Grand Blue Movie

Grand Blueရုပ်ရှင်ဇာတ်ကား

Grand Blueရုပ်ရှင် ဇာတ်ကားသည် Comedy genreတစ်ခု ဖြစ်ပြီး ဇာတ်အိမ်မှာ Japan နိုင်ငံ၏ ကျွန်းတစ်ကျွန်းဖြစ်သော Izu Peninsula ရှိ Diving Clubတစ်ခု အကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။ ဤရုပ်ရှင်သည်2014 တွင် Manga ထွက်ရှိပြီး 2018 September တွင် Animeဇာတ်လမ်း အဖြစ်ထွက်ရှိကာ 2020 August တွင် Live Action စတင် ထွက်ရှိ ခဲ့ခြင်း ဖြစ်သည်။ Kenji Inoueရေးသားထားသော Grand Blue Manga အား Zero G Animation Studio မှ  ထုတ်လွှင့်ခဲ့ပြီး Top 10 comedy all the time anime list ထဲသို့ ရောက်ရှိခဲ့သည်။ ထိုပြင်သာမက Manga seriesတွင်လည်း Top 1 in comedy section သို့ ရောက်ရှိခဲ့သည်။

ဇာတ်လမ်းအကျဉ်း

ကျွန်တော်တို့၏ အဓိက ဇာတ်လိုက်ဖြစ်သော Iori Kitahara သည် အထက်တနအထက်တန်းကျောင်းပြီးကာ တက္ကသိုလ် တက်ရန် Izu Peninsula ရှိ ဦးလေးရှိရာ အိမ်သို့ ရောက်ရှိလာရာမှ စတင်သည်။ သူ၏ ဦးလေးသည် Diving Shop တစ်ခု အိမ်တွင်ဖွင့်ထားကာ Diving Clubအဖွဲ့ဝင်တစ်စုသည် ဆိုင်တွင် အမြဲလိုလို လာနေလေ့ရှိသည်။

တက္ကသိုလ် ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ရည်ရွယ်ထားသော Inori Kitahara မှာ ဆိုင်၏ ဝင်ပေါက်တံခါးကို ဖွင့်၍ မြင်လိုက်ရသော မြင်ကွင်းမှာ ဗလတောင့်တောင့် Diving club memberများ ဖြစ်သည်။ ထိုmember များသည်club activities ဖြစ်သော Diving ထက် အသောက်အစား ၊ ပျော်ပွဲစား နှင့် အပျော်အပါးကို ပို၍ မက်ကျသည် ။

Member များထဲတွင် Diving ကို အလွန် သဘောကျသော သူနှင့် အမျိုးတော်စပ်သူ Chisa လည်း ပါဝင်လေသည် ဤသို့ဖြင့် ဇာတ်လိုက်သည် တစ်ဖက်တွင် ထို Diving club membersများဖြင့် ဝေးကွာနိုင်ရန် ကြိုးစားနေပြီး တစ်ဖက်တွင် သူနှင့် အမျိုးတော်စပ်သော ညီအမနှစ်ယောက်က ပင်လယ် နှင့် သမုဒ္ဒရာ ၏ အလှအပများအား Iori အား ချစ်တတ်လာ‌ေအာင် ပြသပေးခြင်းဖြင့် ဇာတ်လမ်းကို ဆင်ထားသည်။

ဇာတ်လမ်းသည် တက္ကသိုလ်ကျောင်းသား လူငယ်များ ကြားတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘော သဘာဝမျာအား ရိုက်ကူးထားခြင်း ဖြစ်သည့်အတွက် ဘဝအမောများကို ပြေစေနိုင်သည့် comedyတစ်ခုဖြစ်သည်။

2014 တွင် Manga ထွက်ရှိပြီး 2018 September တွင် Anime ဇာတ်လမ်း အဖြစ်ထွက်ရှိကာ 2020 August တွင် Live Action စတင် ထွက်ရှိ ခဲ့ခြင်း ဖြစ်သည်။ Kenji Inoue ရေးသားထားသော Grand Blue Manga အား Zero G Animation Studio မှ Anime အဖြစ် ထုတ်လွှင့်ခဲ့ပြီး Top 10 comedy all the time anime list ထဲသို့ ရောက်ရှိခဲ့သည်။ ထိုပြင်သာမက Manga series တွင်လည်း Top 1 in comedy section သို့ ရောက်ရှိခဲ့သည်။

ထုတ်လွှင်သည့် Company မှာ ကမ္ဘာ တစ်လွှမ်း နာမည်ကြီးလှသည့် Warner Bros ဖြစ်ပြီး Japanနိုင်ငံတွင် နာမည်ကြီးလှသည့် Toei Companyမှ ထုတ်လွှတ်သည့် Sentai series မှ Zyuden Sentai Red အဖြစ် သရုပ်ဆောင်ခဲ့‌သော မင်းသား Ryusei Ryo သည် Iori Kitahara အဖြစ် သရုပ်ဆောင်ထားသည်။ နာမည်ကြီး seires မှ Kamen Rider Build အဖြစ်  Atsuhiro Inukai မှ kohei Imamura အဖြစ် သရုပ်ဆောင်ထားသည်။

Sentai နှင့် Kamen Rider fan ပရိပ်သတ်များ အတွက် နစ်ခြိုက်သော သရုပ်ဆောင်များအား မတူညီသော Character များဖြင့် ပြန်တွေ့ရမည့် အခွင့်အရေးဖြစ်သည်။

ကျန်သော သရုပ်ဆောင်များမှာ Chisa Kotegawa အဖြစ် Yuki Yoda ၊ Nanaka Kotegawa အဖြစ် Aya Asahina ၊ Azusa Hamaoka အဖြစ် Yuka Ogura ၊ Aina Yoshiwara အဖြစ် Ren Ishikawa ၊ Toshio Kotegawa အဖြစ် Masahiro Takashima မှ အသီးသီး သရုပ်ဆောင်ထားသည်။

Japan တွင် စတင် ထွက်ရှိပြီး ဖြစ်သော်လည်း world wide အတွက် မထွက်ရှိသေးသော ကြောင့် စောင့်စားကြည့်ရှုရမည့် ဇာတ်လမ်းတစ်ခု ဖြစ်သည်။ Anime တွင် season 1 ထွက်ရှိပြီးသော်လည်း season 2 ထွက်ရှိမည့် ရက်အားကြေညာချက် မထွက်ရှိသေးပါ။ Manga တွင် တစ်ပတ် တစ်ပိုင်း ပုံမှန် ထွက်သော်လည်း ဤနောက်ပိုင်းတွင် COVID ရောဂါကြောင့် ရက်အကန့်ါသတ်မရှိနားထားသည် ဖြစ်သည်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။