Captain Marvel 2 ရိုက်ဖို့အတွက် Brie Larson ပြင်ဆင

MCU သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Brie Larson ဟာ Captain Marvel 2 ဇာတ်ကားအတွက်  လေ့ကျင့်ခန်း ထရိန်နင်တွေ ပြုလုပ်နေပါပြီ။၂၀၁၆ ခုနှစ်မှာတော့ Brie Larson ဟာ MCU ထဲမှာ Captain Marvel (ခေါ်) Carol Danvers နေရာမှာ သရုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် Avengers: Infinity War ရဲ့ post credit scene မှာ Thanos ကို အနိုင်ယူဖို့အတွက် အဓိကအချက်ဟာ သူမ ဖြစ်လာလိမ့်မယ်လို့ အရိပ်အမြွက် ပြသွားတဲ့အချိန်မှာတော့ ပရိသတ်တွေဟာ ပိုပြီး စိတ်ဝင်စားလာခဲ့ကြပါတယ်။

အဲ့ဒီနောက် ၂၀၁၉ နှစ်စပိုင်းမှာတော့ သူမရဲ့ origin အကြောင်းကို ပြသထားတဲ့ ဆိုလိုရုပ်ရှင် ထွက်ရှိလာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာလည်း အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပြီး box office မှာလည်း ဝင်ငွေ ဒေါ်လာ (၁.၁၂)ဘီလျံ ရရှိခဲ့ပါတယ်။

MCU သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Brie Larson ဟာ Captain Marvel 2 ဇာတ်ကားအတွက်  လေ့ကျင့်ခန်း ထရိန်နင်တွေ ပြုလုပ်နေပါပြီ။

ဒီရုပ်ရှင်ထွက်ပြီး မကြာခင်မှာပဲ Marvel ဟာ sequel ကိုတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။ Captain Marvel 2 ကိုတော့ Nia DaCosta က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် အရွယ်ရောက်နေပြီ ဖြစ်တဲ့ Monica Rambeau နဲ့ Ms. Marvel တို့ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိပါသေးတယ်။Captain Marvel 2 ကို ဘယ်အချိန်မှာ ရိုက်ကူးသွားမလည်းဆိုတာ မသိရသေးပေမယ့်လည်း မကြာခင်မှာတော့ ရိုက်ကူးရေး စတင်တော့မယ်လို့ ယူဆလို့ ရပါတယ်။

Brie Larson ဟာ Captain Marvel 2 အတွက် ကိုယ်ကာယပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေပြုလုပ်နေတာကို သူမရဲ့ကိုယ်ပိုင် YouTube Channel မှာ ပြောပြသွားပါတယ်။ Brie Larson ရဲ့အဆိုအရ Captain Marvel 2 ဟာ ရိုက်ကူးဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။

သူမဟာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပြောပြလို့ မရပေမယ့်လည်း လေ့ကျင့်ရေးတွေ ပြုလုပ်ဖို့ အချိန်ကျပါပြီလို့တော့ ပြောသွားပါတယ်။ဒါကြောင့်ပဲ Larson ဟာ လအနည်းငယ်လောက် ကိုယ်ကာယပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေ ပြုလုပ်သွားရမှာ ဖြစ်ပြီး ရိုက်ကူးရေးကတော့ နွေဦးလောက်မှာ စတင်သွားမယ်လို့ ယူဆလို့ ရပါတယ်။ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ထပ်မဖြစ်လာဘူးဆိုရင်တော့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ရုံတင်ရက်အမီတော့ ရိုက်ကူးရေး ပြီးစီးသွားလောက်ပါတယ်။ ၂၀၂၀ နှစ်ကုန်သွားပြီး ၂၀၂၁ ခုနှစ်ကို ရောက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်အများစုဟာလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo: TheDirect

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။