Haikyu Movie

Haikyu  သည်  Haruichi Furudate မှရေးသား ဖေါ်ပြထားသော ဂျပန် manga စီးရီးဖြစ်သည်။ Production I.G မှ Anime ရုပ်မြင်သံကြားစီးရီးကို ၂၀၁၄ ခုနှစ်ဧပြီလမှ ၂၀၁၄ စက်တင်ဘာလအထိ အပိုင်း(၂၅ )ပိုင်းနှင့်ပထမပိုင်းကို ထုတ်လွှင့်ခဲ့ဖြစ်ခြင်းသည်။ဒုတိယပိုင်းကိုတော့ အပိုင်း( ၂၅ )ပိုင်းနှင့်အောက်တိုဘာ ၂၀၁၅ မှ ၂၀၁၆ မတ်လအထိ ထုတ်လွှင့်ခဲ့သည်။

တတိယပိုင်းမှာတော့ (၁၀) ပိုင်း ပါ၀င်ပြီး ၂၀၁၆ အောက်တိုဘာမှဒီဇင်ဘာ ၂၀၁၆ အထိ ထုတ်လွှင့်ခဲ့သည်။ စတုတ္ထပိုင်းကို Jump  Festa19 တွင် ကြေငြာခဲ့ပြီး( )ပိုင်း  ခွဲလွှင့်ပေးရန် စီစဉ်ထားသည်။ ပထမအပိုင်းမှာ (၁၃) ပိုင်းပါ၀င်ပြီး ၂၀၂၀၊ ဇန်နဝါရီလ မှ ဧပြီလ မှာ ထုတ်လွှင့်ခဲ့ပြီး ဒုတိယထပ်တိုးမှာတော့ (၁၂)ပိုင်းဖြင့် အောက်တိုဘာလ ၂၀၂၀ တွင်ပြသမည်ဖြစ်သည်။

ဒီ manga နှင့် anime နှစ်ခုစလုံးသည် ကောင်းမွန်သော တုံ့ပြန်မှုများ ရရှိခဲ့သည်။ ဒီ manga သည် ၂၀၁၆ ခုနှစ်တွင် အကောင်းဆုံး shinen manga အတွက် (၆၁) ကြိမ်မြောက် Shogakukan Manga Award ကိုရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် Haikyu  ပုံနှိပ်ထဲမှာ (38) သန်းကျော် မိတ္တူရှိခဲ့ပါတယ်။Shyyō Hinata ဆိုတဲ့လူငယ်လေးဟာ သူ့ရဲ့သေးငယ်တဲ့အနေအထားရှိပေမယ့် ဘော်လီဘောကစားသမားကောင်း တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

အတွေ့အကြုံမရှိသော်လည်း  Hinata သည်ဘော်လီ​​ဘော အားကစားသမား ဖြစ်ပြီး ဒေါင်လိုက်ခုန် ကိုအတော်ကျွမ်းကျင်စွာ ခုန်နိုင်သည်။ သူသည် သူ့ကျောင်း၏ဘော်လီဘောကလပ်တွင် ပါ၀င်ခဲ့သည်။ သူသည် တစ်ဦး တည်းသောအသင်း၀င်ဖြစ်သည်။ နောက်နှစ်နှစ်တာ ကာလအတွင်း အခြား သူ့သူငယ်ချင်း ကျောင်းသားများကို သူ၏လေ့ကျင့်ရေးကိုအတင်းအကျပ်ကူညီခိုင်းခဲ့သည်။

အငယ်တန်းအထက်တန်းကျောင်း၏ တတိယနှစ် နှင့် စတုတ္ထနှစ် မှာ Hinata သူငယ်ချင်းအချို့ကဘော်လီ​​ဘောကလပ် အား၀င်ရန် ဘောတူခဲ့ပြီးနောက် သူသည် ပြိုင်ပွဲတစ်ခုအား ၀င်ပြိုင်ခွင့်ရခဲ့သည်။

 

