Computer Graphics (CG)ဆိုတာဘာလဲ?

Computer Graphics(CG)ဆိုတာ Computer ရဲ့အကူအညီနဲ့  ရုပ်ပုံ တွေကို ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့်Computer Science ရဲ့ အခွဲတစ်ခုဖြစ်တယ်။ အများစုကတော့Computer Graphicsဆိုတာနဲ့ Graphic designer တွေ၊ 3D Artists တွေကို ဦးဆုံးမြင်မိကြပါတယ်။ သိုပေမယ့်Computer Graphicsနယ်ပယ်က    ဒီထက်မက ကျယ်ပြန့်ပါတယ်။  Computer ပေါ်မှာ ရှိသမျှ အသံနဲ့စာကလွဲပြီး ကျန်တဲ့ အရာအားလုံးကို Computer Graphicsဟု ခေါ်နိုင်ပါတယ်။

Computerမှာ မြင်ရတဲ့ desktop icon၊ ဖွင့်ထားတဲ့ application ရဲ့ interface၊ desktop မှာတင်ထားတဲ့ wallpaper ကအစ Computer Graphics Category ထဲ ပါဝင်ပါတယ်။ ထို့ကြောင့် Graphic Designers တွေ 3D Artists တွေဆိုတာ Computer Graphics နယ်ပယ်ရဲ့ အစိတ်အပိုင်းတွေ သာဖြစ်ကြပါတယ်။

Computer Graphicsကို လက်တွေ့အသုံးပြုပုံ

ယနေ့ခေတ်မှာဆိုရင်ဖြင့် Computer Graphics ကို Digital photography၊ ရုပ်ရှင် ၊ video games ၊ ဖုန်း တွေ၊ ကွန်ပျူတာ Display တွေနဲ့ အခြား applications တော်တော်များများမှာ အဓိက အသုံးပြုနေကြပါတယ်။ Computer Graphicsကို Computer Graphicsသုတေသီတွေဖြစ်တဲ့ Verne Hudson နှင့် Boeing မှ William Fetter တို့က တီထွင်ခဲ့ပါတယ်။ Computer Graphicsကို CG ဟုလည်း အတိုကောက် ခေါ်လေ့ရှိပါတယ်။

ယနေ့ခေတ်မှာ CG ဟာဆိုရင် Media ကဏ္ဍ မှာ သိသိသာသာ အကျိုးသက်ရောက်နေပါတယ် (ဥပမာ-animation တွေ၊ ကြော်ငြာတွေ၊ video games‌ တွေ၊ graphics design တွေ)။ ရုပ်မြင်သံကြားနဲ့ သတင်းစာများ၊ ရာသီဥတုသတင်းများနှင့် ဆေးဘက်ဆိုင်ရာစုံစမ်းစစ်ဆေးမှု များနှင့် ခွဲစိတ်ကုသမှုများတွင်လည်း အသုံးပြုနေကြပါတယ်။ 

CG ကိုအကြမ်းဖျင်းအနေဖြင့် 2D(နှစ်ဖက်မြင်)နဲ့ 3D (သုံးဖက်မြင်)ဆိုပြီး ခွဲခြားကြည့်နိုင်ပါတယ်။ နည်းပညာတိုးတက်လာသည်နှင့်အမျှ 3D Computer Graphicsများသည် ပိုမို များပြားလာသော်လည်း ယနေ့ထက်တိုင် 2D Computer Graphicsများကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ 2DComputer Graphicsကိုပင် Vector  နဲ့ Raster ဟုနှစ်မျိုးခွဲခြားထားပါတယ်။

Vector နဲ့ Raster ကွာခြားချက်

Rasterမှာ ဆိုရင်  Image တွေကို Pixel တွေနဲ့ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ Pixel ဆိုသည်မှာ Pix= Picture နဲ့ el=Element ဖြစ်ပါတယ်။ Pixel ဆိုသည်မှာ ပုံတစ်ပုံ ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အလွန်သေးငယ်သော လေးထောင့်ပုံသဏ္ဍာန်ရှိသော အကွက်လေး ဖြစ်ပါတယ်။ပုံ(Image) တစ်ခုဖြစ်ပေါ်လာဖို့ Pixel အကွက်ပေါင်း မြောက်များစွာပေါင်းစပ်ဖွဲ့စည်း ရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Raster image ကို zoom ဆွဲကြည့်ပါက Pixel အကွက်ကလေးများကို တွေ့မြင်နိုင်ပြီး image မှာ လည်း‌ ဝေဝါးသွားသည်ကို တွေ့မြင်နိုင်ပါတယ်။ (ဥပမာ – ကိုယ့်ဖုန်း camera နဲ့ရိုက်ပြီး ထွက်လာတဲ့ပုံတွေ၊ pro camera တွေနဲ့ ရိုက်ပြီး ထွက်လာတဲ့ ပုံတွေကိုဆိုလိုပါတယ်။)Raster based Software ကတော့ Adobe Photoshop ဖြစ်ပါတယ်။

Vector Image ‌တွေကိုတော့Geometric Shape တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Path တွေ မျဉ်းဖြောင့်တွေ၊ မျဉ်းကွေးတွေနဲ့ အစက်တွေကိုအသုံးပြုပြီး ဆွဲခြင်းဖြစ်ပါတယ်။ ထို့ကြောင့် image ကို zoom ဆွဲကြည့်ပါက ဝေဝါးသွားမည်မဟုတ်ဘဲ မူလအတိုင်းသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Graphic design တွေ မှာ Vector format ကို အသုံးပြုလေ့ရှိကြပါတယ်။ Logo တွေ Billboard တွေ Business Card  တွေ Flyer တွေ အစရှိသဖြင့် size အမျိုးမျိုးအသုံးပြုရာမှာတော့ Vector format သာ အဆင်ပြေဆုံး ဖြစ်ပါတယ်။ Vector based software တွေကတော့ Adobe Illustrator၊ Corel Draw၊ AutoCAD၊ Sketchup တို့ဖြစ်ပါတယ်။

အချုပ်ဆိုရသော် CG ဆိုသည်မှာ နောင်တစ်ချိန်တွင် ယခုထက်ပိုမိုတွင်ကျယ်လာမည်မှာ မလွဲဧကန်ဖြစ်ပါတော့တယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။