Android စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းများသည် ယခင်စျေးနှုန်း ထက်များစွာပိုမိုမြင့်မားလာ

ဘယ်သူမဆို Android ၏စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းဟာ စျေးနှုန်းမြင့်မား လာတာကို တွေးကောင်းတွေးပါလိမ့်မယ်။ ဒါတွေဟာ သင်ကိုယ်တွေးထင်နေတာမဟုတ်ပါဘူး Android flagship စမတ်ဖုန်း၏စျေးနှုန်းတွေဟာ သိသိသာသာ မြင့်တက်လာတာကို တွေ့နိုင်ပါတယ်။

၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များအတွင်း Androidစွမ်းဆောင်ရည်မြင့်စမတ်ဖုန်းများ၏စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက စျေးနှုန်းမှာအတော်လေးမြင့်တက် လာတာကို သိသာထင်ရှားနေပါတယ်။ Samsung, Huawei, Xiaomi ကဲ့သို့သော စမတ်ဖုန်း Brand များသာမက OPPO နှင့် vivo အစရှိတဲ့ အမှတ်တံဆိပ်များလည်းသူတို့ရဲ့ စမတ်ဖုန်း စျေးနှုန်းများကို မြင့်တင်ရောင်းချလာကြတာဖြစ်ပါတယ်။

စျေးနှုန်းနှိုင်းယှဉ်ခြင်း (ယွမ် – ဇယားအရ)

 

 

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

Samsung Galaxy Note 10+ 5G သည် ၇,၉၉၉ ယွမ် (မြန်မာကျပ် ၁၇ သိန်း) ခန့်ရှိပြီး Samsung Galaxy Note 20 Ultra 5G တွင် ၉,၁၉၉ ယွမ် (မြန်မာကျပ်  ၁၉ သိန်းခန့်) မြင့်တက်ခဲ့ပါတယ်။

Huawei Mate 30 Pro (၆၂၉၉ ယွမ် (မြန်မာကျပ် ၁၃ သိန်း) ဖြင့်စျေးနှုန်းမှ Huawei Mate 40 Pro + တွင် ၈,၉၉၉ ယွမ် (မြန်မာကျပ် ၁၉ သိန်းခန့်) အထိမြင့်တက်ခဲ့ပါတယ်။

Xiaomi Mi 10 Ultra တွင် ၃,၆၉၉ ယွမ် (မြန်မာကျပ် ၈ သိန်းခန့်) ဖြင့်စျေးနှုန်းသတ်မှတ်ထားပြီး Xiaomi Mi 9 Pro 5G သည်ယွမ် ၅၂၉၉ (မြန်မာကျပ် ၁၁ သိန်း ခန့်) မြင့်တက်ခဲ့ပါတယ်။

OnePlus 7T Pro၊ ၄,၅၉၉ ယွမ် (မြန်မာကျပ် ၁၀ သိန်းခန့်) စျေးနှုန်းမှ OnePlus 8 Pro တွင် ၅,၃၉၉ ယွမ် (မြန်မာကျပ် ၁၁ သိန်း) ခန့်အထိမြင့်တက်လာတာတွေ့ရပါတယ်။

Apple သည် iPhone 11 Pro Max  မှ iPhone 12 Pro Max စျေးနှုန်းကိုလျှော့ချပေးသည့်တစ်ခုတည်းသောအမှတ်တံဆိပ်ဖြစ်ကြောင်းတွေ့ရပါတယ်။ သို့သော်လည်း ဒါတွေဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး Apple ဟာiPhone X ကိုမိတ်ဆက်ပေးကတည်းက စျေးနှုန်းမြင့်တင်ရောင်းချခဲ့ပြီး ရောင်းဖို့ပိုပြီးခက်ခဲ ခဲ့ပါတယ်။ သို့သော်ဒီနှစ်အားသာချက်မှာ 64GB မှ 128GB အထိစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးထားတာပါ။

ဒီနှစ်မှာတော့ Samsung က Galaxy S21 ကိုစျေးသက်သာစွာဖြင့်စတင်မိတ်ဆက်ခဲ့ပြီးမော်ဒယ်အားလုံးကဒေါ်လာ ၂၀၀ အထိလျော့ချ ပေးခဲ့ပါတယ်။ ဒါကစမတ်ဖုန်းရဲ့ထုတ်လုပ်သူများမှ သုံးစွဲသူများပိုမိုလွယ်ကူသက်သာစွာ ဝယ်ယူနိုင်စေရန်သူတို့၏စမတ်ဖုန်းစျေးနှုန်းကိုအနည်းငယ်လျှော့ချသင့်ကြောင်းကိုပြသတဲ့ကောင်းတဲ့လက္ခဏ တစ်ခုဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။