Haikyu  သည်  Haruichi Furudate မှရေးသား ဖေါ်ပြထားသော ဂျပန် manga စီးရီးဖြစ်သည်။ Production I.G မှ Anime ရုပ်မြင်သံကြားစီးရီးကို ၂၀၁၄ ခုနှစ်ဧပြီလမှ ၂၀၁၄ စက်တင်ဘာလအထိ အပိုင်း(၂၅ )ပိုင်းနှင့်ပထမပိုင်းကို ထုတ်လွှင့်ခဲ့ဖြစ်ခြင်းသည်။ဒီ manga နှင့် anime နှစ်ခုစလုံးသည် ကောင်းမွန်သော တုံ့ပြန်မှုများ ရရှိခဲ့သည်။ ဒီ manga သည် ၂၀၁၆ ခုနှစ်တွင် အကောင်းဆုံး shinen manga အတွက် (၆၁) ကြိမ်မြောက် Shogakukan Manga Award ကိုရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် Haikyu  ပုံနှိပ်ထဲမှာ (38) သန်းကျော် မိတ္တူရှိခဲ့ပါတယ်။

သူ၏ ပထမဆုံး တရား၀င်ပြိုင်ပွဲမှာ တတိယနှစ်ဖြစ်သော  Tobio Kageyama ပါ၀င်​​သောအဖွဲ့ အနိုင်ပိုင်းခြင်းခံခဲ့ရသည်။   Kageyama ကို သူ၏ စွမ်းရည် နှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော သူ၏ ကစားနည်းကြောင့်  “The King of court” ဆိုပြီး အမည်ပြောင်လည်း ခေါ်ကြတယ်။သူတို့နှစ်ဦး သည် ပြိုင်ပွဲအတွင်းတွင် ကတောက်ကစ ဖြစ်ခဲ့ပြီး ပြိုင်ပွဲပြီးနောက်တွင်Hinata သည် အထက်တန်းကျောင်းတွင် Kageyama အား အနိုင်ယူမည်ဟု ကြိမ်းဝါးခဲ့သည်။

Hinata သည် junior high school ပြီးပြီးနောက် သူစံနမူနာထားရသော little giant ကစားခဲ့သော Karasuno High school အား ၀င်ခွင့်ရခဲ့သည်။ ဒါပေမဲ့ Kageyama လည်း ထိုကျောင်းအား ၀င်ခွင့်ရခဲ့သည်။Karasuno သည် Little giant ​ခေတ်ကာလနှောင်းပိုင်းတွင် အင်အားကြီးကျောင်းအဖြစ်က ကျဆင်းခဲ့ပြီးနောက်  သူတို့၏ဒေသခံ အဖွဲ့များက  “Fightless Crows” လို့ခေါ်ကြသည်။

ထိုအဖွဲ့တွင် Kageyamaနှင့်Hinata တို့က အဖွဲ့၀င်ဖြစ်လာသည်။သူတို့နှစ်ဦးသည် မတည့်သော်လည်း Kageyama ၏ပါရမီပါသောကျွမ်းကျင်မှုကို Hinata ထူးခြားသော ကစားနည်း နှင့် ပေါင်းစပ်ခြင်းအားဖြင့် နှစ်ယောက်လုံးသည် ဘော်လီဘောနည်းဗျူဟာ အသစ်တစ်ခုကို ဖန်တီးကာမမျှော်လင့်ဘဲ စွမ်းရည်ပြည့်၀သော setter-spiker partner ​တွေ ဖြစ်လာကြသည်။

လမ်းတစ်လျှောက်တွင် Hianata နှင့် Kageyama တို့သည် သူတို့ရဲ့ ကစားစွမ်းရည် အပြည့်အ၀ အလားအလာကောင်းစေရန် တစ်ဦး နဲ့ တစ်ဦးအပြန်အလှန် တွန်းအား​​ပေးခဲ့ကြသည်။ ပြီးတော့   Hinata သည် သူရဲ့ ပထမဆုံးသောအစစ်အမှန်ဘော်လီဘောအသင်း နှင့်ဆက်ဆံရေးကို တိုးတက်​​အောင် ကြိုးစားခဲ့သည်။ ပြီးနောက် Karasunoရဲ့ဘော်လီ​​ဘောအသင်း မှနေ၍ အရင်သူတို့၏ ဂုဏ်သတင်းအား ပြန်လည်ရယူပြီး   nationals ပြိုင်ပွဲသို့ရောက်ရန် ဘယ်လိုတွေ ကြိုးစားရယူမလဲ ကို series ကို ကြည့်လိုက်ကြအုန်းနော်။  series ကတော့ အခု season 4   ပထမအပိုင်း(၁၃ပိုင်း) ထိထွက်ပြီးပါပြီ။ဒုတိယပိုင်း (၁၂ပိုင်း)ကတော့  ဒီနှစ်အောက်တိုဘာလမှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။