Alive Movie

အနောက်ပိုင်းနိုင်ငံတို့၏ Movie genre တစ်ခုဖြစ်တယ့် Zombie Culture ကို Korea နိုင်ငံမှ တုပကာ world wide ထုတ်လွှတ်ပြီး အောင်မြင်ခြင်းမှာ မယုံကြည်နိုင်စရာပါပဲ။။ Korea တွင် Zombie ရုပ်ရှင်များ၏ အောင်မြင်မှုသည် Train to Busan မှ အစပြုကာ Kingdom ခေတ်ဟောင်းတွင်တွေ့ရသည်။ ဇာတ်အိမ် တည်ထားသော Zombie ဇာတ်လမ်းတွဲများ အောင်မြင်လာခဲ့သည်။

Alive Movie

ယခု အခါတွင် Netflix မှ Alive ရုပ်ရှင်ကို ရိုက်ကူးထားပြီး Sep 8 တွင် ထုတ်လွှင့်ပြသနေပြီ ဖြစ်သည်။  Alive ကို Director Jo Il Hyeoung မှ ရိုက်ကူးထားပြီး 2018 တွင် ထုတ်လွှင့်ခဲ့သည်။  Burning မှ မင်းသား  Yoo Ah Jin မှ Main Actor အဖြစ် သရုပ်ဆောင်ထားသည်။ ထို့အပြင် Main Actress အဖြစ် Park Shin Hye ,မှ ပါဝင်လာခြင်းသည် ပုရိသတို့ အတွက် စွဲဆောင်မှု တစ်ရပ်ကို ဖြစ်စေသည်။  Shin Hye ၏ သရုပ်‌ဆောင်မှုသည် အုတ်အော်သောင်းနှင်း ဖြစ်နေသော အပြင်ပတ်ဝန်းကျင်သို့ မထွက်နိုင်ဘဲ မိမိ၏ အခန်းထဲ၌သာ ပတ်မိနေသော Gamer ကောင်လေး၏ ဇာတ်ရုပ်ကို ကြွတက်လာ‌စေခဲ့သည်။

ဇာတ်လမ်းအကျဉ်း

ဤ movie ၏ စိတ်ဝင်စားဖို့ကောင်းသော တစ်ချက်မှာ ဇာတ်လမ်းမှာ အခန်းထဲမှ Zombies တစ်သိုက်တို့ကြောင့်ဖြစ်သည်။   ပိတ်မိနေသော ကောင်လေးတစ်ယောက်မှ ဇာတ်အိမ်တည်ထားပြီး စားနပ်ရိက္ခာ တဖြည်းဖြည်း ပြတ်လပ်လာသည်။ Mobile Signal များပြတ်တောက်လာရာမှ စ၍ Internet Television တို့ထိ နောက်ဆုံးတွင် အပြင်လောကကြီးတွင် ဘာမှမရှိတော့သည် အထိ ပြောင်းလဲလာ စေခဲ့သည်။ ကျွန်တော်တို့၏ ဇာတ်ကောင်များသည် ရရာလက်နက် ပစ္စည်း တို့ဖြင့် အသက်ရှင်ရန် ကြိုးစားရမှဖြစ်သည်။

ဤဇာတ်လမ်းတွင် drone များကို အကျိုးသက်ရောက်စွာ အသုံးပြုထားသည် ကို တွေ့ရမှာဖြစ်သည်။ တစ်နေ့မှာ Joon Bin ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေ၍ တစ်ခုခု လုပ်မှရမည်ဟု ဆုံးဖြတ်ချက်ချကာ အပြင်ဘက်သို့ ထွက်ကြည့်စဉ် Zombies များထံမှ လွတ်မြောက်နေသေးသော မင်းသမီး ဖြစ်သည့်  Yoo Bin အား တစ်လမ်းကျော်တိုက်၌ တွေ့ မြင်လိုက်ရသည်။

အနောက်ပိုင်းနိုင်ငံတို့၏ Movie genre တစ်ခုဖြစ်တယ့် Zombie Culture ကို Korea နိုင်ငံမှ တုပကာ world wide ထုတ်လွှတ်ပြီး အောင်မြင်ခြင်းမှာ မယုံကြည်နိုင်စရာပါပဲ။။ Korea တွင် Zombie ရုပ်ရှင်များ၏ အောင်မြင်မှုသည် Train to Busan မှ အစပြုကာ Kingdom ခေတ်ဟောင်းတွင်တွေ့ရသည်။ ဇာတ်အိမ် တည်ထားသော Zombie ဇာတ်လမ်းတွဲများ အောင်မြင်လာခဲ့သည်။ ယခု အခါတွင် Netflix မှ Alive ရုပ်ရှင်ကို ရိုက်ကူးထားပြီး Sep 8 တွင် ထုတ်လွှင့်ပြသနေပြီ ဖြစ်သည်။

