သရုပ်ဆောင် Maidy ကင်ဆာရောဂါကိုနှစ်ပေါင်းများစွာခံစားပြီး ကွယ်လွန်

Fantasy XIV ကို Blog ရေးသားပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသူ Maidy (သို့မဟုတ်) Mildie-san သည် ၂၀၂၀၊ ဒီဇင်ဘာ ၆ ရက်တွင်ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။

ကျွန်တော်တို့ထဲကအတော်များများဟာ Netflix  မှထုတ်လွင့်ပြသတဲ့  Dad of Light ဇာတ်လမ်းတွဲကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဇာတ်ကားရဲ့အကျည်းကတော့  ကလေးဘဝတုန်းက Final Fantasy ဂိမ်းကို ကြိုက်နှစ်သက်ပြီး အမြဲတမ်း သားအဖနှစ်ယောက်တူတူကစားလေ့ရှိတဲ့အတိတ်ဖြစ်ခဲ့ဖူးသော ဖခင်နှင့်သားလေးအကြောင်းကို ရိုက်ကူးထားပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် ကောင်လေးကကြီးပြင်းလာ တဲ့အခါမှာတော့ သူနဲ့သူ့ရဲ့ ဖခင်တို့ဟာတစ်ယောက်နှင့်တစ်ယောက် ယခင်ကဲ့သိုစကားပြောလေ့မရှိတော့ပဲ နီးနီးစပ်စပ်မရှိကြတော့ပါ။

သားဖြစ်သူသည်ဖခင်အား Final Fantasy XIV game ကိုမိတ်ဆက်ပေးခဲ့ကာ သားအဖနှစ်ယောက် အတူတူဂိမ်းကစားပြီး Netflix တွင်ကျွန်တော်တို့ကြည့်ရှုသည့်စီးရီးတစ်ခုကိုတီထွင်ရန်မဆုံးဖြတ်မီ Blog တစ်ပုဒ်ကိုဖန်တီးခဲ့ပါတယ်။

Fantasy XIV ကို Blog ရေးသားပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသူ Maidy (သို့မဟုတ်) Mildie-san သည် ၂၀၂၀၊ ဒီဇင်ဘာ ၆ ရက်တွင်ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။

ရင်သပ်ရှုမောဖွယ်ဇာတ်လမ်းကို Square Enix ကသတိပြုမိသွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်ဝတ္ထုနှင့်တီဗီရှိုးအဖြစ်သို့ပြောင်းလဲလိုက်ပါတယ်။ Drama ကိုတော့ ၂၀၁၇ ခုနှစ်တွင် ဂျပန်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ပြီး Netflix မှကမ္ဘာတစ်လွှားကြည့်ရှုရန်လည်းချက်ချင်း ထုတ်လွင့်ပြသနိုင်ခဲ့ပါတယ်။  ဒါ့အပြင်ရုပ်ရှင်ဇာတ်ကားအသစ်ကို ၂၀၁၉ ဇွန်လမှာ သရုပ်ဆောင်အသစ်များနဲ့အတူလိုက်လျောညီထွေအောင် ပြင်ဆင်ညှိုနှိုင်းခဲ့ပါတယ်။

 မစ္စတာ Maidy ရဲ့ဇာတ်လမ်းသည်လူများစွာကိုလှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ မိသားစုဆက်ဆံရေးပြသာနာရှိသူသောသူများ (သို့မဟုတ်)လူမှုရေး တွင်ပြသာနာရှိနေသောလူများအတွက် ခွန်အားတွေလှုံ့ဆော်ပေးနိုင်ခဲ့ပြီး  သူသည် FFXIV ကစားသမားအားလုံး၏သူရဲကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ လူအများကြိုက်နှစ်သက်ပြီး ကစားကြတဲ့ သူ့ရဲ့ဂိမ်းကနေတစ်ဆင့် တစ်ကမ္ဘာလုံးကိုလှုံ့ဆော်ပေးနိုင်ခဲ့သော လူတစ်ယောက် ဖြစ်ပါတယ်။

Maidy သည် Free Company Giovinezza Server Gungnir တွင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ထို့ကြောင့် Shirogane Ward 16 Plot 8 တွင်သူ့အတွက်ဝမ်းနည်းငိုကြွေးပြီး အသုဘလိုက်ပို့ကြသောကစားသမား အများကြီးရှိခဲ့ပြီး တရားဝင် website မှအထူးဝမ်းနည်းကြေကွဲကြောင်းကိုလဲ ရေးသားဖော်ပြထားပါတယ်။

Final Fantasy XIV ဂိမ်းသည်ကမ္ဘာတစ်လွှားတွင်ကစားသူသန်း ၂၀ ကျော်ရှိသည့်အလွန်ကြီးမားသောအွန်လိုင်း MMORPG ဂိမ်းကြီးတစ်ခုဖြစ်ပါတယ်။ Final Fantasy XIV: Dad of Light သည် PCs နှင့် PlayStation 4 တို့တွင်ရရှိနိုင်သော online RPG Final Fantasy XIV ကိုအခြေခံထားပါတယ်။ ၎င်းသည် PlayStation 5 တွင်လည်း အံဝင်ခွင်ကျ ကစားနိုင်ပါတယ်။ ဂိမ်းသည်မကြာသေးမီက patch 5.4 နှင့်အတူ update ကိုလက်ခံရရှိထားခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲ့နော်…။