48MP Quad Cameras နဲ့ မြန်မာငွေ ၂ သိန်းခွဲတန် Coolpad ဖုန်း

၂ သိန်းခွဲတန် Coolpad ဖုန်း

တန်ဖိုးနည်းဖုန်းအမှတ်တံဆိပ်တစ်မျိုး ဖြစ်တဲ့ Coolpad ကနေ Dual-Glass ဒီဇိုင်းသုံး ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။ Coolpad ကနေ အသစ်ထွက်လာတဲ့ Cool S ဟာ ခေတ်မီ punch-hole display သုံးထားပြီး ကျောဘက်မှာ လေးလုံးတွဲကင်မရာကင်မရာစနစ် ပါရှိပါတယ်။screen size အနေနဲ့ ၆.၅၃ လက်မ ရှိပြီး FHD+ LCD display နဲ့ လာတာပါ။

ဖုန်းရဲ့ ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်ထားပြီး အနက် ၊ အပြာနဲ့ အဖြူရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပါတယ်။ ထူးခြားတာက ရှေ့ရောနောက်ပါ မှန်သုံးထားလို့ ဒီဇိုင်းပိုကြွပြီး သားနားတယ်လို့ ခံစားရမှာပါ။ ဘက်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Helio P60 chipset နဲ့ပဲ လာပါတယ်။

တန်ဖိုးနည်းဖုန်းအမှတ်တံဆိပ်တစ်မျိုး ဖြစ်တဲ့ Coolpad ကနေ Dual-Glass ဒီဇိုင်းသုံး ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။

Coolpad Cool S ရဲ့ punch-hole ပေါက်ထဲမှာ 25MP selfie ကင်မရာသုံးထားပြီး နောက်ဘက်ကင်မရာအိမ်ကတော့ ထောင်လိုက်စတုဂံကင်မရာဒီဇိုင်းဖြစ်ပါတယ်။ စတုဂံပုံ ကင်မရာကွက်ထဲမှာ 48MP selfie ကင်မရာ ၊ 8MP ultrawide module ၊ 5MP macro ကင်မရာနဲ့ နောက်ထပ် Depth sensor တစ်ခု ပါရှိပါတယ်။

ဒီဖုန်းမှာ 3.5mm နားကြပ်ပေါက်တစ်ခုလည်း ပါရှိပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဖြစ်ပြီး USB Type C port ကနေ အားသွင်းနိုင်မှာပါ။ RAM 4GB/128GB အတွဲက တန်ဖိုးနည်းဖုန်းဆိုပေမယ့် mid-ranger ပိုဆန်စေတဲ့ အချက် ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 10 ကို သုံးထားပါတယ်။ နီပေါ ဈေးကွက်ထဲ ဝင်ထားတာ ဖြစ်ပြီး နီပေါရူပီး ၂၂၅၉၅ (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Source : techsathi

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။