Helio P95 SoC နဲ့ 48MP ကင်မရာ ပါတဲ့ OPPO A94 မိတ်ဆက်

OPPO က A94 ကို ကြေညာလိုက်ပြီး Helio P95 SoC မောင်းနှင်ထားပါတယ်။ သူ့မှာ ၆.၄၃ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Android 11 အခြေပြု ColorOS 11.1 ထောက်ပံ့ပေးထားပါတယ်။

8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main နဲ့ Ultrawide , Macro , Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

OPPO က ကင်မရာ သတင်းအချက်အလက်တွေကို မပြောသေးပေမယ့် 8MP Ultrawide , 2MP Macro နဲ့ 2MP Monochrome တို့ ဖြစ်နိုင်ပါတယ်။ OPPO A94 မှာ AI Color Portrait Video , Monochrome Video , Dual View Video လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

OPPO က A94 ကို ကြေညာလိုက်ပြီး Helio P95 SoC မောင်းနှင်ထားပါတယ်။ သူ့မှာ ၆.၄၃ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Android 11 အခြေပြု ColorOS 11.1 ထောက်ပံ့ပေးထားပါတယ်။

30W Charging ပါတဲ့ 4,310mAh ဘက်ထရီ ထည့်သွင်းထားပြီး နားကြပ်ပေါက်၊ USB-C Port နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါလာပါတယ်။ Fluid Black နဲ့ Fantastic Purple ၂ ရောင် ထုတ်လုပ်ထားပြီး OPPO UAE မှာ စာရင်းတင်ထားပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။