Honor  မှ Snapdragon 888 သုံးစွမ်းဆောင်ရည်မြင့်ဖုန်း

Huawei မှသီးခြားခွဲထွက်လာတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သော Honor ကုမ္ပဏီသည်အလယ်အလတ်တန်းစား စွမ်းရည်အဆင့်မြင့်စမတ်ဖုန်းများထုတ်လုပ်ရန်ပိုပြီးအာရုံစိုက်လာကြပါတယ်။(အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်ရေးသဘောထား ကွဲလွဲမှု အငြင်းပွားမှုများကိုရှောင်ရှားရန်) Snapdragon 888 chipset သုံးစွမ်းဆောင်ရည်မြင့်စမတ်ဖုန်းအသစ်တစ်ခုကိုဖြန့်ချီရန်ပြင်ဆင်နေတာဖြစ်ပါတယ်။

တရုတ်တွင်ထွက်ရှိတဲ့သတင်းအချက်အလက်များအရ  Honor သည် ၂၀၂၁ ခုနှစ်ဇူလိုင်လတွင် ၎င်းစမတ်ဖုန်းကိုဖြန့်ချီမယ်လိုမျှော်လင့်ရပြီး Magic Series အနေနဲ့ထွက်လာမှာပါ။အစောပိုင်းလောက်က Honor သည် ၂၀၂၁ ခုနှစ်ဇန်နဝါရီလအစောပိုင်းတွင် V40 နှင့် View 40 Series များကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ ၎င်းစမတ်ဖုန်းများကို Huawei ကြီးကြပ်မှုအောက်တွင်တီထွင်ခဲ့ပြီး MediaTek ချစ်ပ်များဖြင့်ထုတ်လုပ်ထားတဲ့ Dimensity 1000+, chipset နဲ့မောင်းနှင်ထားပေမယ့်၎င်းစမတ်ဖုန်းကို စွမ်းဆောင်ရည်မြင့်မော်ဒယ်လို့အသိအမှတ်မပြုနိုင်သေးပါဘူး။

Huawei မှသီးခြားခွဲထွက်လာတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သော Honor ကုမ္ပဏီသည်အလယ်အလတ်တန်းစား စွမ်းရည်အဆင့်မြင့်စမတ်ဖုန်းများထုတ်လုပ်ရန်ပိုပြီးအာရုံစိုက်လာကြပါတယ်။

အတွင်းလူတစ်ဦးမှ Honor စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းကိုအချိန်မှီ မဖြန့်ချီနိုင်သည့်အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စမတ်ဖုန်းများရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ ဒီဇိုင်းရေးဆွဲခြင်းပြသနာရှိနေ ပြီးထို့အပြင် Qualcomm ဘက်မှ chipset များအချိန်မှီမရရှိနိုင်ခြင်းကြောင့် စမတ်ဖုန်းထုတ်လုပ်ရာတွင် Snapdragon 888 chipset များမလုံလောက်ခြင်းပြသနာများရှိနေပါတယ်။

ဒီပြသနာတွေရဲ့ရလဒ်အနေဖြင့် Honor ဘက်မှ စွမ်းဆောင်ရည်မြင့်မော်ဒယ်စမတ်ဖုန်းမိတ်ဆက်ခြင်းကို 2021 ခုနှစ် နှစ်ဝက်လောက်အထိရွှေ့ဆိုင်းလိုက်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။

Photo : Gizmochina