Samsung ရဲ့ အမိုက်စား Flagship ဖုန်း

အထင်ကရအပြောင်းအလဲတချို့ လုပ်ဆောင်လာတဲ့ ၂၀၂၁ မော်ဒယ် Galaxy S စီးရီးသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာ Samsung ဟာ Galaxy Unpacked နာမည်နဲ့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲတစ်ခု ကျင်းပသွားခဲ့ ပါတယ်။ ဒီပွဲမှာ Samsung Galaxy S21 , S21+ နဲ့ အတူ Galaxy S21 Ultra တို့ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။Galaxy S21 Ultra နဲ့ တခြား မော်ဒယ်နှစ်ခုဟာ သိသိသာသာ ကွာခြားချက်တွေ ရှိခဲ့ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း Galaxy S21 Ultra ဟာ S series နဲ့ Note series အကြားက ထူးခြားတဲ့ နောက်ထွက်ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Galaxy S21 Ultra ဟာ ပေါက်ကြားခဲ့တဲ့ သတင်းတွေအတိုင်း S Pen support ပါလာတဲ့ ပထမဆုံး ဖုန်းတစ်လုံးအဖြစ် ထွက်ရှိလာခဲ့ပါတယ်။ ဒီ Stylus ဗားရှင်းမှာ ဘက်ထရီမပါ တာကြောင့် Notes စီးရီးသစ်တွေမှာလို Bluetooth လုပ်ဆောင်ချက်တွေတော့ မရပါဘူး။ Galaxy S21 Ultra မှာ ပြောစရာအကောင်းဆုံးအပိုင်းတွေက Display နဲ့ Camera ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက ကျန်တဲ့ Galaxy S21 နဲ့ S21+ တို့မှာ flat display နဲ့ 1080p+ လောက်နဲ့ ထွက်လာတာပါပဲ။

အထင်ကရအပြောင်းအလဲတချို့ လုပ်ဆောင်လာတဲ့ ၂၀၂၁ မော်ဒယ် Galaxy S စီးရီးသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာ Samsung ဟာ Galaxy Unpacked နာမည်နဲ့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲတစ်ခု ကျင်းပသွားခဲ့ပါတယ်။

screen size အနေနဲ့ အရင်နှစ်က ထွက်ခဲ့တဲ့ Galaxy S20 Ultra ထက် မဆိုစလောက်လေး သေးတဲ့ ၆.၈ လက်မ Dynamic AMOLED 2x panel နဲ့ လာပါတယ်။ အရင်လို ဘေးဘောင်တွေ ကွေးညွှတ်ထားတဲ့ curved design ဖြစ်ပြီး အပေါ်မှာ အကြမ်းခံမှု မြင့်မားတဲ့ Gorilla Glass Victus မှန်သစ် အုပ်ထားပါတယ်။ ရုပ်ထွက်ကလည်း 1440p+ ပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီ Display ဟာ 1440p+ ရုပ်ထွက်အပြည့်နဲ့ Render ချနေချိန်မှာ 120Hz refresh rate ရတဲ့ ပထမဆုံး display လည်း ဖြစ်ပြီး refresh အပိုတွေ လုပ်စရာမလိုတဲ့အခါ 10Hz အထိ ချနိုင်တဲ့ Adaptive Refresh Rate (ADR) display နည်းပညာလည်း ပါရှိပါတယ်။

ဒီနည်းနဲ့ ဖုန်းပါဝါ သုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီဖုန်းဟာ Galaxy စီးရီးတွေထဲမှာ Brightness nit 1500nit အထိ အများဆုံး ပါလာတဲ့ ဖုန်းဖြစ်ပါတယ်။

