Concept Renders အရ မျိုးဆက်သစ် ဘက်ဂျက်ဒီဇိုင်းဖြစ်ဖွယ်ရှိတဲ့ iPhone SE 3

လာမယ့်မျိုးဆက်သစ် iPhone SE ဟာ Bezel ပိုင်းမှာတော့ အတော်လေးကို ပါးလွာ သွားမယ်လို့ မျှော်လင့်ရပါတယ်။ အကယ်၍ ကောလာဟလတွေသာ မှန်မယ်ဆိုရင်တော့ Apple ဟာ လာမယ့် လအနည်းငယ်အတွင်းမှာ တတိယမြောက်မျိုးဆက် iPhone SE ကိုကြေညာနိုင်ပါတယ်။Apple အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ ဈေးနှုန်း ချိုသာ တဲ့စမတ်ဖုန်းကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အခုလောလောဆယ်တော့ iPhone SE 3 ရဲ့ ရှေ့ပြေးဒီဇိုင်းကို Render ထွက်ပေါ်လာတာကို တွေ့ရပါပြီ။

Mac Otakara ကတော့ Apple ဟာ iPhone SE 3 ကို နောက်ဆုံးထုတ် AirPods Pro နဲ့အတူ ကြေညာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။Render အရ iPhone SE 3 ဟာ ထင်ရှားတဲ့ ပြောင်းလဲမှုအချို့ကို ယူဆောင်လာတာတွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ အရှေ့ဘက်မျက်နှာပြင်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတပ်ဆင်ထားပုံအဖြစ် မြင်တွေ့ရတာပါပဲ။ ဒါကြောင့် Apple ဟာ သူ့ရဲ့ကြီးမားတဲ့ Notch ဒီဇိုင်းကို စွန့်လွှတ်ဖို့ စတင်ပြောင်းလဲနေပြီလားလို့ တွေးစရာရှိလာပါတယ်။

 

လာမယ့်မျိုးဆက်သစ် iPhone SE ဟာ Bezel ပိုင်းမှာတော့ အတော်လေးကို ပါးလျသွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင်ကျောဘက်ကင်မရာကလည်း တစ်လုံးတည်းသာတပ်ဆင်ထားတာကို တွေ့မြင် ရပြန်ပါတယ်။ ကိုယ်ထည်ကတော့ Flat ဒီဇိုင်းပဲဖြစ်ပြီး၊ Fingerprint scanner ကို ပါဝါခလုတ်မှာထည့်သွင်းပေးထားသလို၊ Touch ID feature လည်း ဆက်လက် ကျန်ရှိ နေမယ်လို့ ယူဆရပါတယ်။ မျက်နှာပြင်ဟာ 5.4-inch OLED လို့ဆိုထားတာကြောင့် လက်ရှိ iPhone SE ထက် ပိုကြီးတဲ့ပမာဏပဲ ဖြစ်ပါတယ်။

Photob :Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။