Google Pixel 5A phone က စျေးနည်းပြီး ပိုကြီးသော screen နှင့် water resistance ( IP67 rating ) ပါ၀င်

Google က April မှာ ကြေညာခဲ့သော Pixel 5A 5G phone ကို ဖျက်သိမ်း လိုက်ပြီဟု ကောလာဟလ များနှင့် ဆန့်ကျင် သည့် ဖုန်းကို တရားဝင် ထုတ်ဖော် ပြသ ခဲ့ပါတယ်။

၎င်းမှာ ရှေ့က Pixel 4A 5G ထက် အနည်းငယ် ပိုကြီးတဲ့ screen ၊ ပိုကြီးတဲ့ battery နဲ့ ရေစိုခံနိုင်တဲ့ ( water resistance ) IP67 rating တစ်ခုတို့ အပါအ၀င် update မြှင့်ထားတဲ့ features တွေ short list တစ်ခုမှာ ပါလာပါတယ်။

အပြောင်းအလဲဟာ အနည်းငယ် ဖြစ်နိုင်သော်လည်း ၎င်းတို့ဟာ ကောင်းမွန်တဲ့ အလယ်အလတ်တန်း phone တစ်လုံးအတွက် အရေးကြီးသော အပြောင်းအလဲ အချို့ပဲ ဖြစ်ပါတယ်။

အကောင်းဆုံး အစိတ်အပိုင်းမှာ စျေးနှုန်း ပိုနည်းတာပဲ ဖြစ်တယ်။ US တွင် $449 ကျသင့်မှာ ဖြစ်ပြီး Pixel 4A 5G ၏ မိတ်ဆက် စျေးထက် $50 လျော့နည်း ပါတယ် ။ Pixel 5A 5G phone ကို US နှင့် Japan မှာ August 26th ရက်နေ့တွင် ရောင်းချ ပေးမှာပဲ ဖြစ်ပါတယ်။

Pixel 5A ၏ screen ဟာ 6.34 inches သို့ အနည်းငယ် တိုးလာပြီး Pixel 4A 5G ၏ 6.2-inch display ထက် အနည်းငယ် ကြီးလာ ပါတယ်။ ၎င်းဟာ ပိုမိုမြန်ဆန်သော 90Hz display ရှိသည်ဟူသော ကောလဟာလများ ရှိနေသော်လည်း ၎င်းက standard 60Hz refresh rate နှင့် 1080p OLED ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ Battery က 3,885mAh မှ 4,680mAh သို့ တိုးလာ ပါတယ်။ ၎င်းဟာ Extreme Battery Saver mode ကို သုံး၍ ပုံမှန်အားဖြင့် တစ်ရက် ( သို့မဟုတ် ) နှစ်ရက် ကြာရှည်ခံ လိမ့်မည်ဟု Google က ပြောကြား ခဲ့ပါတယ်။

Pixel 5A 5G phone ဟာ official water resistance rating ကို ရရှိသော ပထမဆုံး A-series Pixel လည်း ဖြစ်ပါတယ်။ IP67 protection ဖြင့် phone ဟာ ရေအနက် သုံးပေအထိ မိနစ် ၃၀ ကြာအောင်ထိ ခံနိုင်ရည် ရှိပါတယ်။ ၎င်းက $500 အောက် phone တွေထဲမှာ ရှားပါးတဲ့ feature တစ်ခု ဖြစ်ပါတယ်။

Pixel 5A က အဓိက US carrier networks အားလုံးတွင် အလုပ်လုပ်ပြီး sub-6GHz 5G အတွက် support ကို ဆက်လက် ပေးနေပါတယ်။ ယမန်နှစ်နှင့် မတူဘဲ Google က phone ၏ mmWave-compatible version ကို ရောင်းချမည် မဟုတ်ပါ။ ၎င်းဟာ ကြီးစွာသော ဆုံးရှုံးမှုတော့ မဟုတ်ပါဘူး။ mmWave 5G က အလွန် မြန်ဆန်သော်လည်း အကွာအဝေးက အကန့်အသတ်ရှိပြီး ရှာရ ခက်ပါတယ်။

ကံမကောင်းတာက Pixel 5A ဟာ C-band 5G ကြိမ်နှုန်းများ အတွက် အထောက်အပံ့ ပျောက်ဆုံးနေ ပါတယ်။ Verizon နှင့် AT&T တို့ဟာ ယခုနှစ် နှောင်းပိုင်းတွင် သူတို့၏ ရုန်းကန်နေသော တစ်နိုင်ငံလုံးရဲ့ 5G networks များကို အားဖြည့်ရန် စတင် အသုံးပြုတာပဲ ဖြစ်ပါတယ်။ Google က နောက်ပိုင်းမှာ လိုအပ်တဲ့ software support ကို ထပ်တိုး နိုင်တယ်လို့ ပြောထားပေမယ့် ဒီအချိန်မှာ အဲဒါကို ကတိပြုမှာ မဟုတ်ပါဘူး။ အခြား specs များဟာ ယခင်မော်ဒယ်ထက် ပြောင်းလဲတာ မရှိပါဘူး။ ၎င်းက Snapdragon 765G chipset ကို သုံးထားပြီး RAM 6GB နှင့် storage ပမာဏ 128GB ရှိပါတယ်။ 12.2-megapixel main ၊ 16-megapixel ultrawide နောက် cameras နှင့် 8-megapixel selfie cameras တို့က အတူတူပဲ ဖြစ်ပါတယ်။

Biometric unlock ဖြစ်ဖို့ နောက်ဘက် fingerprint scanner ၊ honest-to-god headphone jack တစ်ခုနှင့် box ထဲတွင် ပါ၀င်သော 18W charger တစ်ခု ပါရှိပါတယ်။ ( Google က ၎င်းဟာ charger ပါ၀င်တဲ့ နောက်ဆုံး Pixel phone တစ်လုံး ဖြစ်လိမ့်မည်ဟု ပြောကြား ခဲ့ပါတယ်။) ဒီ phone ကို Android 11 နဲ့ တင်ပို့မှာဖြစ်ပြီး Google ရဲ့ standard three years OS platform ကို update မြှင့်တင်မှုတွေ နဲ့ security patch support ကို အာမခံ ပါတယ်။

Pixel 4A 5G နှင့် မတူဘဲ ၊ Google Pixel 5 ကို US ရှိ အဓိက wireless carriers ကုမ္ပဏီများမှ တဆင့် ရောင်းချလိမ့်မည် မဟုတ်ပါ။ အဲ့ဒီအစား ၎င်းကို Google Store နှင့် Google Fi မှတဆင့် တိုက်ရိုက် ကမ်းလှမ်း ပါလိမ့်မယ် ။ ၎င်းကို “mostly black” ဖြင့် အရောင်အသွေး စုံလင်စွာ ရွေးချယ်နိုင်တဲ့ အရောင်လေးမျိုး ပါ၀င်သော အရာများ နှင့်အတူ ရောင်းချပေးပါလိမ့်မယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။