Galaxy S21 စီးရီးမှာ ကင်မရာအိမ်ဒီဇိုင်းဟာ ချီးကျူးဖို့ကောင်းလောက်အောင် ဆန်းသစ်ပြီး သပ်ရပ်သားနားမှု ရှိပါတယ်။ S21 Ulra မှာတော့ ကင်မရာ features တွေက လေးစားစရာပါ။ 10x optical ဆွဲနိုင်မယ့် 10MP Duel Pixel tele ပယ်ရီစကုပ် နဲ့ 3x optical ရိုက်နိုင်မယ့် 10 MP Duel Pixel tele တို့ဖြစ်ပြီး နှစ်မျိုးစလုံး OIS ရုပ်ငြိမ်စနစ် ပါရှိပါတယ်။ Zooming စနစ်မှာ အကောင်းဆုံး ဖုန်းတစ်လုံးအဖြစ် မြင်ရမှာပါ။

main sensor ဖြစ်တဲ့ 108MP Wide ကင်မရာကိုလည်း 9-in-1 pixel binning (12MP) နည်းပညာသုံးထားပြီး အလင်းရောင် မရှိသလောက် အချိန်မျိုး ရိုက်ကူးမှုမှာ အကောင်းဆုံး ပုံဖော်ပေးနိုင်မှာပါ။ ဒီ sensor မှာလည်း OIS ရုပ်ငြိမ်စနစ်ထည့်ထားပါတယ်။ နောက်ကျန်တဲ့ sensor နှစ်ခုကတော့ Ultrawide 12MP နဲ့ Laser AF sensor တို့ ဖြစ်ပါတယ်။ ရှေ့ဘက် punch-hole ထဲမှာ40MP main sensor ထည့်ထားပါတယ်။ Galaxy S21 Ultra ဟာ ကင်မရာအားလုံးနဲ့ 4K 60fps video recording ရနိုင်တဲ့ ပထမဆုံး Samsung ဖုန်းလည်း ဖြစ်ပါတယ်။

နောက်ထပ် ပထမဆုံးလို့ ပြောရမယ့်အချက်က ဒီဖုန်းဟာ bandwidth အမြင့်နဲ့ latency နည်းမယ့် နောက်ဆုံးပေါ် WiFi 6E ဆက်သွယ်မှု ပံ့ပိုးထားတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ ဘက်ထရီပါဝါကတော့ အရင်နှစ်ကအတိုင်း 5000mAh ဖြစ်ပြီး အားသွင်းမှုကိုတော့ 25W wired charging ကို လျှော့ထားပါတယ်။ Galaxy S21 series မှာ နောက်ထပ် ရဲတင်းတဲ့အပြောင်းအလဲတစ်ခုက ဖုန်းဘူးထဲမှာ Charger မပါတော့တာပဲ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက ဘယ် USB Power Delivery Charger နဲ့မဆို သုံးနိုင်တာ ဖြစ်ပြီး Wireless charging စနစ်လည်း ပံ့ပိုးထားတာ ဖြစ်ပါတယ်။

Ultra မော်ဒယ်ဟာ storage အနေနဲ့ 128GB နဲ့ 256GB ဆိုပြီး လာပါတယ်။ RAM ကတော့ 12GB နဲ့ 16GB ဆိုပြီး ထွက်ထားပါတယ်။ တစခြား ဗားရှင်းနှစ်မျိုးအတိုင်း Galaxy S21 Ultra ဟာ ဥရောပနဲ့ အိန္ဒိယအတွက် Exynos 2100 နဲ့ မြောက်အမေရိကဈေးကွက်အတွက် Snapdragon 888 SoC ဆိုပြီး နှစ်မျိုး ထွက်ပါတယ်။ ဒီနှစ်ထွက် Galaxy S series မှာ 4G သီးသန့် ဗားရှင်း မပါတော့ပါဘူး။ OS အနေနဲ့ OneUI 3 ကို အခြေခံထားတဲ့ Android 11 နဲ့ ထွက်လာပါတယ်။

RAM 12/128GB storage မော်ဒယ်ကို ယူရို ၁၂၅၀ (မြန်မာငွေ သိန်း ၂၀ ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ဒီလ ၂၉ ရက်နေ့ ဈေးကွက်တင် ဖြန့်ချိသွားမှာ ဖြစ်ပြီး Preorder မှာသူတွေအတွက် Samsung Galaxy Buds Pro နဲ့ SmartTage တစ်ခုလည်း လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

Photo :Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။