မြန်မာငွေ ၁ သိန်းခွဲအောက်တန် Realme C20

တန်ဖိုးနည်း C lineup ထုတ်ကုန်သစ်ဖြစ်တဲ့ Realme C20 ကို ဗီယက်နမ်ဈေးကွက်မှာ ပထမဆုံး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။Realme C20 ဟာ ၆.၅ လက်မ LCD display နဲ့လာတဲ့ ဘက်ဂျက်ဖုန်း ဖြစ်ပြီး screen resolution အနေနဲ့ HD+ ရုပ်ထွက်ပါရှိမှာပါ။ ရှေ့ screen ဟာ waterdrop notch ဒီဇိုင်းသုံးထားပြီး တန်ဖိုးနည်းသုံးပျော် ဖက်ရှင်နဲ့လာတာ ဖြစ်ပါတယ်။ အနက်ရောင်နဲ့ အပြာရောင် ကာလာနှစ်မျိုးနဲ့ ထွက်ထားပြီး ကျောဘက် ကင်မရာ အိမ်ကနေ ထောင်လိုက်အစင်းတစ်ခု ပါရှိပြီး အောက်ခြေနားမှာ Realme logo ထည့်ပေးထားပါတယ်။

waterdrop notch ထဲမှာ 5MP selfie ကင်မရာ သုံးထားပြီး ကျောဘက်စတုရန်းပုံ ကင်မရာအိမ်ထဲမှာလည်း 8MP Single lens ကိုပဲ LED flash တစ်ခုနဲ့အတူ ထည့်ပေး ထားတာ ဖြစ်ပါတယ်။ ဖုန်းအောက်ခြေမှာ 3.5mm headphone jack နဲ့ ကျောဘက်မှာ စပီကာ ပါရှိပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး microUSB port နဲ့ပဲ အားသွင်း နိုင်မှာပါ။ entry level ဖုန်းဖြစ်တဲ့အတိုင်း Android 10 OS ကို အခြေခံထားတဲ့ Realme UI ပဲ သုံးထားပါတယ်။

တန်ဖိုးနည်း C lineup ထုတ်ကုန်သစ်ဖြစ်တဲ့ Realme C20 ကို ဗီယက်နမ်ဈေးကွက်မှာ ပထမဆုံး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

processor အနေနဲ့ MediaTek Helio G35 SoC ဖြစ်ပြီး RAM 2GB /32GB storage ပါရှိပါတယ်။ storage ကို ထပ်တိုးနိုင်ဖို့ microSD card တစ်ခုလည်း ထည့်ပေးထားပြီး 256GB အထိ တိုးနိုင်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်ဈေးကွက်မှာ ဒေါင် ၂၄၉၀၀၀၁   မြန်မာငွေ ၁ သိန်း ၄ သောင်းကျော်ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ် တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။