လာမယ့်ရင် ရက်သတ္တပတ်အတွင်း Samsung Galaxy Unpacked ၂၀၂၁ ပွဲကြီးကိုကျင်းပကြတော့မည်ဖြစ်ပါတယ်။ ထိုမိတ်ဆက်ပွဲမှာ စွမ်းဆောင်ရည် မြင့်စမတ်ဖုန်းသစ်သုံးခုဖြစ်သော Galaxy S21 ကိုစတင်မိတ်ဆက် ပေးသွား မှာဖြစ်ပါတယ်။ မကြာသေးမှီက  မိတ်ဆက်ပွဲမတိုင်ခင် အဲဒီဖုန်းတွေကို ကြော်ငြာမယ့် ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အရင်ပေါက်ကြားခဲ့တဲ့ ဒီဇိုင်းတွေနဲ့တူနေပြီး Galaxy S21 ရဲ့ ပါးလွှာတဲ့ ဗူးကို မြင်နိုင်ပါတယ်။ တခြားသတင်း အချက်အလက်တွေအနေနဲ့ အသစ်မပါလာပါဘူး။

WinFuture.de မှ iPhone 12  ရဲ့ဗူးနဲ့  Mi 11 ဖုန်းဗူး ကဲ့သို့ပါးလွှာသော ဇန်နဝါရီလ (၁၄) ရက်နေ့တွင်ဖြန့်ချီတော့မယ့် Galaxy S21, S21 + နှင့် S21 Ultra တို့ရဲ့ စမတ်ဖုန်းဗူး ရုပ်ပုံကိုထုတ်ဖော်ပြသခဲ့ပါတယ်။ Galaxy S21 , S21+ နဲ့ S21 Ultra အားလုံးမှာ Punch Hole မျက်နှာပြင် ထည့်သွင်းထားပါတယ်။ S21 နဲ့ S21+ မှာ အနောက်ကင်မရာ ၃ လုံးနဲ့ S21 Ultra မှာ အနောက်ကင်မရာ ၄ လုံး ပါလာပြီး Ultra မှာ Laser AF (၁) လုံး အပို ထည့်သွင်းထားပါတယ်။

 

လာမယ့်ရင် ရက်သတ္တပတ်အတွင်း Samsung Galaxy Unpacked ၂၀၂၁ ပွဲကြီးကိုကျင်းပကြတော့မည်ဖြစ်ပါတယ်။ ထိုမိတ်ဆက်ပွဲမှာ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းသစ်သုံးခုဖြစ်သော Galaxy S21 ကိုစတင်မိတ်ဆက်ပေးသွွားမှာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ပုံတွေအရ ဖုန်းဗူးထဲမှာဘာဆက်စပ်ပစ္စည်းတွေရှိသလဲဆိုတာခန့်မှန်နိုင်ပါတယ်။ လက်စွဲစာအုပ်၊ USB-C charger / data cable နဲ့ SIM pin ပစ္စည်း (၃) ခုပါရှိမှာဖြစ်ပြီး Galaxy S21 မှာ Samsung က adapter နဲ့ headphones တွေကိုဖြတ်တောက်ပစ်လိုက်တာ ဖြစ်နိုင် ပါတယ်။နားကြပ်များနှင့်အားသွင်းစက်များမပါလာခြင်းဟာ နိုင်ငံအားလုံး အတွက်လား တခြားသော နိုင်ငံတွေအတွက်ပဲလားဆိုတာကိုတော့ အတည်မပြု ရသေးပါဘူး။ ဒီဆက်စပ်ပစ္စည်းတွေကို ထောက်ပံ့ပေးခိုင်းတဲ့ဥပဒေ ရှိတဲ့နိုင်ငံ တချို့ရှိနိုင်ပါတယ်။

Mi 11 ကဲ့သို့သောရွေးချယ်စရာတစ်ခုရှိ၊ မရှိ ၊ အသုံးပြု သူများအနေဖြင့် ဆက်စပ် ပစ္စည်းများလက်ခံမည် လက်မခံဘူးဆိုတာကို ရွေးချယ်လို့ ရ ၊မရကိုတော့ အတည်ပြုခြင်းမရှိသေးပါဘူး။ Mi 11 တွင်မှု အသုံးပြုသူကဆက်စက်ပစ္စည်းတွေကို လက်ခံမလား လက်မခံဘူးလားဆိုတာကို ရွေးချယ်နိုင်ပါတယ်။ဒါ့အပြင် Galaxy S21 နဲ့ S21+ မှာ microSD Card Slot မပါဘဲ S21 Ultra မှာပဲ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ နိုင်ငံအပေါ် မူတည်ကာ S21 Series တွေမှာ Qualcomm Snapdragon 888 Chipset သို့မဟုတ် Exynos 2100 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။