50W charging ပါ  Realme V15 5G ဖုန်းသစ်

Realme ရဲ့ ယခုနှစ်အတွက် ပထမဆုံးဖုန်းဖြစ်တဲ့ Realme V15 5G ကို ဖြန့်ချီလိုက်ပါတယ်။ ဒီဇိုင်းအနေနဲ့ Realme V15 5G ဟာ သိပ်ထူးထူးခြားခြား ဆန်းသစ်လာတာ မရှိပေမယ့် ကာလာအတွဲအစပ်တွေ နဲ့ ကျောဘက် panel ဒီဇိုင်းက ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ကျောဘက် panel ဟာ ထောင့်အမျိုးမျိုးကနေ အလင်းပြန်အောင် double-texture double-plating process နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ ရှေ့AMOLED display ကို Samsung က ထုတ်ပေးထားပြီး fingerprint ကိုလည်း ဖုန်း screen အောက်မှာ မြှပ်ထားတာပါ။

Screen အပေါ်ဘယ်ဘက်ထောင့်မှာရှိတဲ့ punch-hole ကင်မရာပေါက်ထဲမှာ 16MP selfie ကင်မရာပါရှိပါတယ်။ Screen size ၆.၄ လက်မရှိပြီး FHD+ resolution ၊ 180Hz touch sampling rate နဲ့ အမြင့်ဆုံးတောက်ပမှုအဆင့် 600nits အထိ ပံ့ပိုးပေးထားပါတယ်။ 5G ဖုန်းတစ်လုံးဖြစ်ပြီး processor အနေနဲ့ Dimensity 800U SoC သုံးထားပါတယ်။ ဖုန်းအပူကို လျှော့ချဖို့အတွက် Copper tube တစ်ခုလည်း ဖုန်းထဲမှာ ထည့်ထားပါတယ်။

Realme ရဲ့ ယခုနှစ်အတွက် ပထမဆုံးဖုန်းဖြစ်တဲ့ Realme V15 5G ကို ဖြန့်ချီလိုက်ပါတယ်။

onboard storage 128GB ပါရှိပြီး RAM 6GB/8GB နှစ်မျိုးနဲ့လာပါတယ်။ လက်ရှိသုံးထားတဲ့ OS ဟာ Android 10 ကို အခြေခံထားတဲ့ RealmeUI 1 ဖြစ်ပါတယ်။ မကြာခင်မှာ Android 11 ကို အခြေခံထားတဲ့ Realme UI 2.0 တင်ပေးသွားမယ်လို့ ဆိုပါတယ်။

USB-C port ကနေ အားသွင်းနိုင်မယ့် 4310mAh ဘက်ထရီပါဝါ သုံးထားပြီး 50W fast charging နည်းပညာပံ့ပိုးထားပါတယ်။ ဖုန်းနဲ့အတူ ဘူးထဲမှာ 65W power adapter နဲ့ USB-C ကနေ 3.5mm headphone jack adapter တစ်ခုလည်း ထည့်ထားပါတယ်။

ကင်မရာပိုင်းမှာ 64MP primary sensor နဲ့အတူ 8MP ultrawide နဲ့ 2MP macro lens ဆိုပြီး ကင်မရာ သုံးလုံး ပါရှိပါတယ်။ ရှေ့နဲ့ နောက်ကင်မရာတွေဟာ Super Night Mode နဲ့လာပြီး AI Beauty ၊ Portrait Mode ၊ Movie Mode နဲ့ UIS Max video recording နည်းပညာတွေ ပံ့ပိုးထားပါတယ်။

5G ဖုန်းတစ်လုံးဖြစ်ပြီး SA/NSA ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးနိုင်တဲ့ dual-mode 5G နဲ့ လာပါတယ်။ Realme V15 5G ဟာ Crescent Silver ၊ Mirror Lake Blue နဲ့ လိမ္မော်ရောင်ပြေးကာလာစပ် Koi ဆိုပြီး အရောင် ၃ မျိုးနဲ့ ထွက်ထားပါတယ်။

အခြေခံမော်ဒယ် RAM 6GB/128GB storage ဗားရှင်းကို ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။

Source: Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။