Google က digital COVID vaccine cards များအတွက် Android ကို support ပေး

Google မှ Android အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ ဖုန်းပေါ်တွင် COVID Card ဟု ခေါ်သည့် digital COVID vaccine card ကို store လုပ်ရန် အတွက် Android ၏ built-in pass system ကို ဖွင့်လှစ် နေပါတယ်။

ဤ feature သည် အမေရိကန် ပြည်ထောင်စု၌ စတင် ထွက်ပေါ်လာမည် ဖြစ်ပြီး ၎င်းသည် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ၊ local governments များ ( သို့မဟုတ် ) COVID vaccines ဖြန့်ဝေရန် အခွင့် အာဏာရှိသည့် အခြား အဖွဲ့များ၏ ပံ့ပိုးမှု အပေါ်တွင် မှီခို ပါလိမ့်မည်။ ထို feature သည် COVID စစ်ဆေးမှု ရလဒ်များကို သိမ်းဆည်းရန် အထောက် အပံ့ ပေးပါတယ်။

ကာကွယ်ဆေး ထိုးရန် COVID Card သည် ကာကွယ်ဆေး ထိုးခဲ့သည့် အချိန် နှင့် ဘယ်လို ကာကွယ်ဆေးကို ထိုးခဲ့ကြောင်း အချက်အလက်များကို ပြသ ပါလိမ့်မည်။ COVID Card ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ၏ app ( သို့မဟုတ် ) website သာမက ပေးပို့သော စာများ ( သို့မဟုတ် ) emails များမှ သိမ်းဆည်း ထားနိုင် ပါတယ်။

Home screen ပေါ်မှာ card ကို shortcut တစ်ခု ထည့်ရန် Google က အကြံပြု ပါတယ်။ Card ထဲကို သိမ်းဆည်း သောအခါ option ကို ညွှန်ပြ ပါလိမ့်မယ်။ Google မှ ပြောကြားချက်မှာ card သည် Cloud ကို သိမ်းဆည်း ထားခြင်း မရှိဘဲ၊ ကြော်ငြာ ရည်ရွယ်ချက်များ အတွက် ပေးသော သတင်း အချက် အလက်ကို အသုံးပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့ ပါတယ်။ သို့သော် card ကို အကြိမ် မည်မျှ အသုံးပြုတယ် ၊ cards များကို သိမ်းဆည်းရန် နှင့် Google Pay app ကို download လုပ်စရာ မလိုတော့ပါ ။

ဒီ feature ကို တကယ် သုံးနိုင်/မသုံးနိုင် ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ ( သို့မဟုတ် ) government ပေါ် မူတည် နေသေးသော်လည်း Google ဟာ လူတွေကို သူတို့ရဲ့ ဖုန်းများ ပေါ်တွင် digital ကာကွယ်ဆေးထိုး အဆင့်ကို သိမ်းဆည်းရန် ပိုမို လွယ်ကူအောင် လုပ်ပေးတာကိုတွေ့ရတာ ကောင်းမွန်မှု တစ်ခုပါပဲ ။ New York နှင့် California ကဲ့သို့ အချို့သော ပြည်နယ်များသည် ၎င်းတို့၏ ကိုယ်ပိုင် digital vaccine cards များကို အကောင် အထည် ဖော်ခဲ့ကြသော်လည်း Google ၏ version သည် အခြား အာဏာပိုင်များအတွက် လုပ်ငန်းစဉ်ကို လွယ်ကူ ချောမွေ့ စေနိုင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။