမာရေးသည်လူတိုင်းအတွက် အရေးကြီးဆုံးအခန်းကဏ္ဍ မှပါဝင်သည် ။ ကျန်းမာမှသာလျှင် မိမိ၏ ၁နေ့တာလုပ်ငန်းဆောင်တာများကိုပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်နိုင်ပါလိမ့်မည် ။ သို့သော်လည်း လူအများစုသည် သက်ဆိုင်ရာ ဘဝတွက်တာ ကိစ္စ အဝဝ များဖြင့်သာအချိန်ကုန်နေသဖြင့် ကျန်းမာရေးရာများကို မေ့လျှော့နေလေ့ရှိသည် ။ ထို့ကြောင့် လူတိုင်းအတွက်လိုအပ်သော ကျန်းမာရေးအတွက် ပြုမူဆောင်ရွက်သင့်သော အလေ့အကျင့်ကောင်းများကို ရေးသား ဖော်ပြလိုက်ရပါသည် ..

online websites များ (www.myfitnesspal. com) ကဲ့သို့ နေရာများတွင် မိမိ၏ စားသောက်မှုပုံစံ မှန်မမှန် ကိုအလွယ်တကူလေ့လာနိုင်သည် ။ ထိုမှ၁ဆင့် မိမိစားသောက်မှုပုံစံ၏ အားသာချက် အားနည်းချက်ကိုသိရှိနိုင်ပြီး လိုအပ်လျှင် တိုးတက်ရန်ပြင်ဆင်နိုင်မည်ဖြစ်သည် ။ ကယ်လိုရီသည် လူ့ကိုယ်ခန္ဓာထဲ၌ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်သည် ။ ထို့ကြောင့် မိမိ၏ ၁နေ့တာစားသုံးသော ကယ်လိုရီ ပမာဏ ကိုအကြမ်းဖျင်းအားဖြင့် နားလည်ထားရန်လိုအပ်သည်။ သာမန် အမျိုးသမီး၁ယောက်သည် ၁နေ့လျှင် ကယ်လိုရီ ၁၈၀၀ မှ ၂၀၀၀ ခန့်အထိလိုအပ်သော်လည်း အမျိုးသားများ အဖို့ကတော့ ၂၄၀၀ ကနေ ၂၆၀၀ အထိလိုအပ်ပါသည် ။ သို့သော်လည်း ထိုပမာဏများသည် လှုပ်ရှားမှုများသော လူများအတွက်ဆိုလျှင်တော့မှန်လိမ့်မည် မဟုတ်ပါ ။ ဆိုလိုတာကတော့ လှုပ်ရှားမှု များလျှင် ကယ်လိုရီများများ စားပေးရမည် ဖြစ်သည် ။ ဆော်လမွန်ငါး ၊ တူနာငါး ၊ အခွံမာသီး နှင့် သံလွင်ဆီတို့ မှရသောအဆီ များသည် မျှတသောအာဟာရဓာတ်နှင့် ဦးနှောက်ကိုကောင်းမွန်စွာ လည်ပါတ်ရေးအတွက် လွန်စွာ အထောက်အကူဖြစ်စေသောကြောင့် စားသုံးပေးသင့်သည် ။ ကဖိန်းဓါတ် ၊ ကာဗွန် ၊ အယ်လ်ကိုဟော နှင့် သကြားဓါတ် များသည်စွဲလမ်းစေတတ်ပြီး ခေါင်းကိုက်ခြင်း ကိုယ်လက်မအီမအာ ဖြစ်ခြင်းတို့ ဖြစ်စေနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ရှားသင့်သည် ။

နေထိုင်မှုပုံစံကိုပြောင်းလဲပါ

ကောင်းမွန်စွာ စား​​သောက်ပါ

ကျန်းမားရေးနှင့်မညီညွတ်သော နေထိုင်မှုပုံစံများကိုချက်ခြင်းပြောင်းလဲသင့်သည် ။ မိမိသည် ဆေးလိပ်သောက်တတ်သူ ဖြစ်ပါက ဆေးလိပ်ဖြတ်နိုင်အောင်ကြိုးစားပါ ။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်နှင့်ပါးစပ် ကင်ဆာ၊ လေဖြတ်ခြင်း ၊ လည်ချောင်းကင်ဆာ ၊ ပန်ကရိယ နှင့် ဆီးအိမ်ကင်ဆာတို့ကို ဖြစ်ပွားစေခြင်းဖြင့် တိုက်ရိုက်ထိစပ် နေသည် ။ ထို့ကြောင့်ဆေးလိပ်ဖြတ်ပါ ။ အရက်သောက်ခြင်းသည်လည်း သင်၏ ကျန်းမာရေး အတွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်သည် ။ ပုံမှန် သောက်သုံးခြင်းသည် ဆိုးကျိုးများစေသည် ။ အထူးသဖြင့် ကင်ဆာ ၊ နှလုံးရောဂါ နှင့် လေဖြတ်ခြင်းတို့အပါအဝင် အခြားသောကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေနိုင်သည် ။ စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှု များသည်လည်းသင်၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

ထို့ကြောင့် စိတ်ဖိမှုများကို ကျော်ဖြတ်နိုင်သည့် နည်းလမ်းများကို ရှာဖွေလေ့လာပါ ။ တရားထိုင်ခြင်းကဲ့သို့သော နည်းလမ်းများကို ကြိုးစားပြုလုပ်သင့်သည် ။ ကြုံတွေ့နေသော ပြသာနာ များကို အေးအေးဆေးဆေး စဥ်းစားကျော်ဖြတ်နိုင်ရန်ကြိုးစားပါ ။ အကောင်းမြင်နိုင်ရန်ကြိုးစားပါ ။ ​​​လေ့လာတွေ့ရှိချက်များအရ အပြုသဘောဆောင်နိုင်သူများသည် နှလုံးရောဂါနှင့် အအေးမိခြင်းကဲ့သို့သော ရောဂါများကို ပိုမိုကာကွယ်နိုင်ကြောင်းသိရှိရသည် ။

အထက်ပါအချက်များသည်ကျန်းမားရေးအတွက် အထောက်အကူပြုစေနိုင်သည့် အချက်များဖြစ်သည် ။ အချို့သော အချက်များသည် အစပိုင်းတွင် လိုက်နာရန်ခက်ခဲ သော်လည်းကြိုးစား၍ ပြောင်းလဲသင့်ပေသည် ။Mitelar Website နဲ့ Mitelar Facebook Page တို့တွင် အသေးစိတ်လေ့လာကြည့်ရူ့ နိုင်ပါသည်။