FHD+ AMOLED မျက်နှာပြင်နဲ့ OPPO F19 Pro ,F19 Pro+ 5G

OPPO က စွမ်းရည်သင့် F19 Pro နဲ့ F19 Pro+ 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Chipset နဲ့ အားသွင်းနှုန်းကလွဲပြီး ကျန်အစိတ်အပိုင်း အားလုံးက တူညီကြပါတယ်။ ၂ လုံးစလုံးမှာ ၆.၅ လက်မ FHD+ Super AMOLED မျက်နှာပြင်နဲ့ 60Hz Refresh Rate, 180Hz Touch Sampling Rate တွေ ထည့်သွင်းထားကြပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Screen-to-body Ratio က ၉၀.၈ ရာခိုင်နှုန်း ရှိပါတယ်။

F19 Pro မှာ MediaTek Helip P95 SoC နဲ့ F19 Pro+ မှာ MediaTek Dimensity 800U SoC ထည့်သွင်းထားပြီး ၂ လုံးစလုံးမှာ Android 11 အခြေပြု ColorOS 11.1 မောင်းနှင်ထားပါတယ်။မော်ဒယ် ၂ လုံးစလုံးမှာ 48MP Main , 8MP Ultrawide , 2MP 4cm Macro နဲ့ 2MP Portrait ကင်မရာ ၄ လုံး ပါလာပြီး Pro+ မှာ အပိုပါတာက AI Highlight Portrait Video နဲ့ ညဘက် ရိုက်ရင် ကောင်းမွန်တဲ့ Ultra Night Video Algorithm တွေ ဖြစ်ပါတယ်။

OPPO က စွမ်းရည်သင့် F19 Pro နဲ့ F19 Pro+ 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Chipset နဲ့ အားသွင်းနှုန်းကလွဲပြီး ကျန်အစိတ်အပိုင်း အားလုံးက တူညီကြပါတယ်။

မော်ဒယ်နှစ်ခုစလုံးမှာ 50W Flash Charge ထောက်ပံ့တဲ့ 4,310mAh ဘက်ထရီ ထည့်သွင်းထားပြီး Pro+ 5G မှာ 65W Charger နဲ့ Pro မှာ 30W VOOC Flash Charger ပါလာပါတယ်။

 

 

OPPO F19 Pro / Pro + 5G ၏သတ်မှတ်ချက်များ

 

  • ၆.၄၃ လက်မ (၂၄၀၀ × ၁၀၈၀ Pexel ) Full HD + AMOLED မျက်နှာပြင် 800 nits တောက်ပမှု၊ Corning Gorilla Glass 5 ကာကွယ်မှု
  • F19 Pro+ 5G – Octa Core (4 x 2.4GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800U (MT6873V) 7nm processor
  • F19 Pro – Octa Core MediaTek Helio P95 12nm processor (Dual 2.2GHz Cortex-A75 + Hexa 2GHz Cortex-A55 CPUs) with IMG PowerVR GM 9446 GPU
  • 8GB LPDDR4x RAM၊ 128GB (UFS 2.1) / 256GB (F19 Pro သာ) သိုလှောင်မှု၊ microSD ဖြင့် ၂၅၆GB အထိတိုးချဲ့နိုင်သော Memory
  • Dual SIM (nano + nano + microSD)
  • Android 11 with ColorOS 11.1
  • 48MP rear camera with OV48B sensor, f/1.7 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.2 aperture, 2MP 4cm macro sensor, 2MP depth sensor, f/2.4 aperture
  • 16 MP ရှေ့ကင်မရာ f / 2.4 aperture
  • In-display fingerprint sensor
  • 3.5mm audio jack, FM ရေဒီယို
  • အရွယ်အစား: 160.1 × 73.4 × 7.8mm; အလေးချိန် – ၁၇၃ ဂရမ်
  • Dual 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/GLONASS/Beidou, USB Type-C
  • ၄၃၁၀mAh (ပုံမှန်) ဘက်ထရီသည် ၃၀W (F19 Pro) 50W (F19 Pro + 5G) မြန်ဆန်သောအားသွင်းစနစ်

F19 Pro နဲ့ Pro+ အတွက် Fluid Black နဲ့ Space Silver ၂ ရောင် ထုတ်လုပ်ထားပါတယ်။ F19 Pro 8/128GB ကို ၂၁,၄၉၀ ရူပီး သတ်မှတ်ထားပြီး ၄ သိန်း ၁ သောင်းခွဲလောက် ကျသင့်မှာပါ။ F19 Pro+ ကို ၂၅,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၅ သိန်းလောက် ကျသင့်နိုင်ပါတယ်။ စမတ်ဖုန်းမော်ဒယ်နှစ်ခုစလုံးကို မတ်လ ၁၇ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။