Google Play Console မှာပါ မြင်တွေ့လာရပြီဖြစ်တဲ့ Xiaomi Black Shark 4

Black Shark ဆိုတာနဲ့ Xiaomi ရဲ့ ဂိမ်းမင်းစမတ်ဖုန်းအဖြစ် လူသိများပါတယ်။ Xiaomi ဟာ မျိုးဆက်သစ် Black Shark 4 ဂိမ်းမင်းဖုန်းကို နှစ်ဦးပိုင်းမှာ မိတ်ဆက်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီလရဲ့ တတိယပတ်ကစပြီး Black Shark 4 အတွက် Teaser တွေစတင်ထုတ်လွှတ်နေခဲ့ပါတယ်။

အခုတော့ Black Shark 4 ကို Google Play Console မှာပါတွေ့မြင်လာရပြီဖြစ်တဲ့ အတွက် တရားဝင်မိတ်ဆက်မယ့်အချိန်ဟာ သိပ်မဝေးတော့ဘူးလို့ ဆိုနိုင်ပါတယ်။ Google Play Console ကနေပြီးတော့လည်း ဒီဟန်းဆက်ရဲ့ Key specs အချို့ကို သိခွင့်ရပြီး ထပ်မံအတည်ပြုနိုင်ခဲ့ပြန်ပါသေးတယ်။

Black Shark 4 ဟာ ကုဒ်နာမည် “Kaiser” (ဂျာမန်ဘာသာစကားနဲ့ Emperor လို့ အဓိပ္ပါယ်) နဲ့ဖြစ်ပြီး 8GB of RAM နဲ့ Android 11 မောင်းနှင်ထားတာလည်း တွေ့ရပါတယ်။ နောက်ထပ်သိရတဲ့အချက်အလက်တွေအဖြစ် Black Shark 4 ဟာ Full HD+ resolution မျက်နှာပြင်ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

Black Shark ဆိုတာနဲ့ Xiaomi ရဲ့ ဂိမ်းမင်းစမတ်ဖုန်းအဖြစ် လူသိများပါတယ်။ Xiaomi ဟာ မျိုးဆက်သစ် Black Shark 4 ဂိမ်းမင်းဖုန်းကို နှစ်ဦးပိုင်းမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အံ့အားသင့်စရာကောင်းတာက Chipset အဖြစ် Qualcomm SDM835 ကို အသုံးပြုထားတယ်လို့ ပြသထားတာပါပဲ။Xiaomi Black Shark 4 ကို AnTuTu မှာတွေ့ မြင်ရတာက ရမှတ်ဟာ ၈ သိန်းနီးပါးနဲ့ ဖြစ်ပါတယ်။

ကနဦးသတင်းတွေအရ Snapdragon 888 သုံးထားတယ်လို့ ဖော်ပြခဲ့ပေမယ့် တရားဝင် အထောက်အထားကို ပြသနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ Black Shark 4 ဟာ 4,500mAh ဘက်ထရီနဲ့ 120W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားမှာ ဖြစ်ပြီး ၁၅ မိနစ်အတွင်း ၁၀၀% အားသွင်းနိုင်မယ်လို့ သိရပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။