Alive ကို Director Jo Il Hyeoung မှ ရိုက်ကူးထားပြီး 2018 တွင် ထုတ်လွှင့်ခဲ့သည်။  Burning မှ မင်းသား  Yoo Ah Jin မှ Main Actor အဖြစ် သရုပ်ဆောင်ထားသည်။ ထို့အပြင် Main Actress အဖြစ် Park Shin Hye ,မှ ပါဝင်လာခြင်းသည် ပုရိသတို့ အတွက် စွဲဆောင်မှု တစ်ရပ်ကို ဖြစ်စေသည်။  Shin Hye ၏ သရုပ်‌ဆောင်မှုသည် အုတ်အော်သောင်းနှင်း ဖြစ်နေသော အပြင်ပတ်ဝန်းကျင်သို့ မထွက်နိုင်ဘဲ မိမိ၏ အခန်းထဲ၌သာ ပတ်မိနေသော Gamer ကောင်လေး၏ ဇာတ်ရုပ်ကို ကြွတက်လာ‌စေခဲ့သည်။

ဤအချိန်မှစ၍ ဇာတ်လမ်းသည် အခန်းတစ်ခန်းထဲ၌ ဇာတ်အိမ်တည်ထားရာမှ အပြင်ဘက်သို့ ထွက်ရန် အကြောင်း ဖန်လာခဲ့သည်။ ကျွန်တောိ၏ အမြင်ကိုပြောရရင် အခန်းငယ်ထဲမှ အပြင်သို့ထွက်ခြင်းက ဇာတ်ကြောင်း၏ ရှု့ထောင့်ကို ပြောင်းလဲသွားစေသည်။ ထို့ပြင် အပြင်တွင် Zombies များနှင့် တိုက်ခိုက်ရခြင်းများ ပါဝင်လာသည့် အတွက် action genre သို့ကူးပြောင်းသွားသည်။

ဇာတ်လမ်း အစတွင် Joon Woo သည် သူ၏ မိဘ ၊ ညီမတို့ဖြင့် အတူနေကာ video game live streaming လုပ်နေခြင်းနဲ့သာ အချိန်ကုန်ဆုံးနေခဲ့သည်။ တစ်ရက်မှာ သူ၏ မိသားစုသည် အပြင်ထွက်နေချိန် ထူးဆန်းသည့် ရောဂါပိုးတစ်ခု ပြန့်ကာ လူအချင်းချင်း ကိုက်သတ်ဖျက်နေမှုများ ဖြစ်ခဲ့သည်။  အစိုးရသည်လည်း မထိန်းချုပ်နိုင်တော့သည့် အခြေအနေသို့‌ ရောက်ရှိခဲ့သည်။ ဝရံတာမှ ကြည့်နေသော Joon Woo သည် ထိုမြင်ကွင်းကို တွေ့ရသောအခါ အိမ်တံခါး lock ချကာ နေခဲ့သည်။

သူ၏ မိသားစု ထံမှ အန္တရာယ် ကင်းကြောင်း message များရရှိနေသေးသည်။ social media ပေါ်ထံ အကူအညီ တောင်းခံသည့် post တင်ခဲ့သော်လည်း အကူအညီ ရောက်လာခြင်း မရှိပေ။ တဖြည်းဖြည်းနဲ့ ရောဂါကူးစက်သည့် လူဦးရေ များပြားလာခဲ့ပြီး ရေမီး စားနပ်ရိက္ခာ ပြတ်တောက် လာခဲ့သည်။ Joon Woo သည် သူ့ကိုယ်သူ သေကြောင်းကြံမို့ ကြိုးစားနေစဉ် laser pointer လာထိုးနေသည်ကို တွေပြီး အသက်ရှင် ကျန်ရစ်သော Yoo bin နှင့်တွေ့ဆုံ ခဲ့သည်။

ဇာတ်ကြောင်းသည် Zombies များနှင့် ဖြစ်သောကြောင့် ဇာတ်လမ်းတွင် loopholes များရှိနေလည်း နားလည်ပေးရလွယ်ပြီး အရမ်း ရှုပ်ထွေးနေခြင်းများ မရှိပေ။ ကြည့်ရှုသူများ အတွက် အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး နှင့် ရီစရာ scene များပါရှိပြီး survival scenes များကို ရင်ခုန်စွာ ကြည့်ရှု ရမည် ဖြစ်သည်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။