HarmonyOS ပါတဲ့ ပထမဆုံး ဖုန်း Huawei P50 Series

Huawei က P50 Series အတွက် HarmonyOS 2.0 Beta 2 ကနေ Beta 3 ကို စမ်းသပ်နေပြီ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ဆိုလိုသည်မှာ P50 Series ဟာ HarmonyOS ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။ Huawei က တခြား စွမ်းရည်မြင့် ဖုန်းတွေအတွက်လည်း HarmonyOS ကို စမ်းသပ်နေပါတယ်။  Huawei အရာရှိတွေက ဒီနှစ်ကုန်မှာ Device သန်း ၃၀၀ ကနေ ၄၀၀ အတွက် HarmonyOS ရဖို့ ခန့်မှန်းထားပါတယ်။

P Series ဖုန်းတွေ အနေနဲ့ RODENT950 ဟာ အနောက်ကင်မရာ ၃ လုံး ပါမယ်လို့ သတင်းထွက်နေပါတယ်။ P50 Pro+ မှာ Wide , Ultrawide , Tele နဲ့ Periscope Lenses တွေ အပြင် 3D ToF Sensor ပါလာမယ်လို့မျှော်လင့်ရပါတယ်။ သူ့နောက်မှာ P50 Pro ပါလာမှာ ဖြစ်ပြီး Periscope ထည့်ထားမှာ ဖြစ်ပေမယ့် စွမ်းရည်သင့် Tele Lens နဲ့ ToF Sensor ဖြုတ်ထားနိုင်ပါတယ်။ ရိုးရိုး P50 မှာ Standard Wide + Ultra Wide + Tele Configuration အသုံးပြုထားပါတယ်။

Huawei က P50 Series အတွက် HarmonyOS 2.0 Beta 2 ကနေ Beta 3 ကို စမ်းသပ်နေပြီ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ဆိုလိုသည်မှာ P50 Series ဟာ HarmonyOS ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

RODENT950 က ဖုန်းတွေအတွက် အထူး ဖန်တီးထားတဲ့ ပထမဆုံး 1” Sensor မကြာခင် လာတော့မယ်လို့ အရင်က သတင်းပေးထားပြီး စွမ်းရည်မြင့် Huawei P50 Series တွေမှာ ပထမဆုံး သုံးထားနိုင်ပါတယ်။ အဲဒီ Sensor ဟာ Sony IMX800 ဖြစ်ပြီး ဧပြီလမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

ဇန်နဝါရီလကတော့ P50 Pro မှာ 120Hz နဲ့ P50 မှာ 90Hz Refresh Rate ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Kirin 9000e နဲ့ Kirin 9000 Chip တွေ အသီးသီး ပါလာနိုင်ပါတယ်။

ဒါ့အပြင် P50 Series အနောက်ဘက်က Binocular Zoom ဟာ အဆ ၂၀၀ အထိ ထောက်ပံ့ပေးမှာ ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးဟာ Xiaomi Mi 11 နဲ့ ရင်ဘောင်တန်းနိုင်မယ်လို့ဆိုပါတယ်။ P50 မှာ 66W Wired Fast Charging နဲ့ 50W Wireless Fast Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။

 

 

Photo ; Android Community

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။